ပေါက်ခေါင်း – အုတ်တွင်း ပဲခူးရိုးမ တောင်ပေါ်လမ်းတစ်လေ ျှာက်မှာ ဘော်ဒါ၊ ခပေါင်း၊ ရွှေတောင် ငွေတောင်၊ ကရင်မသေ တို့လို ရွာလေးတွေရှိသလို ဝါးခုတ်၊ တောင်ယာလုပ်နေတဲ့ တဲစုလေး တွေ လည်းရှိတယ်။ တစ်ချို့နေရာတွေမှာ ဈေးဆိုင်တဲတစ်လုံးတည်းရှိတာလည်းတွေ့ရတယ်။ အဲဒီ ဈေး ဆိုင်တဲလေးတွေက တောင်ယာသမား၊ ဝါးခုတ်သမားတွေ တောထဲ ဝင်တဲ့လမ်း နဲ့ နီးတဲ့နေရာ၊ ရေအဆင်ပြေတဲ့နေရာတွေမှာရှိတာများတယ်။ တောထဲ ဝင်မယ့်သူတွေက အဲဒီလို ဆိုင်လေး တွေမှာ ဆိုင်ကယ်တွေထားခဲ့ပြီး ရိက္ခာထုတ်နဲ့ ဝင်သွား၊ လိုတာရှိရင် လမ်းပေါ်တက်လာပြီး ဒီဈေးဆိုင်လေးမှာ လာဝယ်ပေါ့။
ရိုးမပေါ်မှာ လုပ်ကိုင်စားသောက်နေသူတွေ လိုအပ်တာမှန်သမ ျှ ဖြည့်ဆည်းပေးနေတာကတော့ ရွာတွေမှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေရယ်၊ ပေါက်ခေါင်းက နေ့စဉ်တက်ပြီး ဈေးလာရောင်းတဲ့ ဈေး ဆိုင်ကယ်/ ဈေးကားတွေပါပဲ။
ရွာက ဈေးဆိုင်တွေကတော့ ကုန်ခြောက်တွေရယ်၊ တောသူတောင်သားတွေ လိုအပ်တဲ့ လက်သုံး ကရိယာတွေ ရောင်းတာများတယ်။ ဈေးဆိုင်ကယ်တွေကတော့ အသားငါး၊ ဟင်းသီး ဟင်းရွက် တွေကို နှစ်ရာဖိုး၊ ငါးရာဖိုး ၊ တစ်ထောင်ဖိုး စသည်ဖြင့် အထုတ်လေးတွေ ထုတ်ပြီးရောင်းတာ။ ၂၀၁၉ နိုဝင်ဘာခရီးစဉ်မှာ အဲဒီလို ဈေးဆိုင်ကယ်လေးတွေအကြောင်း “ တောင်ပေါ်ဈေး” ဆိုပြီး ရေးခဲ့ဖူးတယ်။ ( https://myehtut.com/2019/11/21/တောငျပေါျဈေး/ )
ဈေးကားတွေကတော့ ရွာတွေမှာ ရှိတဲ့ဈေးဆိုင်တွေ၊ လမ်းပေါ်မှာ ရှိနေတဲ့ ဈေးတဲ လေးတွေ အတွက် လိုအပ်တဲ့ပစ္စည်းတွေ လိုက်ပို့တာပေါ့။ ပစ္စည်းချ ၊ ငွေချေ လည်း ရတယ်။ နောက် တစ်ခေါက်မှ ပေးလည်း ရတယ်။ ဈေးကားတွေက အပြန်ကျရင် ဒေသထွက်ကုန်တွေ ပြန်တင် သွားတယ်။ သူတို့ ကိုယ်တိုင် ကောက်တာလည်း ရှိတယ်။
ပြီးခဲ့ ကိုဗစ် တတိယလှိုင်းကာလ မှာတော့ တောင်ပေါ်ကျေးရွာတွေနဲ့ ပေါက်ခေါင်းကြားမှာ အဆက်ပြတ်သလို ဖြစ်သွားတဲ့အတွက် နေထိုင်စားသောက်ရေးအတော်ခက်ခဲခဲ့ကြတယ်။ စားသုံးသူတွေ အခက်တွေ့သလို ဈေးသည်တွေလည်း ဝင်ငွေမရှိဖြစ်ခဲ့ရတာပေါ့။
အခုတော့ ဈေးဆိုင်ကယ်တွေ၊ ဈေးကားတွေ ပုံမှန်ပြန်သွားလာနေပြီ။ ဝါးခုတ်ရာသီဆိုတော့ ဝါးသမား တွေလည်း တောထဲဝင်နေကြပြီ။ လမ်းဘေးမှာ ဝါးပုံတွေ မြင်ရသလို ဝါးကားကြီး တွေလည်း တွေ့နေ ရပြီ။ ဖျံဥ တွေလည်း လှိုင်လှိုင်ထွက်နေပြီ။
ကိုဗစ် တတိယလှိုင်းမှာ သင်ခန်းစာရသွားတဲ့ ရိုးမပေါ်က ကျေးရွာသားတွေက ကာကွယ်ဆေး ထိုးဖို့ စိတ်အားထက်သန်နေကြတယ်။ ဒီရွာတွေက တောင်လည် ကျေးရွာအုပ်စုဆိုတော့ ဆေးထိုး ဖို့အတွက် ပေါက်ခေါင်းဘက်ကို မိုင် သုံးလေးဆယ် ဆိုင်ကယ်နဲ့ သွားထိုးကြတယ်။ အခု အချိန်မှာ ဆေးထိုးရမယ့် အုပ်စု မှာ ပါတဲ့ သူတိုင်းလိုလို ဆေးထိုးပြီးကြပြီ။ ဒါ့အပြင် ဈေးဆိုင်နဲ့ စားသောက်ဆိုင်က လူတွေလည်း ဆေးထိုးထားကြပြီ။ ဈေးဆိုင်ကယ်၊ ဈေးကားသမားတွေလည်း ဆေးထိုးပြီးသူပြီး၊ ဆေးထိုးဖို့ စောင့်သူကစောင့်ပဲ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း တောင်လည်မှာ ကာကွယ်ဆေးတစ်ကြိမ်ထပ်ထိုးပေးသေးတယ်။
တောင်ပေါ် ဈေးကားမှာ မပါမဖြစ် ပါတာကတော့ အရက်ပဲ။ Grand Royal ကတော့ တောင်ပေါ် က ဘောစိတွေအတွက်၊ လူကြမ်းတွေအတွက်ကတော့ အိုပီ အဆီပေါ့။ အိုပီ ကို ဆိုင်တွေက စပ်ရောင်းတာရှိသလို ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်ဝယ်ပြီး စပ်သောက်သူလည်း ရှိသတဲ့။ ဘ၀ ကြမ်းကြမ်း၊လူကြမ်းကြမ်း၊ အရက်ကြမ်းကြမ်း။ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောရင် လည်း နေကုန် နေခန်း တောထဲမှာ အလုပ်ကြမ်းလုပ်ပြီး ညနေမှာ အပန်းဖြေစရာ ဒါပဲ ရှိတယ် လေ လို့ ပြန်ပြောမှာပဲ။
လမ်းဘေးတစ်နေရာက ဈေးဆိုင်တဲလေးတစ်လုံးမှာတော့ ဈေးကားပေါ်က ပစ္စည်းချတဲ့အထဲမှာ ရေသန့်ဘူးကြီးတွေလည်း ပါတယ်။ ရေရှားလို့လားလို့မေးတော့ မဟုတ်ဘူး။ ရေထွက်က သူတို့တဲနားမှာပဲ။ ငှက်ဖျားမဖြစ်အောင်လို့ ရေသန့်သောက်တာလို့ ပြောတယ်။ “ ငှက်ဖျား က ခြင်ကြောင့် ဖြစ်တာပါ” လို့ပြောတော့ “ အဲဒါတော့ မသိဘူး၊ ရေသန့်သောက်ထဲက မဖျားတော့ ဘူး” လို့ ပြောတယ်။
မြို့သားဟာ ရိုးမသားတွေရဲ့ လော့ဂျစ်ကို ချေပဖို့ စကားမရှိဘူး။
ရိုးမ ဈေးကား ရိုးမ ဈေးဆိုင်ကယ် ရိုးမပေါ်က Grand Royal ရိုးမပေါ်က ရေသန့် ရိုးမ ဆူပါမားကက် ရိုးမ ဆူပါမားကက် ရိုးမ ဆူပါမားကက် ရိုးမ ဆူပါမားကက်
❤️
>
LikeLiked by 1 person