အိပ်မက်ပျက်ပြယ်

  ဈေးဝယ်စင်တာကြီးတွေကို ရောက်ရင် ဒီလူငယ်လေးတွေကို တွေ့နေကြ။ တူညီဝတ်စုံလေးတွေနဲ့ ၊ ဈေးဝယ် လာတဲ့ ကားတွေကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ကလေးတွေပေါ့။ ကားဆေးတဲ့လူငယ်လေးတွေဆိုရင် အခြေခံလစာတစ်သိန်းခွဲ၊ ရက်မှန်ကြေးက သုံးသောင်း၊ စုစုပေါင်း တစ်သိန်းရှစ်သောင်းရတယ်။ တစ်နေ့ ကားလေးစီးရေဆေးနိုင်ရင် နှစ်ထောင်၊ ခုနစ်စီး လေးထောင့်နှစ်ရာ၊ ဆယ်စီး ကိုးထောင် ဘောက်ဆူးထပ်ရတယ်။  လေးစီးမပြည့်ရင် တစ်ပြားမှ မရဘူး။ ခုနစ်စီးမပြည့်ရင် နှစ် ထောင်ပဲ။ တစ်ခါတစ်လေ ခြောက်စီး ရထားနဲ့နေ့ ဆိုရင် ခုနစ်စီးရဖို့ အသေအလဲကြိုးစားပေမဲ့ မရတဲ့ နေ့ လဲ ရှိတယ်။   ကားဆေးတဲ့ အဖွဲ့အပြင် ရေဆေးမဲ့ကားကို လိုက်ရှာပေးတဲ့ လူငယ်လေးတွေလည်း ရှိသေးတယ်။ သူတို့ကတော့ မိန်းကလေးတွေများတယ်။ သူတို့က အခြေခံလစာ တစ်သိန်းခွဲ၊ ရက်မှန်ကြေးမရှိဘူး။ ကားတစ်စီး ရှာနိုင် ရင် ၁၅၀Continue reading “အိပ်မက်ပျက်ပြယ်”