ပွဲကြိုက်သူများနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး

ဝူဟန် ဗိုင်းရပ်စ် လို့ သိကြတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID -19 ကို ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့တယ် ။ ဒီအမိန့်ကို “ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေး ဥပဒေ” က ပေးထားတဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီအမိန့်နဲ့အတူ အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေ ကျင်းပရမယ့် လူစု လူဝေး နဲ့ ပွဲလမ်းသဘင်များကို ပဲ ကျင်းပဖို့ ပန်ကြားချက်တစ်စောင်လည်းထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးမှာ “ အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေ ကျင်းပရမယ်” ဆိုတဲ့ စကားရပ်အပေါ်နားလည်မှုအမျိုးမျိုးရှိနေတာကိုအခုလို တွေ့ရ ပါတယ်။ ၁။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းတွင်းသင်္ကြန်မလုပ်တော့ဘူး။ ပုံ ၁၂။Continue reading “ပွဲကြိုက်သူများနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး”

တပ်မတော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးချက်ကို အလေး ထားပြီး တပ်မတော်နေ့ အခမ်းအနားကို တောင် ဆိုင်းငံထားခဲ့တယ်။ ဒါပေမယ့် တာဝန်ရှိပေမယ့် တာဝန်မသိတတ်တော့ ဗိုင်းရပ်စ်ကို မမြင်၊ ငွေကြေးတို့၊ (ကံစမ်း) မဲ တို့ပဲ မြင်ပြီး လူစုနေ တဲ့ သူတွေကလည်း ရှိတုန်း။ တပ်မတော်အနေဖြင့် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားနှင့်ပတ်သက်၍ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် WHO နှင့် နိုင်ငံတကာမှ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်ရန် လျာထားကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။( သတင်းထုတ်ပြန်ချက်မှ ကောက်နှုတ်ချက်)

မြန်မာက ပထမ တဲ့လား

ကိုရိုနာဗိုင်းရပ်စ် ဒါမှမဟုတ် ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ရင် နိုင်ငံတော်အစိုးရရဲ့ထုတ်ပြန်ချက်တွေ၊ နိုင်ငံတော်အကြီးအကဲတွေ နဲ့ ပြည်ထောင်စုဝန်ကြီးများရဲ့ ပြောကြားချက်တွေကို အလေးထား လေ့လာမှတ်သားခဲ့တယ်။အဲဒီလို မှတ်သားတဲ့အခါ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ လှိုင်းဘွဲ့မြို့နယ်၊ အောင်ဆန်းခန်းမ ဒေသခံပြည်သူများနှင့် တွေ့ဆုံချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု လို ပြောကြားခဲ့တာကိုဖတ်ရတယ်။“ ဝူဟန်မှာရှိနေတဲ့ ကျွန်မတို့ရဲ့ လူငယ်နိုင်ငံသား တွေကို ပြန်ပြီးခေါ်တဲ့ အထဲမှာ ကျွန်မတို့က ပထမဦးဆုံးပါ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံသားတွေကို တတ်နိုင်သမျှစောင့်ရှောက်မယ်ဆိုပြီး ပထမဦးဆုံး စီစဉ်ပြီး ပြန်ခေါ်တဲ့နိုင်ငံ ဖြစ်ပါတယ်။”ဒီစာသားက အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဖေ့စ်ဘွတ်စာမျက်နှာမှာ အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာ နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ပုံ ၁ နဲ့ ၂ဖေဖော်ဝါရီလ ၂၆Continue reading “မြန်မာက ပထမ တဲ့လား”

စိတ်မပူကြနဲ့

ပြန်ကြားရေးဝန်ကြီးဌာန က ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်သူတွေ စိတ်မပူအောင် အသိပညာပေးတဲ့ ဆောင်းပါး “ ကိုရိုနာ ဗိုင်းရပ်စ် ၂၁ ရာစု အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ရောဂါတွေလောက် ကြောက်စရာမကောင်းသေး” ( မြန်မာ့အလင်းသတင်းစာမှ )

အားတက်ဖို့

ဝူဟန် ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ မြင့်ထွေး ၏ အားတက်စရာ မှတ်ချက်များ၁။ ရောဂါ ရှာဖွေစစ်ဆေးရာ၌ အခြားနိုင်ငံများထက် သေချာအောင် ဆောင်ရွက်ထား၂။ ကုသမှုအပိုင်းမှာ လုပ်ထားတာ ပျံနေတာပဲ။၃။ ဖြစ်လို့ရှိရင် ကျွန်တော်တို့ ကုလို့မရဘူး၊ ထိုင်းနိုင်ငံပို့မယ်။ ထိုင်းက ပိုက်ဆံတစ်ပြားမှမယူဘူး။၄။ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်လာပါက သေမည် ရှင်မည်ကို ဝေခွဲမရဖြစ်နေ ။

ကိုယ့်ပြည်သူတွေ ယုံကြည်မှုရှိအောင်ပြောတာလည်း ပြောသင့်ပါတယ် ဒါပေမယ့် စင်္ကာပူ ၊ ထိုင်း ၊ ဂျပန် ၊အမေရိကန် တို့ ထိုင်ငိုသွားလောက်အောင်တော့လည်း မပြော သင့်ပါဘူး။ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားသူ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တစ်ဦးမျှ မတွေ့ရှိသေးသော်လည်း ရောဂါရှာဖွေ စစ်ဆေးရာ၌ အခြားနိုင်ငံများထက်ပင် သေချာစွာ ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။xxxx “ဝေဖန်တဲ့သူကို ကျွန်တော်ဆီ လာခဲ့ခိုင်းလိုက်။ ဒီမှာလာရင် သူဖျားသွားမယ်။ အခြားနိုင်ငံတောင် ဒီလောက်မလုပ်ဘူး။ ကျွန်တော်တို့နိုင်ငံ လုပ်ထားတာ ဘယ်လောက်ထိ ရှိတယ်ဆိုတာ။ သေချာကိုလ ုပ်ထားတာ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ဖြေကြားသည်။xx “အခုထိ တစ်ယောက်မှ မတွေ့သေးဘူး။ မတွေ့သော်ငြားလည်း ကုသမှုပိုင်းမှာဆိုရင် လုပ်ထားတာ ပျံနေတာပဲ။Continue reading