ဘ၀ ရထား (၄ )

အင်းစိန်ကနေ မွန်းလွဲ ၁း၅၅ ထွက်တဲ့ ရထားကို ဈေးပြန်၊ ရုံးပြန်ရထား လို့ ခေါ်ရမယ်ထင် တယ်။ ဒီရထားမှာ တွေ့ခဲ့တဲ့ ခရီးသည်တွေကိုလည်း သုံးမျိုးခွဲလို့ရတယ်။ ပထမ အမျိုးအစားက မနက်က ကျွန်တော်တို့လာတဲ့ ရထားနဲ့လိုက်လာပြီး ဒညင်းကုန်းမှာ ဈေးဝယ်ဖို့ ဆင်းနေခဲ့တဲ့ ဈေးသည်တွေ ပြန် လိုက်တာ၊ ဒုတိယအမျိုးအစားက မနက် ၆း၅၀ ထွက်တဲ့ အင်းစိန် – လှော်ကား – ရန်ကုန် ရထား နဲ့ လိုက်လာတဲ့ လှော်ကား၊ ရွှေပြည်သာဘက်က ဈေးသည်တွေ ကြားဘူတာတွေကနေ ပြန် လိုက် တာ။ တတိယအမျိုးအစားက ရုံးဝန်ထမ်းတွေပေါ့။ ကျွန်တော်တို့လို ကြားပေါက် ခရီးသည် ကတော့ နည်းပါတယ်။ အင်းစိန်က ထွက်တော့ ခရီးသည် နည်းနည်းပဲ။Continue reading “ဘ၀ ရထား (၄ )”

ဘ၀ ရထား (၃)

အင်းစိန်ကို ရောက်တော့ မနက် ၁၁ နာရီ။ မူလ အစီအစဉ်ကတော့ အင်းစိန်ကနေ YBS စီးပြီး ပြန်ဖို့ပဲ။ ဒါပေမယ့် ဘူတာမှာ စုံစမ်းလိုက်တော့ ကျွန်တော်တို့ စီးလာတဲ့ ရထားက မွန်းလွဲ တစ်နာရီ ငါးဆယ့်ငါးမိနစ်မှာ အင်းစိန် – မင်္ဂလာဒုံ – ရန်ကုန် ပြန်ထွက်မယ်ဆိုတာနဲ့ အဲဒီရထားနဲ့ ပြန်ဖို့ ဆုံး ဖြတ်လိုက်တယ်။ ဒါဆိုရင် ဒညင်းကုန်းဈေးက ဈေးဝယ်ပြန်လာတဲ့ ဈေးသည်တွေနဲ့လည်း ဆုံပြီး ဈေးအခြေအနေလေးမေး လို့ရမယ်။ အင်းစိန်ဘူတာရုံကတော့ အရင်အတိုင်းပါပဲ၊ ရထားလမ်းတွေ၊ စင်္ကြတွေကတော့ အဆင့်မြှင့်ထား တယ်။ ဘူတာရုံတွေကို မြင်ရင် ကြုံခဲ့ဖူးတဲ့ ကမောက်ကမ အဖြစ်အပျက်လေးတွေကို သတိရတယ်။ တစ်ခါကတော့ ဘူတာရုံ သာယာလှပရေးဆိုပြီး ဘူတာရုံပတ်ဝန်းကျင်တွေမှာ ပန်းအလှပင်တွေ စိုက်ခိုင်း၊လူကြီးလာရင်ပန်းခြံစစ်တဲ့ခေတ်လည်းရှိခဲ့တယ်။Continue reading “ဘ၀ ရထား (၃)”

ဘ၀ ရထား (၂)

ရထားစထွက်တာနဲ့ သတိထားမိတာက ရထားလမ်းရဲ့ အရည်အသွေးပဲ။ အရင်ကတော့ စာပို့ပဲ စီးစီး၊ အမြန်ရထားပဲ စီးစီး၊ မြို့ပတ်ရထားပဲစီးစီး ရထားစီးရတာက မြင်းစီးရသလိုပဲ။ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင်တော့ အဆိုးဆုံးက မြစ်ကြီးနားရထားပဲ။ အထက်အောက်လည်း ခုန်တယ်၊ ဘေးတိုက်လည်း ရမ်းတယ်။ ကျွန်တော့်အကြီးအကဲတစ်ယောက်၊ လူကလည်း ခပ်၀၀ ၊ မြစ်ကြီး နားရထားစီးတော့ “ငါအိပ်ရင်းနဲ့ ကြည့်နေတယ်ကွ၊ ငါ့ဗိုက်က အထက်အောက်လည်း လှုပ်တယ်။ ဘေးတိုက်လည်း လှုပ်တယ်။ ခဏနေတော့ ထမင်းဆာ လာရော” လို့ ပြောဖူးတယ်။ နောင် ကျွန်တော်တို့တပ်ရင်း ဆားမှော်ဘက်မှ ကျောက်ထုတ်ပြီး မြန်မာ့မီးရထားကို သွင်းရတဲ့ အချိန်ရောက်တော့ မြန်မာ့မီးရထား တာဝန်ရှိသူတွေက တွဲဆိုင်းတွေ အိုလာတာရယ်၊ ရထားလမ်း ဇလီဖားတုံးတွေ သက်တမ်း ကုန်နေတာ ရယ်၊Continue reading “ဘ၀ ရထား (၂)”

အင်းစိန်ဘူတာ

အင်းစိန် ဘူတာရုံ ဘေးက ထမင်းဆိုင်လေးမှာ ရထားစီးရင်း ဘော်ဒါဖြစ်လာသူ နဲ့ အတူ ထမင်းစားတယ်။ တစ်ခါပြင် တစ်ထောင် ၊ လိုက်ပွဲ နှစ်ရာ၊ ဝက်သား နှစ်တုံးပါတယ်။ ငါးပိရည် ၊ တို့စရာ ကောင်းတယ်။ ဆန်လည်းကောင်းတယ်။ အင်းစိန် ခုံးကျော်တံတားအောက်က ဈေးတန်းကို ရောက်တယ်။ ဂျပန် ပစ္စည်းအဟောင်း တွေ ထဲက ပန်းကန်ခွက်ယောက်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဆံပင်အဝယ်ဒိုင်တွေလည်း အများကြီးတွေ့တယ်။ ဆံပင် အရှည်ရော၊ ဘီးကျွတ်ရော ဝယ်တယ်တဲ့။ ဒါပေမယ့် ဘီးကျဲ တော့ မဝယ်ဘူး။