ဘဏ် ဘဏ် ဘဏ်

အေတီအမ်ကတ် လေးရှိမှ၊ ဘာ Pay ညာ Pay သုံးနိုင်မှ ခေတ်မီတဲ့ကာလမှာ ကျွန်တော် လည်း ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေစုစာအုပ်လုပ်၊ အေတီအမ်ကတ်လေးကိုင်နဲ့ စတိုင်ကျနေတာပဲ။ ဒါ ပေမယ့် ဝန်ထမ်းလည်းဖြစ်ခဲ့တော့ လစာ၊ ဆုကြေး၊ အငြိမ်းစားလစာတွေ အတွက် မြန်မာ့စီးပွား ရေးဘဏ်မှာလည်း ငွေစုစာအုပ်ထားရတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာ့စီးပွားရေးဘဏ်က ခြောက်လတစ်ခါ ပင်စင်ထုတ်မှ ရောက် ဖြစ် တာပါ။ မြန်မာ့စီးပွားရေးဘဏ် ဆိုတာက အဆောက်အဦ ကလည်း ဟောင်း၊ အတွင်းမှာလည်း လေအေးပေးစက် မဆိုထား နဲ့ ပန်ကာတောင် အနိုင်နိုင်၊ ဝန်ထမ်းတွေကလည်း လယ်ဂျာ စာအုပ်တွေကြားမှာ နွမ်းလျလျ၊ ပုဂ္ဂလိက ဘဏ်ကတော့ သူတို့ အဆိုအတိုင်း “ဘဏ်ထဲ ဝင် လိုက်တာနဲ့ လေအေးစက်ကြောင့် ရင်အေး၊ ဘဏ်အတွင်းအပြင်အဆင်နဲ့ ဝန်ထမ်းတွေ ကြောင့် မျက်စိအေး၊ လုံခြုံစိတ်ချရမှုကြောင့် ပိုက်ဆံအပ်ထားရင် စိတ်အေး ” အေး သုံး အေး နဲ့ ပြည့်စုံ တာကိုး။ ဒီတော့ ကိစ္စရှိရင် ပုဂ္ဂလိကဘဏ်ပဲ ပြေးတော့တာပေါ့။

ဒါပေမယ့် CDM နဲ့ ရင်ဆိုင်ရတဲ့အခါ ပုဂ္ဂလိကဘဏ်တွေကမဖွင့်တော့ဘူး။ အေတီအမ်စက် တွေကလည်း သွားလိုက်တိုင်း ငွေကုန်နေတာပဲ ကြုံရတယ်။ ဈေး ထဲက အသား၊ငါး၊ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ၊ ဆား၊ ကုန်ခြောက်သည်တွေကလည်း ဘာ Pay ၊ ညာ Pay နဲ့ ဝယ်မရတော့ လက်ထဲမှာ ငွေသားရှိမှာဖြစ်မယ့်အခြေအနေရောက်လာတယ်။

ဒီလိုနဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ပြေးရတယ်။ ဘဏ်ရှေ့မှာ ရဲ ခြောက်ယောက်လုံခြုံရေး ယူ ပေး ထားတယ်။ ဘဏ်တံခါးက စေ့ထားတယ်။ ငွေထုတ်ဖို့ပါလို့ပြောတော့ ဖွင့်ပေးတယ်။ ကျွန်တော် ရောက်ပြီး ခဏနေ တော့ အထဲမှာ လူပြည့်သွားတဲ့အတွက် တံခါးကိုပိတ်ထားလိုက်တယ်။

ဘဏ်ထဲမှာ ပင်စင်လစာထုတ်တဲ့သူတွေရယ်၊ ငွေစုစာအုပ်က ငွေထုတ်တဲ့သူတွေရယ် နဲ့ ပြည့်နေ တယ်။ ပင်စင်လစာထုတ်တဲ့သူတွေကတော့ ဦးစားပေးပေါ့။ လာသမ ျှလူအားလုံးထုတ်ပေးပါတယ်။ ပင်စင်လစာကတော့ ဝန်ထမ်း အင်အားများများနဲ့ ထုတ်ပေးတဲ့အတွက် တစ်နေ့ကို လူ ငါးရာ ကျော်ထုတ်ပေးရတယ်လို့ ဆိုတယ်။

ငွေစုစာအုပ်ကငွေ ထုတ်သူတွေက ငွေထုတ်တာတော့ ကြိုက်သလောက်ထုတ်လို့ရတယ်။ ဒါပေမယ့် ငွေခန်း မှာ တာဝန်ခံငွေထုတ်ပေးသူ တစ်ယောက်ပဲရှိတော့ ခရီးမတွင်ဘူး။ ဒါ့ကြောင့် ဘဏ်ထဲကို တစ်ခါ ဝင်ရင် လူသုံးလေးဆယ်ပဲ ပေးဝင်တယ်။ အဲဒီလူတွေ ကုန်သွားမှ နောက်ထပ် လူထပ်သွင်း တယ်။

မန်နေဂျာအမျိုးသမီးကတော့ ငွေထုတ်မယ့်သူတွေကို ဘဏ်ဝန် ထမ်းတွေထဲမှာလည်း CDM မှာ ပါဝင်နေသူတွေရှိတဲ့အတွက် ဝန်ထမ်းအင်အားအပြည့်နဲ့ မလုပ် နိုင်လို့ ကြန့်ကြာတာကို သည်းခံဖို့ လိုက်ရှင်းပြနေတယ်။ ဘဏ်ဝန်ထမ်းတွေက တူညီဝတ်စုံ မဝတ်နိုင်ကြဘူး။ သာ မန် ဝတ်စုံတွေနဲ့ ရရာနည်းလမ်းသုံးပြီး ဘဏ်ကို အရောက်လာကြရပုံပေါ်တယ်။

မန်နေဂျာ အမျိုး သမီးက ဘဏ်အနားက ရပ်ကွက်တစ်ခု နာမည်ကို ပြောပြီး “ အဲဒီလူတွေက ကျွန်မတို့ ဘဏ်ကိုလာတိုင်း ဝိုင်း ဆဲ ကြတယ်။ ဒါပေမယ့် သူတို့ ငွေလိုတော့လည်း လာထုတ်တာပါပဲ” လို့ ပြောတယ်။ သူ့မျက်နှာပေါ်က မဲ့ပြုံး ဟာ အသက်ဝင်လွန်းလှတယ်။

ငွေစုစာအုပ်က ငွေထုတ်သူတွေထဲမှာ အိတ်ကြီးအိတ်ငယ်နဲ့လာထုတ်တဲ့သူတွေရှိသလို ငါးထောင် တန်တစ်အုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြန်သွားတဲ့သူလည်းရှိတယ်။ ပင်စင်လစာထုတ်သူ တွေထဲက အသက်အရွယ်ကြီးသူတွေကတော့ နာမည်ခေါ်လိုက်ရင် မကြားမှာ စိုးရိမ်လို့ ထင်ပါရဲ့ ကောင်တာနားမှာ စုနေကြတယ်။ အရပ် ပုပု၊ ပါးလျလျ ၊ ယောဂီတဘက်လေးကို ခေါင်းပေါ်တင် ထားတဲ့အမေအိုကတော့ အကြားအာရုံ အားနည်းလို့ထင်ပါရဲ့ ၊ ဒေါ် ဘယ်သူ လို့ ခေါ်လိုက်တိုင်း သူများလားဆိုပြီး ကောင်တာဆီကိုပြေးပြေးသွားတယ်။ နောက်တော့ ဘေးက လူ တွေက သူ့နာမည်ကို မေးထားပြီး နာမည်ခေါ်ရင်ပြောပါ့မယ်လို့ ကတိပေးပြီး ထိုင်ခိုင်းလိုက်ရ တယ်။

ငွေထုတ်ဖို့စောင့်နေတဲ့သူတွေရဲ့ မျက်နှာတွေမှာ ငါ့ အလှည့်မရောက်ခင် တစ်ခု ခု များဖြစ်သွား မလား ဆိုတဲ့ ကြောင့်ကြမှုတွေမြင်ရတယ်။ ငွေထုတ်ပြီးသွားတဲ့သူတွေကတော့ စိတ်အေးသွား တဲ့ မျက်နှာနဲ့ ငွေထုတ်လေးပိုက်ပြီး ခပ်သွက်သွက်ပြန်ထွက်သွားကြတယ်။ ကျွန်တော့်ဘေးက အမျိုး သမီးကြီးကတော့ ပရိတ်ကြီး ဆယ့်တစ်သုတ်စာအုပ်ဖတ်လိုက်၊ သူ့နာမည်ခေါ်သံကို နားစွင့် လိုက်၊ နာမည်ခေါ်ခံရတဲ့သူက သူ့ရှေ့ကလာတဲ့သူလား၊ နောက်မှရောက်တဲ့သူလားဆိုပြီး တွက် ချက်လိုက်နဲ့ ဗျာများနေရှာတယ်။

ဘဏ်ဝန်ထမ်းတွေကတော့ လူနှစ်ယောက်၊ သုံးယောက်စာကို တစ်ယောက်တည်းတာဝန်ယူ လုပ် နေရလို့ ထင်ပါရဲ့ စားပွဲတစ်ခုတစ်ခု ပြေးလွှားနေကြတယ်။ ငွေထုတ်ပေးတဲ့နေရာက အမျိုးသမီး လည်း နာမည်တွေအော်ရလွန်းလို့ အသံတောင်ပြာနေပြီ။ ခေတ်စားနေတဲ့ လက်ကိုင်စပီကာ တစ်ခုလောက် လှုပေးတဲ့သူရှိရင်ကောင်းမှာပဲ။ မန်နေဂျာလည်း သူ့ရုံးခန်းထဲမှာ ထိုင်မနေနိုင်ဘူး။ ပြေးလွှားနေရတယ်။

အလုပ်ဆင်းနေတဲ့ ဝန်ထမ်းတွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်စဉ်အပေါ် ဘဝင် မကျဘူး ဆိုတာ ပုံမှန်ထုတ်နေကျ ဖောက်သည် တစ်ချို့ နဲ့ စကားပြောနေတဲ့ ဝန်ထမ်းအချို့ရဲ့ စကား သံ ကို နားထောင်ပြီးခန့်မှန်းကြည့်လို့ရတယ်။ ဒါပေမယ့် သူတို့ဘဏ်ခွဲကို ယုံကြည်လို့ ငွေလာအပ် ထားသူတွေ လိုအပ်တဲ့အချိန်မှာ ငွေထုတ်ပေးဖို့အတွက် တာဝန်ရှိတယ်၊ ပင်စင်စားတွေ အခက် အခဲမဖြစ်အောင် စောင့်ရှောက်ဖို့တာဝန်ရှိတယ် ဆိုတဲ့ ယုံကြည်ချက် ကိုလည်း သူတို့ စကား တွေ မှာ ကြားရတယ်။ သူတို့ မျက်နှာတွေမှာမြင်ရတယ်။ သူတို့လုပ်ဆောင်ချက်တွေမှာ တွေ့ရတယ်။

ငွေလာထုတ်သူတွေထဲမှာလည်း ဒီကနေ့ နိုင်ငံရေးအခြေအနေပေါ်မှာ ခံယူချက် အမျိုးမျိုး၊ အမြင် အမျိုးမျိုးရှိကြမှာပဲ။ CDM ကိုထောက်ခံသူတွေလည်းပါမှာပဲ။ ဒါပေမယ့် ဘဏ်ထဲ ရှိနေချိန်မှာ တော့ သူတို့ လိုအပ်နေတဲ့ငွေကို အဆင်ပြေပြေ ထုတ်ယူနိုင်အောင်ကူညီပေးနေတဲ့ ဝန်ထမ်းတွေ ကို အပြစ်မြင်တဲ့သူ၊ အပြစ်တင်မယ့်သူရှိမယ်မထင်ဘူး။

ဒီလိုနဲ့ ကိုယ့်နာမည်ခေါ်သံကြားရတယ်။ လာပါပြီအော်ရင်း တိုးဝှေ့လို့ ကောင်တာဆီပြေးရတယ်။ ငွေထုတ်မယ့်ပုံစံစာရွက်မှာနောက်တစ်ကြိမ်လက်မှတ်ထပ်ထိုးရတယ်။ မှတ်ပုံတင်ပြရတယ်။ ငွေ နဲ့ ငွေစုစာအုပ်ပြန်ရတယ်။ ကိုယ့်ရှေ့က သူတွေလိုပဲ စိတ်အေး၊ ရင်အေး သွားတဲ့ မျက်နှာနဲ့ ပြန် ထွက်လာတယ်။

ဘဏ်တံခါးဝမှာနောက်တစ်သုတ်ငွေထုတ်ဖို့စောင့်နေတဲ့သူတွေအတော်များနေပြီ။ တစ်ချို့က လည်း စိတ်မရှည်တော့ဘူး။ လူလတ်အပိုင်းအရွယ် နှစ်ယောက်ကတော့ ဘဏ် အစောင့်ကို ငါ တို့ ပိုက်ဆံ ငါတို့ ထုတ်တာ၊ ဘာ့လို့ မဝင်ရသေးတာလဲ၊ နိုင်ငံရေးလုပ်ဖို့လာတာမဟုတ်ဘူး။ ပိုက် ဆံ ထုတ်ဖို့ လာတာဆိုပြီး အော်ဟစ်ပြောနေတယ်။ ပိတ်ထားတဲ့ ပုဂ္ဂလိကဘဏ်တွေရှေ့ မှာ အဲဒီစကားသွားပြောမယ့်သူတွေရှိသင့်တယ်။

အပြင်ရောက်တော့ ၁၂ နာရီ ထိုးတော့မယ်။ မွန်းတည့်နေက ပူလောင်လွန်းလှတယ်။ ဒီတော့မှ လူတွေ ပြည့်ကျပ်နေတဲ့၊ ပန်ကာတောင်မရှိတဲ့ဘဏ်ထဲမှာ ပူလောင်၊ မွန်းကျပ်မှုကို မခံစားခဲ့ရတာ သတိရတယ်။ အပူငြိမ်းစေသူတွေ အေးချမ်းပါစေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: