ပြီးခဲ့တဲ့ ဇွန် ၂၃ ၊ ၂၄ ရက်နေ့ ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝဂ္ဂနာတပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အရေးအခင်း အပြီးမှာ ဝဂ္ဂနာတပ်ဖွဲ့ နဲ့ သူတို့ခေါင်းဆောင်အကြောင်းကို ခြေရာကောက် ကြည့်ခဲ့ပါတယ်။ ဝဂ္ဂနာ တပ်ဖွဲ့ ဆိုတာ PMC Wagner ကုမ္ပဏီကို ရည်ညွှန်းပြီးပြောတာဖြစ်ပါတယ်။ ရုရှားလို အသံထွက်အမှန်က ဗဂ္ဂနာ Vagner လို့ ဆိုပါတယ်။ PMC ဆိုတာက private military company ပုဂ္ဂလိကစစ်ဘက်ရေးရာကုမ္ပဏီ ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီမျိုးက ရုရှားမှာတင်ရှိတာမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရှိပြီး အစိုးရက တရား၀င်ငှားရမ်းသုံးတာရှိသလို ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတစ်ဦးချင်း တွေ အတွက်လုံခြုံရေးလုပ်ပေးတာ၊ လုံခြုံရေးဆိုင်ရာအကြံပေးတာ၊ တချို့နိုင်ငံအစိုးရတွေအတွက် လုံခြုံရေး သင်တန်းပေးတာတွေ လုပ်တယ်။ အီရတ်နဲ့Continue reading “ဝဂ္ဂနာ နဲ့ ပရီဂေါဇင်”