ဆင်လဲချောင်း ရေတံခွန်

၂၀၁၉ နိုဝင်ဘာလ ခရီးစဉ်မှာ ဆင်လဲချောင်းဆိုပြီး ဒဏ္ဏာရီ ဆန်တဲ့ ချောင်းနဲ့ ရေတံခွန် အကြောင်း ရေးခဲ့ဖူးတယ်။ (https://myehtut.com/2019/11/27/ဆငျလဲ-ခြောငျး/ )

ဒီတစ်ခေါက်ရောက်တော့ ဆင်လဲချောင်းရေတံခွန်မှာ ရေများနေပြီ ဆိုလို့ နောက်တစ်ခေါက် ပြန်သွား ခဲ့တယ်။ ဒီတစ်ခေါက်သွားတဲ့လမ်းက ၂၀၁၉ ခုနှစ်က သွားတဲ့လမ်း နဲ့မတူဘူး။ ပေါက်ခေါင်းလမ်း မိုင်တိုင် ၄၀ မှာ ရှိတဲ့ ကျွန်းစိုက်ခင်းကို ဖြတ်ပြီး သွားရတယ်။ လမ်းပိုသာတယ်။ နာရီဝက်လောက်လေ ျှာက်ရင် ရောက်ပြီ။ အပြန်မှာတော့ လာလမ်းအတိုင်း မပြန်ဘဲ တောင်ရိုးပေါ်တက်ပြီး ပြန်ခဲ့တယ်။ လာလမ်းအတိုင်း သွား/ပြန်တာက တော့ လူပိုသက်သာပါတယ်။ ( ရေတံခွန်သွားတဲ့လမ်းကြောင်းကို ဓာတ်ပုံနဲ့ ပြထားပါတယ်။ )

ဒီနေရာကလည်း ရေတံခွန်ဆိုပေမယ့် ရေကျ ပါပဲ။ ရေအနက်ဆုံးနေရာမှာ ဆယ်ပေ လောက်ရှိ တယ်။ တစ်ခု သတိထားရမှာက ရေကျနေတဲ့နေရာမှာ နောက်ဘက် ကျောက်ဖျာအောက်ကို လိုဏ်ဂူ ဖြစ်နေတယ်။ ရေငုတ်ပြီး ကူးတဲ့အချိန် အဲဒီ လိုဏ်ထဲ ဝင်သွားမိရင် အန္တရာယ်ရှိ ပါတယ်။

ရေတံခွန်အပေါ်ဘက် မှာတော့ ချောင်းရေတိမ်တဲ့အတွက် ကလေးတွေ ဆော့လို့ရပါတယ်။

ဒီရေတံခွန်ကတော့ လူအသွားအလာနည်းတဲ့အတွက် တောလမ်းခရီးလည်း သွားမယ်၊ ရေလည်း ကူးမယ်ဆိုတဲ့သူတွေအတွက် ပိုပြီး အဆင်ပြေပါတယ်။

One thought on “ဆင်လဲချောင်း ရေတံခွန်

Leave a comment