ဆည်းဆာ နဲ့ ဝမ်းစာ 

ဩဂုတ်လ ၂၉ ရက်နေ့  ပုဂံနေဝင်ဆည်းဆာ ရှုခင်းကို ရိုက်ဖို့ နေရာရှာရင်း အမှတ်မထင် တွေ့ခဲ့ရတဲ့ တံငါမိသားစုလေးပါ။

ပုဂံက  ဖွတ် ဖား ဗျိုင်း

ပုဂံကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပေမဲ့ ဖွတ်စေတီ၊ ဖားစေတီ ၊ ဗျိုင်းစေတီ လို့ နာမည်ပေးထားတဲ့ ထူးထူးခြားခြား စေတီသုံးဆူရှိတာ ပြီးခဲ့တဲ့ ဩဂုတ်လ ခရီးစဥ်ကမှ သိရတယ်။ ဒီစေတီတွေကို ဖွတ်၊ ဖား၊ ဗျိုင်း လို့  တိရိစ္ဆာန်အမည်တပ်ခေါ်တာ ဘယ်အချိန်ကစလဲဆိုတာတော့ မှတ်တမ်းရှာ မတွေ့ ဘူး။  ဒါပေမဲ့ ၁၉၇၁ ခုနှစ် မှာ ဆရာဦးဗိုလ်ကေ ပြုစုခဲ့တဲ့ “ ပုဂံသုတေသနလမ်းညွှန်” စာအုပ်မှာ  ဖွတ်၊ ဖား၊ ဗျိုင်းစေတီ သုံးဆူအကြောင်းရေးထားတဲ့အတွက် အဲဒီအချိန်မတိုင်ခင်ထဲက ဒီနာမည်တွေ ရှိ နေတာ သေချာပါတယ်။ နောက်ပြီး ကျန်တဲ့စေတီတွေလိုမဟုတ်ပဲ ဘုရားဘွဲ့အမည်တွေကို ကိုယ်လုံး တော် မှာ စာနဲ့ ရေးထိုးထားတာလည်းတွေ့ရပါတယ်။  ဒီစေတီ သုံးဆူက တန့်ကြည့်တောင်ထိပ်ကနေ မြတ်စွာဘုရားဗျာဒိတ်ပေးခန်းလို့ အစဥ်အလာပြော ခဲ့ ကြတဲ့Continue reading “ပုဂံက  ဖွတ် ဖား ဗျိုင်း”

မြင်းပြဂူဘုရား

ပုဂံခေတ် ပိသုကာပညာရှင်များရဲ့ အလင်းပေးမှု စနစ်ဘယ်လောက်ကောင်းတယ်ဆိုတာကို မြင်းပြ ဂူဘုရား (ဘုရားအမှတ်၁၄၉၃)မှာတွေ့နိုင်ပါတယ်။မြင်းပြဂူဘုရားကအောက်ခြေနိမ့်နိမ့် လေး ထောင့်  တိုက်ပေါ်မှာ စေတီကြီးတည်ထားတာဖြစ်ပါတယ်။ စေတီအောက်တည့်တည့်မှာ ဆင်းတုတော် ထား တဲ့ အခန်းရှိပြီး အပြင်မှာ ပတ်လမ်းတစ်ခုရှိပါတယ်။ ပတ်လမ်းအပြင်မှာ ဝင်/ထွက်ဖို့အတွက် မုခ် ဆောင်တွေရှိပါတယ်။ အဲဒီလို အဆောက်အအုံ နိမ့်နိမ့်ရဲ့ အတွင်းဆုံးမှာ ရှိနေတဲ့ ဆင်းတုတော်ရဲ့ မျက်နှာ တော်ပေါ်ကို အလင်းရောင်ရအောင် ဘယ်လိုတည်ဆောက်ထားသလဲဆိုတာကို  မြင်းပြဂူ ဘုရား အကြောင်း သိတဲ့ ပညာရှင်များ ဒီပို့စ်အောက်မှာ မှတ်ချက်ရေးသားရှင်းလင်းပေးရင်တော့ စာဖတ်သူ အားလုံး ဗဟုသုတ တိုးမှာပါ။  ဆင်းတုတော်ရဲ့မျက်နှာတော်ပေါ်  အလင်းရောင်ထိုးကျနေပုံကို ဓာတ်ပုံရိုက်တဲ့အခါ  မြင်းပြဂူဘုရား ကသော့ခတ်ပိတ်ထားတဲ့အတွက် ကင်မရာအသေးလေးကို သံတိုင်ကြားက ထိုးသွင်း၊ လူကမြေကြီး ပေါ်မှာ ဝမ်းလျားထိုးအနေအထားနဲ့ ကင်မရာကို တတ်နိုင်သလောက် အောက်နှိမ့်ပြီး  ရိုက်ခဲ့ ရပါတယ်။အဲဒီလိုအနေအထားအရ View FinderကိုContinue reading “မြင်းပြဂူဘုရား”

စူဠာမဏိ ညရှုခင်း

ခရီးသွားအများစုက စူဠာမဏိဘုရားနားမှာရှိတဲ့  ရှုခင်းကြည့်တောင်ကုန်းကနေ တန့်ကြည့် တောင် နေဝင်ချိန် မြင်ကွင်း ကိုပဲ ကြည့်ရှုခံစား ဓာတ်ပုံရိုက်တာများပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီ တောင် ကုန်းနောက်မှာရှိတဲ့ရေကန်ကနေ စူဠာမဏိဘုရားကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။  ဒီမြင်ကွင်းက မိုးရာသီ ရေကန် ထဲမှာ ရေရှိနေမှ မြင်နိုင်တဲ့မြင်ကွင်းဖြစ်တဲ့အတွက် အခုအချိန် ပုဂံရောက်နေတဲ့ ဧည့်သည် များ ရှုခင်းကြည့်တောင်ကုန်းပေါ်က နေဝင်ချိန်ရှုခင်းကို ခံစားသလို ရေကန်ဘက် ကနေလည်း စူဠာ မဏိ ဘုရား ရဲ့ ညရှုခင်းကို ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မှတ်ချက်။ တာဝန်ရှိသူများက ဓာတ်ပုံရိုက်တဲ့ဘက်အခြမ်း ရေကန်စပ်က ချုံတချို့ကို ရှင်းပေး လိုက်မယ်ဆိုရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကင်မရာကို ဒီ့ထက်ကောင်းတဲ့ ရှုထောင့်မှာ ထားပြီး ရိုက်လို့ရမှာပါ။ အခု ပုံက တော့ ချုံတွေလွတ်တဲ့နေရာကနေ အဆင်ပြေအောင်ရိုက်ခဲ့ရတာဖြစ်ပါတယ်။ 

မနူဟာဘုရား

” ငါသည် သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်မည်ကို မဖြစ်လို “ အကျဥ်းစံဘုရင်ရဲ့ ဆုတောင်းစကား သူ့ကောင်းမှု ကုသိုလ် ရုပ်ပွားတော်ရှေ့ နှင်းဆီပန်းကပ်လှုသွားသူရဲ့ ဆုတောင်းစကား ဘာများဖြစ်မလဲ။

တိတ်ဆိတ် လှေဆိပ်

 ခရီးသွားဧည့်သည်အလာများရင်  နေဝင်ဆည်းဆာရှုခင်းကြည့် လှေစီးသူတွေနဲ့ စည်ကားလေ့ ရှိတဲ့ ဗူးဘုရားလှေဆိပ် ။ အခုတော့ တိတ်ဆိတ်။