ဂုံမင်းခုံ


ဂုံမင်းခုံ ( ဂုံမင်းခုန်လို့လည်းရေးတယ်။) ရွာက ပေါက်ခေါင်း – အုတ်တွင်းလမ်း မိုင်တိုင် ၃၈/ ၃ နားကနေ အထဲကို နှစ်ဖာလုံလောက် ဝင်ရတယ်။ ပေါက်ခေါင်း ဘက်ကလာရင် ညောင်ဝန်းရွာအလွန်ပေါ့။ ဂုံမင်းခုံ ကလည်း ညောင်ဝန်းအုပ်စုပါပဲ ၊အိမ်ခြေကတော့ ၁၉ ၀ ကျော်လောက်ရှိတယ်။ ။ ဂုံမင်းဂုံ ရွာ အဝင်လမ်းက အညာရွာတွေရဲ့ ရှုခင်းပါပဲ။ ရွာအဝင် ရွာဦးကျောင်းနဲ့ စေတီ၊ ပြီးတော့ စာသင် ကျောင်း။
ဂုံမင်းခုံရွာမှာ ရွာဦးကျောင်း သန္တိသုခ ကျောင်းတိုက်ကို ဆွမ်းပို့တဲ့စနစ်က နမူနာယူဖို့ကောင်း တယ်။ အရင်ကတော့ သံဃာတော်တွေက ဆွမ်းခံကြွ၊ ဒကာ၊ ဒကာမတွေကလည်း အဆင်ပြေ သလို ဆွမ်းလောင်းကြ၊ အလုပ်များလို့ ဆွမ်းမမီတာလည်းရှိ၊ ဆွမ်းရတာ များတဲ့နေ့များ၊ နည်းတဲ့နေ့နည်း ပေါ့။
ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က ရွာသူ၊ ရွာသားတွေတိုင်ပင်ပြီး ဂေါပက အဖွဲ့ က နေ ဆွမ်းဒါနအတွက်အစီအစဉ်လုပ်တယ်။ အဲဒီအစီအစဉ်အရ အိမ်တိုင်းက တစ်လမှာ အနည်း ဆုံးဆွမ်းတစ်ကြိမ်လောင်းလှုရတယ်။
ဆွမ်းအမျိုးအစားကိုလည်း အခုလို ခွဲခြားထားတယ်
၁။ ဆွမ်းအိုးကြီး၊ ထမင်းကို ဆွမ်းအုပ်နဲ့ လှုရတယ်။ ဟင်းကို ငါးဆင့်ချိုင့်နဲ့လှုတယ်။ ဟင်းက ဟင်းကောင်းတစ်ခွက်၊ အရန်ဟင်း လေးမျိုး။
၂။ ဆွမ်းအိုးလတ်၊ ငါးဆင့်ချိုင့်နဲ့လှုတယ်။ ဟင်းကောင်းတစ်ခွက်၊ အရန်ဟင်းနှစ်မျိုး။
၃။ ဆွမ်းအိုးလေး။ လေးဆင့်ချိုင့်နဲ့လှုတယ်။ ဟင်းကောင်းတစ်ခွက်၊ အရန်ဟင်းတစ်မျိုး။
၄ ။ အရုဏ်ဆွမ်း။
နေ့စဉ် အရုဏ်ဆွမ်းအတွက် လေးအိမ် (သူတို့ကတော့ လေးဝတ် လို့ သုံးတယ်။ ) ၊ နေ့ဆွမ်း အတွက် ဆွမ်းအိုးကြီးတစ်အိမ်၊ ဆွမ်းအိုးလတ် တစ်အိမ်၊ ဆွမ်းအိုးလေး နှစ်အိမ် သတ်မှတ်ထား တယ်။ ရွာသူရွာသားတွေက ကိုယ်လှုချင်တဲ့ရက်နဲ့ လှုမယ့်ဆွမ်းအမျိုးအစားကို ဆန္ဒပြုရတယ်။ ရက်တိုက်နေရင်တော့ ပြန်ညှိ ပေါ့။ တစ်ချို့ကလည်း ဆွမ်းအိုးကြီးတစ်ရက်၊ ဆွမ်းအိုးလတ်တစ်ရက် စသည်ဖြင့် ကုသိုလ်ယူ ကြ တယ်။ တစ်လတစ်ကြိမ် ကိုယ်အလှည့်ကျတဲ့နေ့ကို ဂေါပက အဖွဲ့က ကပ်ပြားလေးတွေ ဝေပေးပါ တယ်။
ဒါ့အပြင် အခုခေတ်မှာ ဘုန်းကြီးကျောင်းသားဆိုတာ ထားဖို့မလွယ်တော့တဲ့အတွက် ကျောင်း ေ၀ ယျာဝစ္စကို ပုံမှန်လုပ်ပေးနိုင်ဖို့ လူနှစ်ယောက်ငှားပေးထားတယ်။ လိုအပ် တာ တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ဂေါပကက ရန်ပုံငွေထူထောင်ထားတယ်။ ဒီတော့ သံဃာတော်တွေ ဆွမ်းကွမ်းမပူပင်ရဘဲ သာသနာ့အရေး စိတ်အေးအေးနဲ့လုပ်နိုင်တာပေါ့။
ဂုံမင်းခုံ အလယ်တန်းကျောင်းက ကျွန်တော်ရောက်သွားတဲ့ အချိန် မှာ ကျောင်းကလည်းပိတ်ထား၊ ဆရာမကြီးလည်းမရှိလို့ သေသေချာချာလေ့လာခွင့်မရခဲ့ဘူး။ ဒါပေမယ့် ကျောင်းဝန်းအတွင်း ပြုပြင် ထိန်းသိမ်းထားတာတွေကို ကြည့်လိုက်တဲ့အခါ နှစ်သက်စရာလေးတွေမြင်ခဲ့ရတယ်။
ကျောင်းမှာ အဆောက်အဦးသုံးလုံးရှိတယ်။ ရှေ့ဆုံးက သစ်သားဆောင်ကတော့ ပြည်တော်သာ ခေတ်မူလတန်းကျောင်းအဆောက်အဦပေါ့။ နောက်ဘက်ထဲမှာ ကျောင်းဆောင်သစ်နှစ်ခုရှိတယ်။ ၂၀၀၈ /၉ လောက်က ဆောက်တာလို့ပြောတယ်။ အဆောင်သစ်နှစ်ခုရဲ့ ရှေ့ ကလေးတွေ စုဝေး တဲ့၊ ကစားတဲ့ကွင်းက ပြောင်လက်သန့်ရှင်းနေတယ်။ ပလတ်စတစ်စတွေ၊ စွန့်ပစ်အမှိုက်တွေ မတွေ့ရဘူး။ ကျောင်း ထောင့်မှာ ကလေးကစားကွင်းလေးတစ်ခုရှိတယ်။ သုံးတန်း ကလေးတွေအထိပဲ ကစားလို့ရ တယ်။
ကစားကွင်းလေးကို ဆိုင်ကယ်တာယာ၊ ကားတာယာတွေ။ သစ်သားတုံးလေးတွေ၊ သစ်သားပြား လေးတွေနဲ့ပဲ တည်ဆောက်ထားတယ်။ ဓာတ်ပုံကို ကြည့်လိုက်ရင် တည်ဆောက်သူတွေရဲ့ စိတ် ကူး၊ စိတ်သန်းကောင်းမှုကို မြင်နိုင်ပါလိမ့်မယ်။ ရှိတာလေး နဲ့ လှအောင်ဝတ်ထားတာပေါ့။
ကျွန်တော်ရောက်သွားတဲ့အိမ်မှာ ငါးတန်းကျောင်းသူ သမီးလေးရှိတယ်။ ကျောင်းအကြောင်း ပြော ပြတော့ သူ့မျက်နှာက ပြုံးရွှင်နေတာပဲ။ ကျောင်းနေပျော်တယ်ဆိုတာ မေးစရာတောင် မလို တော့ဘူး။ ကြီးလာရင် ဘာလုပ်မလဲဆိုတော့ ဆရာမလုပ်မယ်တဲ့။ သူငယ်ချင်းတွေက လည်း ဆရာမပဲလုပ်မှာတဲ့။ ဆရာ၊ ဆရာမတွေဟာ သူတို့အတွက် စံပြပုဂ္ဂိုလ်တွေပဲ။
ဂုံမင်းခုံရွာမှာ နာရီပိုင်းပဲ နေခဲ့ရတယ်။ ဒါပေမယ့် ဖြတ်ကနဲ မြင်လိုက်ရတဲ့မြင်ကွင်းကနေ တွေးစရာ တွေအများကြီးရခဲ့တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: