လွန်ခဲ့တဲ့ ငါးနှစ်တိတိက အစိုးရသစ်ကို တာဝန်လွှဲပြောင်းဖို့ ပြင်ဆင်နေချိန်မှာ တာဝန်လွှဲပြောင်းဖို့အတွက် ဘာတွေပြင်ဆင်ထားပြီလဲ၊ အနာဂတ်မှာဘာဆက်လုပ်မလဲ ၊ လုပ်ဖော်ကိုင်ဘက် ပြန်ကြားရေးဝန်ထမ်းတွေအတွက် ဘယ်လိုခံစားရလဲ လူပြောများတဲ့ သမ္မတလယ်တော်ဆိုတာ ဧက ငါးရာမဟုတ်ကြောင်းနဲ့ ဦးသိန်းစိန် ကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ ဧက သုံးဆယ်ကျော်သာရှိတဲ့အကြောင်း၊ ကျွန်တာ် ဖေ့စ်ဘွတ်သုံးရတဲ့ အကြောင်း တပ်မတော်အစိုးရလက်ထက်မှာ ကျွန်တော်သဘောမကျခဲ့တဲ့ ပြန်ကြားရေး မူဝါဒတစ်ခုအကြောင်း နေပြည်တော်က ကျွန်တော့်နေအိမ်ကိုလည်း ပြခဲ့သလို ရုံးခန်းထဲက ကိုယ်ပိုင်စာအုပ်များနဲ့ အမှတ်တရ ပစ္စည်းများအကြောင်း စသည် စသည်ဖြင့် အားလုံးကို ပွင့်ပွင့်လင်းလင်းရှင်းပြခဲ့တယ်။
Tag Archives: Transition2016
၂၀၁၆ အလွှဲအပြောင်း (၁၁ )
မတ်လ ၃၀ ရက်နေ့ မှာတော့ အစိုးရအဖွဲ့ဝင်အဟောင်းတွေက သမ္မတအိမ်တော်မှာ ကြိုရောက်နေကြတယ်။ သမ္မတဦးသိန်းစိန်လည်း ရောက်လာပါတယ်။ သမ္မတ သစ်နဲ့ ဝန်ကြီးအသစ်တွေကတော့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုတဲ့အခမ်းအနား နဲ့ သမ္မတမိန့်ခွန်းနာခံတဲ့ အခမ်းအနားတက်ရောက်နေကြတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးထင်ကျော် မိန့်ခွန်းစပြောပြီဆိုတဲ့အချိန်မှာ အစိုးရဟောင်းအဖွဲ့ဝင် တွေ သံတမန်ဆောင်မှာနေရာယူတယ်။ ကျွန်တော်လည်း ပါတယ်။ ဒါပေမယ့် အရင်လို သတင်း မီဒီယာတွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့မလိုတော့ဘူး။ သတ်မှတ်ထားတဲ့ထိုင်ခုံမှာ နေရာယူ ဖို့ ပဲရှိတယ်။ ပြည်ထောင်စုလွှတ်တော်မှာအခမ်းအနားပြီးတော့ အစိုးရသစ်ဝန်ကြီးတွေ ရောက်လာတယ်။ ဒေါ် အောင်ဆန်းစုကြည်လည်း ရောက်လာတယ်။ သတ်မှတ်ထိုင်ခုံတွေမှာနေရာယူတယ်။ ဦးကျော် တင့်ဆွေ နဲ့ ဦးဝင်းထိန်တို့လည်းရောက်လာတယ်။ သူတို့က အခမ်းအနားတက်ဖို့ မဟုတ်ဘူး။ အခမ်းအနားပြီးလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိမ်တော် အဆောင်တွေကို လိုက်လံ စစ်ဆေးချိန်မှာContinue reading “၂၀၁၆ အလွှဲအပြောင်း (၁၁ )”
၂၀၁၆ အလွှဲအပြောင်း (၁၀ )
သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြည် ထောင်စုအစိုးရအဖွဲ့ကလျာထားတဲ့ စီမံကိန်း ၆၈ ခုကိုလည်း နောက်အစိုးရက စဉ်းစား ဆောင် ရွက်နိုင်ဖို့ ဆိုင်းငံ့ထားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ လိုက်နာရမယ့် တာဝန်လွှဲပြောင်းခြင်းဆိုင်ရာညွှန်ကြားချက် တွေထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် အဲဒီညွှန်ကြားချက်တွေကို လက်အောက်က အပြည့်အ၀ လိုက် နာသလားလို့ ကျွန်တော့်ကိုမေးရင်တော့ အာမမခံနိုင်ဘူးလို့ပဲဖြေရမှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ၁။ ဝန်ကြီးဌာနတွေက ဆောင်ရွက်ဆဲ လုပ်ငန်းများဆိုတာကို လိုသလို အနက်ဖွင့်ကြတယ်။ အဆိုပြုတဲ့ အဆင့်ပဲရှိတဲ့ကိစ္စမျိုးကို ရပ်ထားသင့်ပေမယ့် ဆက်လုပ်ဖို့ ကြိုးစားတဲ့အတွက် အစိုးရ အဖွဲ့ရုံးက တားခဲ့ရတဲ့ဖြစ်စဉ်တွေရှိတယ်။ ဒါပေမယ့် လွတ်ထွက်သွားတာ လည်း ရှိနိုင် တယ်။ ၂။ ဝန်ကြီးဌာနလုပ်ပိုင်ခွင့်ထဲမှာ ရှိတဲ့ကိစ္စမျိုးဆိုရင် အစိုးရအဖွဲ့ကို တင်ပြဖို့မလိုတဲ့အတွက် သမ္မတ လည်းမသိနိုင်ဘူး။ တစ်ချို့ဌာနတွေက အဆောက်အဦ၊မြေContinue reading “၂၀၁၆ အလွှဲအပြောင်း (၁၀ )”
၂၀၁၆ အလွှဲအပြောင်း (၉ )
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်အစည်းအဝေးတွေစတင်ချိန်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီအစိုးရ ( နယက) က တာဝန်ယူဆဲ ဖြစ်ပြီး သမ္မတ သစ်နဲ့ အစိုးရအဖွဲ့ကတိသစ္စာပြုတဲ့ မတ်လ ၃၀ ရက်နေ့ကျမှ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းကြောင်း ဗိုလ်ချုပ် မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးများကို နယက အစိုးရလက်ထက်မှာကျင်းပခဲ့ရတာဖြစ်ပါတယ်။ အဲဒီလွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ကော်မတီတွေ ဖွဲ့စည်းခြင်း၊ သမ္မတနဲ့ ဒုသမ္မတ များရွေးချယ်ခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအဆင့် ရာထူး တွေကို အတည်ပြုခြင်းတွေလုပ်သလို အစိုးရကို တိုက်တွန်းတဲ့အဆိုတင်သွင်းတာ၊ အစိုးရကို မေးခွန်းမေးတာတွေလည်းလုပ် တယ်။ နယကအစိုးရဝန်ကြီးလည်းဖြစ် လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်နေသူတွေContinue reading “၂၀၁၆ အလွှဲအပြောင်း (၉ )”
၂၀၁၆ အလွှဲအပြောင်း (၈)
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အင်န်အယ်လ်ဒီ အဆိုပြုချက်အကျဉ်းချုပ်က အောက်ပါ အတိုင်းဖြစ်ပါတယ် ၁။ သမ္မတသစ်နဲ့ လက်ရှိသမ္မတ သမ္မတအိမ်တော်မှာတွေ့ဆုံခြင်း။၂။ သမ္မတနှစ်ဦး လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံခြင်း။ သမ္မတအိမ်တော်အကြောင်းရှင်းပြခြင်း။၃။ သမ္မတနှစ်ဦး ပြည်ထောင်စုလွှတ်တော်သို့ထွက်ခွာခြင်း။၄။ သမ္မတသစ် ကတိသစ္စာပြုအခမ်းအနားပြုလုပ်ခြင်း။၅။ သမ္မတဟောင်း ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်ထွက်ခွာခြင်း။၆။ မတ် ၃၀ ရက်နေ့ တွင် အင်န်အယ်လ်ဒီအစီအစဉ်ဖြင့် ညစာစားပွဲပြုလုပ်ခြင်း။ အင်န်အယ်လ်ဒီဘက်က အဆိုပြုချက်မှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောတူ ထားတဲ့ သမ္မတနှစ်ဦး တာဝန်လွှဲပြောင်းခြင်းနဲ့ပတ်သက်တဲ့ အခမ်းအနားအစီအစဉ်မပါတော့ဘူး။ ကျွန်တော်တို့ကတော့ အခု အဆိုပြု ချက်ဟာ ကျွန်တော်တို့ဘက်က အဆိုပြုချက်ထဲမှာ သူတို့ လက်မခံနိုင် တာတွေပါနေလို့ ဆွေးနွေးပွဲတွေထုံးစံအရ ဈေးဆစ်တဲ့အနေနဲ့ အနိမ့်ဆုံး အချက်တွေကို ပြန်အဆိုပြုတာလို့သုံးသပ်လိုက်တယ်။ ဒါ့ကြောင့် အန်အယ်လ်ဒီဘက်က ဘာတွေလက်မခံနိုင်တာလဲဆိုတာသိဖို့ကြိုးစားတယ်။ တစ်ဖက်Continue reading “၂၀၁၆ အလွှဲအပြောင်း (၈)”
၂၀၁၆ အလွှဲအပြောင်း (၇)
ဦးဝင်းထိန်တို့ဘက်က နှစ်ဘက်အဖွဲ့ကြား ဆွေးနွေးမှုမစတင်ခင်မှာပဲ ဝန်ကြီးဌာန တွေ ပြန်လည်ပြင်ဆင်ဖွဲ့ စည်းရေးအတွက် ကြိုတင်လေ့လာဖို့ အမြဲတမ်း အတွင်းဝန်တွေကို I 12 ခေါ်ပြီး ဝန်ကြီးဌာနအကြောင်းမေးချင်တယ်၊ ဝန်ကြီးရုံး တွေကို သွားကြည့်ချင်တယ် လို့ အကြောင်းကြားလာပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနတွေအကြောင်းရှင်းပြတဲ့အခါ ဝန်ကြီး၊ ဒုဝန်ကြီးတွေပဲ သိသင့်တဲ့အချက် အလက်တွေရှိတယ်။ အခု အစိုးရသစ်ဝန်ကြီးတွေကို ရွေးချယ်ခန့်ထားခြင်းမပြုရသေးတဲ့အတွက် အခြားပုဂ္ဂိုလ်တွေကို ရှင်းပြလို့မဖြစ်နိုင်ဘူး။ နောက် တစ်ချက်က လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးတွေရှိနေချိန်မှာ ဝန်ကြီးဌာနတွေကို သွားကြည့် မယ်ဆိုတာကလည်း အစဉ်အလာမရှိတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒ့ါကြောင့် ကျွန်တော်တို့ဘက်က လောလောဆယ်ဆယ် လေ့လာနိုင်ဖို့ ဝန်ကြီးဌာန တစ်ခုချင်းရဲ့ဖွဲ့စည်းပုံ၊ လုပ်ငန်း တာဝန်၊ ဘတ်ဂျက် စသည်ဖြင့်လိုအပ်တဲ့ အချက်အလက်တွေ ပေးထားမယ်၊ ပြည် ထောင်စုလွှတ်တော်က ဝန်ကြီးအသစ်တွေ အတည်ပြုပြီးတဲ့အချိန်မှာContinue reading “၂၀၁၆ အလွှဲအပြောင်း (၇)”
၂၀၁၆ အလွှဲအပြောင်း (၆)
အစိုးရသစ်နှစ်ခု တာဝန်လွှဲဖို့ပြင်ဆင်တဲ့အခါ ဝန်ကြီးအသစ်/အဟောင်းဘယ်လိုတာဝန်လွှဲမ လဲ ဆိုတာကို လည်း ကျွန်တော်တို့ဘက်က ကြိုတင်လေ့လာခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက ၁၉ ၄၈ – ၁၉ ၆၂ အထိ ဗြိတိသ ျှပုံစံကို အခြေခံတဲ့ ပါလီ်မန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ၂၀၁၁ ခုနှစ်က စပြီး အမေရိကန်ပုံစံ ကို အခြေခံတဲ့ သမ္မတ ဦးဆောင်တဲ့ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံး နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ကိုယ့်နိုင်ငံရဲ့ အစဉ်အလာကို လေ့လာသလို ဗြိတိသ ျှ နဲ့ အမေရိကန် တာဝန်လွှဲပြောင်းမှုပုံစံနှစ်ခုကိုလည်း အဓိက ထား လေ့လာခဲ့တယ်။ ဗြိတိသ ျှ စနစ်ကတော့ ရှင်းတယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ အစိုးရဟောင်းရော၊ လွှတ် တော်အဟောင်းပါ အလိုလို သက်တမ်းContinue reading “၂၀၁၆ အလွှဲအပြောင်း (၆)”
၂၀၁၆ အလွှဲအပြောင်း (၅)
ဒီဇင်ဘာလ ၂၂ ပထမအကြိမ်စတင်တွေ့တဲ့အချိန်မှာတော့ နှစ်ဘက်လုံးမှာ ပြောဆိုဆွေးနွေးလို့ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရှိတယ်လို့ခံစားမိတယ်။ တွေ့တဲ့အခင်းအကျင်းကလည်း ထိုင်ခုံကြီးတွေမျက်နှာချင်းဆိုင်ချထားတော့ နွေးနွေးထွေးထွေးလည်း မရှိလှဘူး။ ( နောက် ဆွေးနွေးပွဲတွေမှာတော့ အစည်းအဝေးစားပွဲရှည်မှာမျက်နှာချင်းဆိုင်ထိုင်ဆွေးနွေးကြပါ တယ်။ ) ဒါပေမယ့် ဝန်ကြီး ဦးလှထွန်းက မိတ်ဆက်စကားပြောပြီးလို့ ဦးဝင်းထိန် ဘက်က ပြန်ပြောတဲ့ အချိန်မှာပဲ ကျွန်တော်တို့အဖွဲ့မှာ ဝန်ကြီးဦးလှထွန်းနဲ့ ညွှန်ချုပ် ဦးလှထွန်း နှစ်ယောက်ပါနေ တာဟာ ရည်ရွယ်ချက်ရှိရှိ၊ ယတြာလုပ်ထားတယ်လို့ထင်ကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ သူ အဖေ နာမည်ကလည်း ဦးလှထွန်းဖြစ်ကြောင်း အရွှန်းဖောက်ပြီး ပြောတဲ့အတွက် အားလုံး ရယ်မောပြီး ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ဖွဲ့ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ ကြားမှာ ငါးကြိမ် တွေ့ ဆုံခဲ့ကြပါတယ်။Continue reading “၂၀၁၆ အလွှဲအပြောင်း (၅)”
၂၀၁၆ အလွှဲအပြောင်း (၄)
၂၀၁၅ ဒီဇင္ဘာ ၈ ရက်နေ့ ညနေ လေးနာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ I 12 ကသူ့ ရုံးခန်းမှာ တွေ့တော့ ဦးဝင်းမြင့်လည်းရှိနေတယ်။ ဒေါ်အောင်ဆန်းစု ကြည်က အစိုးရဘက်က တာဝန် လွှဲပြောင်းရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို မေးပါ တယ်။ တာဝန်လွှဲပြောင်း ရေးအဖွဲ့အတွက် သူ့ဘက်ကတော့ ဦးဝင်းထိန်၊ ဒေါက်တာအောင်သူ နဲ့ ဒေါက်တာမျိုးအောင် တို့ ကို တာဝန်ပေး မယ်လို့ပြောတယ်။ ကျွန်တော်ကတော့ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကျွန်တော်၊ သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဒုညွှန်ချုပ် ဦးမောင်မောင်အုန်း နဲ့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး တို့ ပါမယ်လို့ တင်ပြခဲ့တယ်။ အဖွဲ့နာမည်ပေးဖို့ကျတော့ နှစ်ဘက်မတူပြန်ဘူး။ သမ္မတ ဦးသိန်းစိန်က “နိုင်ငံတော်Continue reading “၂၀၁၆ အလွှဲအပြောင်း (၄)”
၂၀၁၆ အလွှဲအပြောင်း (၃)
သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံနိုင်မယ့် ရက်သက်မှတ်နိုင်ဖို့ စဉ်းစားတဲ့ အခါ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမယ့်ရက်ကလည်း အကြောင်းတစ်ချက်ဖြစ် နေပါတယ်။ ဦးသိန်းစိန်က မလေးရှား နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ဖို့အတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ နေပြည်တော်ကနေ ထွက်ခွာရမယ်။ ဒေါ်အောင်ဆန်းစုကြည်က တစ်ပတ် အတွင်း တွေ့ဖို့တောင်းဆိုထားတော့ သူတောင်းဆိုလို့ လုပ်ရတယ်ဆိုတဲ့ အမြင်မရှိ စေချင်ဘူးဆိုရင် အာဆီယံ အစည်းအဝေးက ပြန်လာမှပဲတွေ့ဖို့ စီစဉ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံ အစည်းအဝေးပြီးမှ တွေ့နိုင်မယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို အသိမပေးနိုင်ခဲ့တဲ့အတွက် အင်န် အယ်လ်ဒီဘက်ကလည်း အစိုးရက အချိန်ဆွဲနေတယ်လို့ ယူဆနေခဲ့တယ်။ အဲဒီယူဆချက် က မီဒီယာတွေရဲ့ မေးခွန်းတွေမှာထင်ဟပ်နေခဲ့ပြီး သူတို့ မေးသမ ျှ ဒိုင်ခံဖြေနေရတဲ့ ကျွန်တော့်အတွက်လည်း အတော် အကျပ်အတည်းဖြစ်ခဲ့ရတယ်။Continue reading “၂၀၁၆ အလွှဲအပြောင်း (၃)”