အေတီအမ်ကတ် လေးရှိမှ၊ ဘာ Pay ညာ Pay သုံးနိုင်မှ ခေတ်မီတဲ့ကာလမှာ ကျွန်တော် လည်း ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေစုစာအုပ်လုပ်၊ အေတီအမ်ကတ်လေးကိုင်နဲ့ စတိုင်ကျနေတာပဲ။ ဒါ ပေမယ့် ဝန်ထမ်းလည်းဖြစ်ခဲ့တော့ လစာ၊ ဆုကြေး၊ အငြိမ်းစားလစာတွေ အတွက် မြန်မာ့စီးပွား ရေးဘဏ်မှာလည်း ငွေစုစာအုပ်ထားရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာ့စီးပွားရေးဘဏ်က ခြောက်လတစ်ခါ ပင်စင်ထုတ်မှ ရောက် ဖြစ် တာပါ။ မြန်မာ့စီးပွားရေးဘဏ် ဆိုတာက အဆောက်အဦ ကလည်း ဟောင်း၊ အတွင်းမှာလည်း လေအေးပေးစက် မဆိုထား နဲ့ ပန်ကာတောင် အနိုင်နိုင်၊ ဝန်ထမ်းတွေကလည်း လယ်ဂျာ စာအုပ်တွေကြားမှာ နွမ်းလျလျ၊ ပုဂ္ဂလိက ဘဏ်ကတော့ သူတို့ အဆိုအတိုင်း “ဘဏ်ထဲ ဝင် လိုက်တာနဲ့ လေအေးစက်ကြောင့် ရင်အေး၊Continue reading “ဘဏ် ဘဏ် ဘဏ်”
Tag Archives: StateofEmergency
မေ ျှာ်လင့်ချက် မမှားဖို့
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တစ်ချို့အဖြစ်အပျက်တွေက မြန်လွန်းပြီး လိုက်မမီနိုင်တော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေရဲ့ နောက်ခံသမိုင်းကြောင်း ကို တိတိကျကျ မသိတော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေက ကိုယ် ယုံကြည်ခဲ့တာတွေနဲ့ ကွဲလွဲနေတယ်။ ဒါ့ကြောင့် သုံးသပ်ချက်ဆောင်းပါးတွေ မရေးဘူး၊ မီဒီယာတွေနဲ့လည်း မပြော တော့ဘူးလို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပို့စ်တင်ခဲ့တယ်။ ပြောတဲ့အတိုင်း လည်းနေခဲ့ တယ်။ အခုတော့ သတင်းတစ်ခုအပေါ် လူငယ်တွေ သုံးသပ်ချက်မမှားစေချင်လို့ နောက်ခံရာဇဝင်နဲ့ အဖြစ်မှန် ကို ရှင်းပြချင်ပါတယ်။ ဖေ ဖော်ဝါရီလ ၁၁ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒင်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ် ဆောင်တဲ့ အမိန့်တစ်ခုထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်မှာ “ constitutes an unusualContinue reading “မေ ျှာ်လင့်ချက် မမှားဖို့”
မိတ်ဆွေတွေ ရန်မဖြစ်ကြပါနဲ့
နိုင်ငံရေး အခြေအနေ ရှုပ်ထွေးတင်းမာမှုတွေက လူမှု အသိုင်းအဝန်းကြားကိုပါ ကူးစက်လာတယ်။ ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးမှာ သူ့ဘက် ကိုယ့်ဘက် ကွဲပြီး မခေါ်နိုင်၊ မပြောနိုင် ဖြစ်တာလည်း ကြား ရတယ်။ ဖေ့စ်ဘွတ်မျက်နှာစာမှလည်း မိတ်ဆွေ စာရင်းထဲက ထုတ်ပစ်မယ်၊ ထုတ်ပစ်လိုက်ပြီ လို့ ကြွေးကြော်တာလည်းမြင်ရတယ်။ ပရိုင်ဖိုင်း မပြောင်းလို့၊ ပရိုဖိုင်းပြောင်းလိုက်လို့ ဆိုပြီး ရန်ဖြစ် နေတာလည်း တွေ့ရတယ်။ နိုင်ငံရေးအမြင်မတူတာနဲ့ မိတ်ဆွေဖြစ်လို့မရတော့ဘူးလား၊ နိုင်ငံရေး အမြင်မတူတာနဲ့ ရန်သူ ဖြစ်ရတော့မလား။ လွတ်လပ်ရေးရပြီးထဲက ကြုံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာအားလုံး ရဲ့ အရင်းခံ အကြောင်းတရားတွေထဲမှာ ငါ နဲ့မတူ ငါ့ရန်သူ ဆိုတဲ့ သဘောထားက အဓိက အချက် တစ်ခုအနေနဲ့ပါခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ ကျွန်တော့်ကတော့ ငါနဲ့မတူ ငါ့ရန်သူလို့Continue reading “မိတ်ဆွေတွေ ရန်မဖြစ်ကြပါနဲ့”