ကလောကို ပထမဆုံးအကြိမ်ရောက်ဖူးတာက ၁၉ ၆၄၊ ၁၉ ၆၅ ခုနှစ်တွေ။ အဖေသင်တန်းတက် တော့ ကျွန်တော်တို့မိသားစုတွေ လိုက်လာကြတာပေါ့။ နေတော့ ကြီးတော်ကြီးရဲ့ အိမ်မှာ နေရတယ်။ အိမ်ရှင်တွေကတော့ ရန်ကုန်မှာ ၊ ကလောမှာ နွေရာသီ အပူရှောင်ဖို့ဝယ်ထားတာပါ။ အိမ်က အရှေ့မြို့ပတ်လမ်း၊ အရှေ့ဘိုကုန်းလို့ခေါ်တဲ့နေရာမှာရှိတယ်။ ကိုလိုနီခေတ်က အင်္ဂလိပ် အရာရှိတွေ၊ ကုန် သည်တွေရဲ့ အိမ်တွေရှိလို့ ဘိုကုန်းခေါ်တယ်ထင်တာပဲ။ အခုတော့ ရပ်ကွက် (၃) လို့သတ်မှတ်ထားတယ်ထင်ပါရဲ့။
အဲဒီအချိန်က မြို့ပတ်လမ်းမှာရှိတဲ့အိမ်တွေက ခြံကျယ်ကြီးတွေ၊ အိမ်ပုလေးတွေရှိသလို နှစ်ထပ် အိမ်မည်းကြီးတွေလည်းရှိတယ်။ ကျောက်တိုက်လို့ခေါ်တဲ့ ကျောက်ဆောင်တွေကြားမှာ ဆောက် ထားတဲ့အိမ်လည်းရှိတယ်။ အိမ်နံရံတွေမှာ သဘာဝကျောက်သားတွေထိုးထွက်နေတဲ့ အဲဒီအိမ် ကို အထူးအဆန်းအဖြစ်လာကြည့်သူတွေလည်းရှိတယ်။
ကျွန်တော်တို့နေရတဲ့ အိမ်က အိမ်ပုလေး။ တောင်စောင်းမှာ။ အိမ်အဝင်လမ်းက ကားလမ်းပေါ်က အိမ်ကို ကွေ့ပတ်တက်လာရတယ်။ အိမ် နဲ့ ကားလမ်းကြားမှာ ကျောက်တုံးတွေနဲ့ လှေကားထစ် ဖော်ပြီး ပန်းတွေစိုက်ထားတယ်။ ပန်းရုံနဲ့ ထိုင်ခုံတွေရှိတယ်။ ဧည့်ခန်းမှာ မီးလင်းဖိုရှိတယ်။ အိမ် ကြမ်းခင်းက မြေကြီးနဲ့ သုံးပေ၊ လေးပေလောက်ကွာတယ် အိမ်အောက်ကို အုတ်စီပြီး ကာထား တော့ အဲဒီနေရာမြေတိုက်ခန်းလို့ ဖြစ်နေတယ်။ ပတ်လည်မှာ သံဆန်ကာ ကာထားတဲ့ လေဝင်ပေါက်တွေလည်းရှိတော့ နေ့ဘက်ဆိုရင် ကျွန်တော်တို့ ဆော့တဲ့နေရာ၊ ညဘက် ရောက် တော့ သူရဲခြောက်မှာကြောက်ပြီး အနားမကပ်ရဲတဲ့နေရာပေါ့။
ငယ်သေးတော့ မြို့အနေအထားကိုတော့ သေသေချာချာ မမှတ်မိဘူး။ ဒါပေမယ့် အိမ်တွေ၊ လူတွေ ထက် ထင်းရှူးပင်တွေ ပိုများတာသိတယ်။ ဘိုကုန်းကနေ ချိုင့်ထဲကို ဆင်း၊ ရထားလမ်းကို ဖြတ်၊ ပြန်တက်ပြီးကျောင်းသွားရတဲ့အခါ စမ်းချောင်းလေးကို ဖြတ်ရတာ၊ ဂေါ်ရခါး တဲတွေနဲ့ စိုက်ခင်းတွေကို ဖြတ်သွားရတာ သိတယ်။ မောင်နှမ နှစ်ယောက် ကားလမ်းဘေးက အသီးဝါဝါလေးတွေ လိုက်ခူးစားရတာမှတ်မိတယ်။ စနေ၊ တနင်္ဂနွေဆိုရင်အဖေက ဂျစ်ကားလေး မောင်းပြီး အောင်ပန်းဘက်အထွက်က ထင်ရှူးတောတွေထဲမှာ ပျော်ပွဲစားတယ်။ အဖေက ကျွန် တော့်ကို ခေါ်ပြီး ရထားလမ်းအတိုင်း လမ်းလေ ျှာက်တယ်။ ရထားဥသြသံကြားရင် မောင် နှမ နှစ်ယောက် အပြင်ထွက်ပြီး ရထားကြီးဝင်လာတာကို စောင့်ကြည့်တယ်။
၂၀၀၁ ခုနှစ်ကျတော့ ကိုယ်တိုင်သင်တန်းတက်ဖို့ရောက်ခဲ့တယ်။ ဒီအချိန်မှာတော့ ကလော ဟာ ပြောင်းလဲစပြုနေပြီ။ ဟိုတယ်တွေ၊ အိမ်အသစ်တွေဖြစ်လာပြီ။ မြို့စွန်ရွာလေးတွေက မြို့ပေါ်ရပ်ကွက်ဖြစ်လာပြီ။ ထင်း ရှူးတောတွေ နည်းလာတယ်။ ခြံကျယ်ကြီးတွေကို ခွဲစိတ်ပိုင်းပြီးရောင်းနေကြတယ်။ သစ်တောမြေ ဆိုတာ အတားအဆီးမဟုတ်တော့ဘူး။ ကလောကို တီကောင်လိုလူတွေရောက်လာကြပြီ။ မြေ အစားမှားလို့ အထက်လှန် အောက်လေ ျှာဖြစ်သွားတဲ့သူတွေလည်းရှိတယ်။
၂၀၂၀ မှာတော့ ကလောဟာ အပြောင်းအလဲကြီးပြောင်းလဲခဲ့ပြီ။ မြို့အဝင် လမ်း၊ ဘယ်ညာ မှာ ဟိုတယ်ကြော်ငြာ၊ အိမ်ယာစီမံကိန်းကြော်ငြာဆိုင်းဘုတ်ကြီးတွေနေရာယူနေကြပြီ။ အရင်က ကားလမ်းမပေါက်တဲ့ တောင်ပေါ်နေရာတွေကို လမ်းတွေဖောက်ထားတယ်။ လမ်းတွေရဲ့နောက် မှာ လူတွေ၊ အိမ်တွေလိုက်လာကြတယ်။ မက်မန်းပင်တွေ၊ သီးနှံစိုက်ခင်းတွေပဲရှိတဲ့တောင်စောင်းတွေ မှာ နွယ်ပင်တွေလို တွယ်ကပ်ပြီး အိမ်တွေဆောက်ထားကြတယ်။ အင်းပြင်၊ မြင်းက ဆိုတဲ့ ကျေးလက်ဒေသလေးတွေမှာ အိမ်ယာစီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံထားတဲ့ မြေကွက် လွတ် တွေကို မြင်လာရပြီ။
လမ်းမကြီးတွေပေါ်မှာ၊ လမ်းကြားတွေမှာ ရေမြေတောတောင်အခြေအနေနဲ့ကိုက်ညီအောင် ဆောက်ထားတဲ့အဆောက်အဦတွေရှိသလို မိန်းမလှလေးပါးမှာ ဝက်ခြံပေါက်နေသလို အလှပျက်စေတဲ့ အဆောက်အဦတွေလည်း တွေ့တယ်။
ကလောမြို့ကို လှည့်ပတ်ကြည့်ရှုရင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာ သီရိလင်္ကာနိုင်ငံက Nuwara Eliya ဆိုတဲ့ တောင်ပေါ်အပန်းဖြေစခန်းမြို့လေးကို သတိရတယ်။ ဒီမြို့ကလည်း ကလောလိုပဲ အင်္ဂလိပ်ကိုလိုနီခေတ်မှာ တည်ခဲ့တဲ့တောင်ပေါ်မြို့လေးဖြစ်ပါတယ်။ အဲဒီမြို့ လေး အကြောင်းရေးတဲ့ဆောင်းပါးမှာ အခုလိုဖော်ပြခဲ့တယ် –
“ဒီမြို့ကို ပြည်တွင်း၊ပြည်ပ ခရီးသွားတွေအလာများတာနဲ့ အတူ မြို့လေးရဲ့ အလှကလည်း ပျက်စီး လာနေပြီ။xxx အခုလို ထင်ရာစိုင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်နေတာနဲ့ပတ်သက်ပြီး စိတ်ဆင်းရဲ နေတဲ့ မြို့ခံ တွေလည်းရှိတယ်။ တစ်ဖက်မှာလည်း ဒါဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် တာပဲဆိုပြီး ကျေနပ် နေသူတွေလည်းရှိတယ်။ မြေဈေးကောင်းလို့ ပျော်နေတဲ့သူတွေ လည်းရှိတယ်။
ဒါပေမယ့် ဒီမြို့လေးရဲ့ အဓိက ဆွဲဆောင်မှုဖြစ်တဲ့ ကိုလိုနီခေတ်လက်ရာအဆောက်အဦတွေ ပျောက်ကွယ်သွားတဲ့အခါ ကမ္ဘာလှည့်ခရီးသည်တွေက ဒီမြို့လေးကို လာကြပါဦးမလား။ ဒီမြို့ကို လာမယ့်အစား လက်ဖက်ခင်းတွေကြားက ဟိုတယ်တွေမှာပဲနေတော့မယ်၊ Hotton အမျိုးသား ဥယျဉ်ကို တိုက်ရိုက်သွားကြမယ်ဆိုရင် မြို့လေးဟာ ခြောက်ကပ်သွားမှာသေချာတယ်။
အလှပျက်လာတဲ့ မြို့လေးရဲ့ လမ်းတွေပေါ်မှာ လေ ျှာက်သွားရင်း ကလော၊ ပြင်ဦးလွင် နဲ့ မိုးကုတ် တို့ကို သတိရနေမိတယ်။”
မြန်မာနိုင်ငံမှာ၁၉ ၈၈ ခုနှစ်နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးတာနဲ့အတူ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ ၊ အိမ်ခြံမြေလုပ်ငန်းတွေဖွံ့ဖြိုးလာခဲ့တယ်။ ဒါပေမယ့် မူဝါဒချမှတ်သူ တွေဟာ ဥရောပနိုင်ငံက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ ရှေးဟောင်းမြို့လေးတွေကို ထိန်းသိမ်း ထားမှုတွေကို လေ့လာခွင့်မရခဲ့ဘူး။ လေ့လာထားသူတွေရဲ့ အကြံပြုချက်ကိုလည်း နားထောင် ခဲ့ပုံ မရဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ၁၉ ၇၀၊ ၈၀ နှစ်များမှာ ထိုင်းတို့၊ မလေးရှားတို့ မှားခဲ့တဲ့ အမှားကို နောက်ကလိုက်မှားခဲ့ကြတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ အမွေအနှစ် ထိန်းသိမ်းမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှု ကြားမှာ ဟန်ချက်ညီတဲ့အဖြေတစ်ခု ရှာနိုင်ဖို့ပျက်ကွက်ခဲ့တယ်။
ရန်ကုန်မြို့ဆိုရင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံသတ်မှတ်ဖို့၊ အဆောက်အအုံဆောက်လုပ်ရာမှာ လိုက်နာရမယ့် ဇုန် သတ်မှတ် ချက်တွေ သတ်မှတ်ဖို့ သတိရတဲ့အချိန်မှာ အတော်နောက်ကျနေတဲ့အပြင် အဲဒီသတ်မှတ်ချက် တွေကို တိတိကျကျ အကောင်အထည်ဖော်ဖို့မှာလည်း ပိုင်ရာ၊ ဆိုင်ရာ ဆိုတဲ့ အတားအဆီး ကို ကျော်ဖို့ခက်နေတာ အခုအချိန်ထိပါပဲ။
ကလော မြို့မှာ ၂၀၁၂-၁၃ လောက်က နိုင်ငံတကာအဖွဲ့ အစည်းတွေအကူ အညီနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲထားတာရှိတယ်လို့ မှတ်သားဖူးတယ်။ ဒေသခံ ခရီး သွား လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ ဂျာမန်ဖောင်ဒေးရှင်း GIZ ပူးပေါင်းဆောင်ရွက်နေတဲ့ သတင်းတွေ လည်း ဖတ်ရတယ်။
ဒါ ပေမယ့် အဲဒီကြိုးပမ်းမှုတွေရဲ့ အသီးအပွင့်တွေမမြင်ရသေးဘူးလို့ပဲခံစားရတယ်။ အဓိက ပြဿနာက မြေအသုံးချမှုနဲ့ အဆောက်အဦဆောက်လုပ်တဲ့အခါ လိုက်နာရမယ့် စံချိန်စံညွှန်းတွေကိစ္စပဲ။ မြို့ရဲ့ အမှတ်လက္ခဏာက ဘာလဲ ၊ အဲဒါကို ဘယ်လိုထိန်းသိမ်း မလဲဆိုတာကို မေ့နေသလိုတွေ့ရတယ်။ တိုးတက်လာတဲ့ မြို့ပြ အတွက် ရေပေးရေးစနစ် အပါအဝင် အခြေခံအဆောက်အအုံတည်ဆောက်ရေးတွေက နောက် ကျန်နေသလိုခံစားရတယ်။
ကိုဗစ်၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွေဆောင်ရွက်ချိန်က ထီးလေးတွေနဲ့ အကွက်ချရောင်းတဲ့ ကလောဈေး ဓာတ်ပုံ ဟာ လူတွေ အသည်းနှလုံးကို ဖမ်းစားခဲ့တယ်။ အဲဒီလို တီထွင်ဆန်းသစ်တဲ့အတွေးအခေါ် နဲ့ ပူး ပေါင်းဆောင်ရွက်မှုမျိုး ကို သာတိုးချဲ့နိုင်ခဲ့ရင် ကလောမြို့ဟာ ပြင်ဆင်ဖို့အတွက် နောက်မကျသေးဘူး။
အခုအချိန်မှာတော့ ကလောဟာ လှပေမယ့် လိုက်ဖက်အောင် ဝတ်စားဆင်ယင်မှု မလုပ်တတ်လို့ အလှပျက်နေတဲ့ မိန်းမပျို လေး နဲ့ တူနေတုန်းပဲ။
အိမ်ရာစီမံကိန်းတစ်ခု အရင်က ယာခင်းတွေနေရာမှာ နွယ်ပင်လို တွယ်ကပ်ဆောက်ထားတဲ့ အဆောက်အဦတွေ အိုးစည်တောင်ပေါ်က မြင်ရတဲ့မြင်ကွင်း။ ဓာတ်ပုံနဲ့ အဝေးဆုံး လမ်းလေးမြင်နေရတဲ့နေရာမှာလည်း အိမ်ရာစီမံကိန်းတွေ လာတော့မမယ်တဲ့ အိုးစည်တောင်ခြေက မြင်းက ရွာ။ ညာဘက်တောင်စောင်းက မြေကွက်တွေက ၀ယ်ထားပြီးကြပြီ။ ရွာထဲမှာလည်း ၀ယ်ထားကြတယ်။ အိုးစည်တောင်ပေါ်မှာတွေ့ရတဲ့ အိမ်ရာစီမံကိန်းကြော်ငြာတစ်ခု အိုးစည်တောင်ခြေက ဆောက်လုပ်ဆဲ ဟိုတယ်