အင်းစိန်ဘူတာ

အင်းစိန် ဘူတာရုံ ဘေးက ထမင်းဆိုင်လေးမှာ ရထားစီးရင်း ဘော်ဒါဖြစ်လာသူ နဲ့ အတူ ထမင်းစားတယ်။ တစ်ခါပြင် တစ်ထောင် ၊ လိုက်ပွဲ နှစ်ရာ၊ ဝက်သား နှစ်တုံးပါတယ်။ ငါးပိရည် ၊ တို့စရာ ကောင်းတယ်။ ဆန်လည်းကောင်းတယ်။

အင်းစိန် ခုံးကျော်တံတားအောက်က ဈေးတန်းကို ရောက်တယ်။ ဂျပန် ပစ္စည်းအဟောင်း တွေ ထဲက ပန်းကန်ခွက်ယောက်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဆံပင်အဝယ်ဒိုင်တွေလည်း အများကြီးတွေ့တယ်။

ဆံပင် အရှည်ရော၊ ဘီးကျွတ်ရော ဝယ်တယ်တဲ့။ ဒါပေမယ့် ဘီးကျဲ တော့ မဝယ်ဘူး။

One thought on “အင်းစိန်ဘူတာ

  1. စာရေးဆရာအဖြစ်ပဲမြင်မိတာမို့ ဆရာလို့ပါခေါ်ပါရစေ ဆရာရဲ့ဘဝအပေါ်ခံယူချက်နဲ့ သတ်မှတ်ထားတဲ့ပျော်ရွှင်မှု သာမန်လူတန်းစားတွေနဲ့ပြောဆိုရင်းကုန်ကြမ်းရှာစာရေးတဲ့အလုပ်တွေကိုလုပ်ဖြစ်စေတဲ့
    အတွေးအခေါ် ကိုပါသိချင်ပါတယ် အချိန်ရရင်ဖြေပေးပါရှင့် (ရာထူးဂုဏ်ရှိန် တွေ လိုချင်ရင် လက်တကမ်းမှာပဲရှိနေပါလျှက် မာန်မာန မရှိတဲ့အလုပ်ကိုလုပ်နေတယ်လို့ထင်မြင်မိလို့လေးစားရပါတယ်)
    ဆရာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ

    Like

Leave a comment

Why are you reporting this comment?

Report type