ကျိုက်ထီးရိုး ခြေလျင်ခရီး ( ၅)

ကျိုက်ထီးရိုးတောင်ပေါ်မှာ သုံးညအိပ်၊ လေးရက်နေခဲ့ပါတယ်။ ခြေလျင်တောင်တက်ခရီးစဉ် သုံးခု သွားခဲ့ပြီး အတွေ့အကြုံတွေကိုလည်း မ ျှဝေခဲ့ပြီးပါပြီ။ အခု ဆောင်းပါးကတော့ တောင်တက်ခရီး များနဲ့ တောင်ပေါ်မှာနေထိုင်စဉ် တွေ့ကြုံခဲ့ရတာတွေနဲ့ပတ်သက်ပြီး ကျွန်တော့် အမြင်ကို မ ျှေ၀ တာပါ။

တောင်ပေါ်မှာ တည်းခဲ့တဲ့ ဟိုတယ်၊ စားခဲ့တဲ့ စား သောက်ဆိုင်တွေအကြောင်းကတော့ ကျိုက်ထီးရိုးတောင်ပေါ်မှာ “ သန့်ရှင်းမှု” နဲ့ “ ဝန်ဆောင်မှု” ဆိုတာ ရှားပါးပစ္စည်း၊ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရတဲ့ မျိုးစိတ် ဆိုရင် လုံလောက် မယ်ထင်ပါရဲ့။

အစားအသောက်နဲ့ပတ်သက်ရင်တော့ လတ်ဆတ်ဖို့သေချာတဲ့ ထမင်းဆီဆမ်း/ကြက်ဥကြော်၊ လက်ဖက်ထမင်း/ ကြက်ဥကြော်၊ ထမင်းဖြူ/ မြင်းခွာရွက်သုပ်၊ မာမီးခေါက်ဆွဲပြုတ်/ကြက်ဥ တွေပဲ စားခဲ့တယ်။ ကျွန်တော့်အဖော်ကတော့ ဝက်သားဟင်း နဲ့ စားလိုက်တာ ဗိုက်ပြဿနာကြုံခဲ့ရ တယ်။

၂၀၁၉ ခုနှစ် မတ်လ စာရင်းအရ ကျိုက်ထီးရိုးတောင်ပေါ်မှာ တည်းခိုခန်း/ ဆိုင်ခန်း နှစ်ထောင် ကျော်နဲ့ လူနေအိမ်ငါးရာကျော်ရှိတယ်လို့ဆိုတယ်။ ကိုဗစ် ၁၉ မဖြစ်ခင်ထိ တစ်နှစ်ကို ဘုရား ဖူး နှစ်သန်းခွဲကနေ သုံးသန်း အထိလာတယ်လို့လည်း သိရတယ်။ တောင်ပေါ်ကနေ တစ်နေ့ အမှိုက် ငါးတန်ထွက်တယ်၊ အဲဒီအမှိုက်တွေကို သန့်စင်ဖျက်ဆီးမယ့် စက်ရုံတည်ဆောက်နေ တယ်လို့ ၂၀၁၉ မတ်လ ၁၅ရက်နေ့ သတင်းတစ်ပုဒ်မှာတွေ့ရတယ်။ ဒီလောက်များ တဲ့ လူတွေ လည်ပတ်၊ အမြဲနေထိုင်နေတဲ့အတွက် ရေ၊မိလ္လာ၊ သန့်ရှင်းမှု ပြဿနာတွေ နဲ့ ရှိတာ မဆန်းဘူး။

တကယ်တော့ ဈေးဆိုင်၊ အလှူခံ၊ ရေ၊ မိလ္လာ၊ သန့်ရှင်းရေးနဲ့ ဝန်ဆောင်မှုဆိုတဲ့ ပြဿနာတွေက ရေတိုကာလအတွင်းမှာ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေပါ။ အဲဒီထက်အရေးကြီးတာက သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေဆီလွှာထိန်းသိမ်းရေး၊ မြေပြိုကျမှုကာကွယ်ရေး၊ အမှိုက်စွန့်ပစ်မှု ဆိုတဲ့ ပြဿနာတွေပါ။ အဲဒီပြဿနာတွေနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ၊ မီဒီယာပေါ်မှ ရေးကြ ၊ ဆွေးနွေးခဲ့ကြတာ အများကြီးပဲ။ ဒါပေမယ့် ပြဿာနာဖြေရှင်းတဲ့နေရာမှာ ထိရောက်တဲ့ ၊ ထင်သာ မြင်သာတဲ့ တိုးတက်မှုတော့ မမြင်ခဲ့ရဘူး။

ကျိုက်ထီးရိုးတောင်တော် စီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီး အဓိက ပြဿနာက ပြည်ထောင်စုဝန်ကြီး ဌာနတွေနဲ့ ဂေါပကအဖွဲ့ကြားမှာ တာဝန် ၊ နဲ့လုပ်ပိုင်ခွင့်ကို ဘယ်လို သတ်မှတ်မလဲဆိုတဲ့ ပြဿနာဖြစ်မယ်ထင်တယ်။ မြန်မာနိုင်ငံမှာ ရွှေတိဂုံစေတီတော်က စလို့ ဘုရား၊စေတီ အားလုံး လိုလိုရဲ့ ဂေါပကအဖွဲ့ လုပ်ပိုင်ခွင့်က ဘုရားဝတ္တက မြေ အတွင်းမှာပဲ ဖြစ်ပါတယ်။ ဘုရားဝတ္တကမြေ ဆိုတာကလည်း အကျယ်ကြီး မဟုတ်ဘူး။

ကျိုက်ထီးရိုးမှာက ဘုရားဝတ္တက မြေနဲ့ပတ်သက်ပြီး သတ်သတ်မှတ်မှတ်ကျောက်တိုင် စိုက်ထား တာ မတွေ့ရဘူး။ ဒါပေမယ့် ခြေလျင်တောင်တက်လမ်း နဲ့ ကျောက်ထပ်ကြီးဘုရားသွားတဲ့ လမ်းမှာရှိတဲ့ အိမ်တွေ၊ ဈေးဆိုင်တွေကတော့ ဂေါပကအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတာတွေ့ခဲ့ ရတယ်။ ခြေလျင်တောင်တက်လမ်းမှာ သတိမထားခဲ့မိပေမယ့် ကျောက်ထပ်ကြီးဘုရားသွားတဲ့ လမ်းမှာဆိုရင် ဈေးဆိုင်တွေမှာ ဂေါပကအဖွဲ့က ဆိုင်နံပါတ်တွေ လာရိုက်ထားတာမြင်ခဲ့ရတယ်။ ဒီတော့ ဝတ္တကမြေ ဘယ်လောက်ကျယ်သလဲဆိုတာမသိပေမယ့် ဂေါပကအဖွဲ့ စီမံခန့်ခွဲနေ တဲ့ ဧရိယာကတော့ အတော်ကျယ်ဝန်းတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။

တစ်ဖက်မှာလည်း ကျိုက်ထီးရိုးတောင်ဟာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန က စီမံခန့်ခွဲခွင့်ရှိတဲ့ ကျိုက်ထီးရိုး သဘာဝကြိုးဝိုင်းတောထဲမှာရှိနေတယ်။ ကျိုက် ထီးရိုး ကြိုးဝိုင်းဧရိယာက ၃၈၆၀၆ ဧက ရှိတယ်။ ဒါ့ကြောင့်လည်း ကျိုက်ထီးရိုးခြေလျင် တောင် တက်လမ်း နဲ့ကျိုက်ထီးရိုး ရင်ပြင်မှာ “ ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ၊ ကျိုက်ထီး ရိုးတောင်တန်းစိမ်းလန်းဖို့ ဝိုင်းဝန်းကူညီထိန်းသိမ်းစို့” ဆိုတဲ့ ဆိုင်းဘုတ်တွေမြင်ရသလို “ခွင့်ပြု ချက် မရှိဘဲကျူးကျော်ဝင်ရောက်ခြင်း၊ မြေတူးဆွခြင်း၊တောမီးရှို့ခြင်း၊ သဘာ၀ အပင် များကို ထုတ်ယူခြင်း၊ စုဆောင်းခြင်း၊ ခူးဆွတ်ခြင်းမပြုရ” ဆိုတဲ့ သတိပေးတားမြစ်ချက်တွေလည်း တွေ့ရ တယ်။

ဒါဆိုရင် တောင်တက်လမ်း၊ ကျောက်ထပ်ကြီးသွားလမ်းလို နေရာမျိုးတွေမှာ အခြေချနေထိုင်ခွင့်၊ သာသနိက အဆောက်အဦ ဆောက်လုပ်ခွင့်တွေကို ဝန်ကြီးဌာနက ပေးမှာလား၊ ဂေါပကအဖွဲ့ က ပေးမှာလားဆိုတဲ့ မေးခွန်းပေါ်လာပြန်တယ်။ ကျောက်ထပ်ကြီး ဘုရားသွားလမ်းက ဆိုင်တွေမှာ တော့ ဂေါပကအဖွဲ့က ပေးထားတဲ့ နံပါတ်နဲ့ သစ်တောဦးစီးက ပေးထားတဲ့ နံပါတ် နှစ်မျိုး တွေ့ခဲ့ရတယ်။ အရောင်လည်း မတူဘူး။ နံပါတ်လည်း မတူဘူး။

နောက်တစ်ခါ “တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ဆိုပေမယ့် တောင်ပေါ်က ဆိုင်တွေမှာ တောရိုင်း တိရစ္ဆာန်တွေရဲ့ အရိုးတွေ၊ သားရေ၊ အဆီ တွေ၊ ဆေးဖက်ဝင် သစ်မြစ် ၊ သစ်ဖုတွေကိုပြောင်ပြောင် တင်းတင်းရောင်းချနေပြန်ရော၊ စား သောက်ဆိုင်တွေမှာတောင် တောကောင်သားဆိုပြီး ရောင်းတာလည်းရှိတယ်။ ဒါကို သစ်တော ဘက်က မသိလို့အရေးမယူတာလား၊ ဒါမှမဟုတ် အတုတွေဖြစ်တဲ့အတွက် လျစ်လျူရှုထား တာလားဆိုတာလည်း စဉ်းစားစရာပဲ။

ဒါ့အပြင် ကျွန်တော်လေ့လာမိသမ ျှ မှတ်တမ်းတွေအရ ယဉ်ကျေးမှုဝန်ကြီးဌာန ( အခု သာသနာ ရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ) က ၁၉ ၉ ၉ ခုနှစ် အောက်တိုဘာ ၁၁ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ( ၄/၉ ၉ ) နဲ့ ကျိုက်ထီးရိုးစေတီတော်ကို ကာကွယ်ထိန်းသိမ်း ထားသော ဇုန် အဖြစ် သတ်မှတ် ခဲ့ပါတယ်။ အဲဒီကြော်ငြာစာကို ဖျက်သိမ်းတဲ့ မှတ်တမ်း အခုအချိန်ထိ မတွေ့ သေးဘူး။ ၂၀၁၉ အောက်တိုဘာလ ၁၈ ရက်နေ့ သတင်းတစ်ပုဒ်မှာတော့ အဲဒီအချိန်ထိ ကြော်ငြာစာက အာဏာ တည်နေဆဲဆိုတာ တွေ့ရတယ်။

အဲဒီအမိန့်ကြော်ငြာစာအရဆိုရင် ကျိုက်ထီးရိုးရင်ပြင်တော်နဲ့ ဝတ္တကမြေထဲမှာ သာသနိက အဆောက်အဦတွေ၊ ဟိုတယ်တွေ၊ လူနေဆိုင်ခန်းတွေ ဆောက်လုပ်တာကို ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ဆောက်ရမယ့် သဘောပဲ။ လက်တွေ့မြေပြင်မှာ မြင်ခဲ့ရတာကတော့ အဲဒီလို ဆောင်ရွက်နေပုံမရဘူး။ ဆောင်ရွက်နေတယ်ဆိုရင်တောင် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ အတည် ပြုချက်နဲ့ ဆောင်ရွက်တဲ့အကြောင်း ပြည်သူကို အသိပေးထားတာမမြင်ခဲ့ရဘူး။

ဒီလိုပဲ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရင်ပြင်တော်ပေါ် က ဟိုတယ်တွေ ၊ ကျိုက်ထီးရိုးတောင်ခရီးသွားလုပ်ငန်းတွေ ကိုက်ညီအောင် ဘယ်လိုလုပ်မလဲ၊ ဝန်ကြီး ဌာနက ခွင့်ပြုမှ ဟိုတယ်ဆောက်မှာလား၊ ဂေါပက ခွင့်ပြုချက်နဲ့ ဟိုတယ်ဆောက်ပြီး မှ ဝန်ကြီးဌာနခွင့်ပြုချက်ယူတာလားဆိုတဲ့ မေးခွန်းတွေလည်းရှိတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ ကို ဆွဲဆောင်နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေနဲ့ ဂေါပကအဖွဲ့ရဲ့ ဘဏ္ဍာရေး လိုအပ်ချက် ဘယ်လို ချိန်ညှိမလဲဆိုတာကလည်း အရေးကြီးတဲ့ ကိစ္စပဲ။

ဒီလိုပါပဲ။ မွန်ပြည်နယ်အစိုးရ၊ ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့် နဲ့ ဂေါပက အဖွဲ့ကြား တာဝန်နဲ့လုပ်ပိုင်ခွင့်တွေဘယ်လို ပိုင်းခြားသတ်မှတ်မလဲဆိုတာလည်း တိတိကျကျ အကောင်အထည်ဖော်ဖို့လိုပါတယ်။

ဥပမာ စည်ပင်သာယာလိုင်စင်နဲ့ ဖွင့်တဲ့ တည်းခိုခန်းတွေကို ဂေါပက စစ်ဆေးမှာလား၊ ကျိုက်ထိုစည်ပင်က စစ်ဆေးမှာလား၊ စားသောက်ဆိုင်တွေကို စည်ပင်က လိုင်စင်ပေး စည်းကမ်းနဲ့ညီမညီ စစ်ဆေးမလား၊ ဒါမှ မဟုတ် ဂေါပက ခွင်ပြုရင် သန့်ရှင်းဖို့၊ စနစ် ကျဖို့ ဂေါပက တာဝန်ယူစစ်ဆေးမလားဆိုတာမျိုးပေါ့။

တစ်ချိန်တည်းမှာပဲ ဂေါပကအဖွဲ့ကဖြစ်ဖြစ်၊ အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုက ဖြစ်ဖြစ် ခွင့်ပြုခဲ့ လို့ ဆယ်စုနှစ်များစွာ နေထိုင်လုပ်ကိုင်စားသောက်နေသူတွေရဲ့ လူမှုစီးပွားဘဝကိုလည်း ထည့် စဉ်းစားအဖြေရှာပေးရမှာပဲ။ သွားကြပေရော့ ဆိုပြီး မောင်းချ လို့လည်း မဖြစ်ဘူး။

တကယ်တော့ ကျိုက်ထီးရိုးက သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်မှုကို ပေါင်းစပ်အကောင်အထည်ဖော်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပဲ။ ဒါပေမယ့် တစ်ချိန်က နောင်လာမယ့် နှစ်နှစ်ဆယ်၊ သုံးဆယ် မှာ ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ကြိုတင် မေ ျှာ်တွေးဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဒီနေ့ပြဿနာတွေနဲ့ ရင်ဆိုင် နေရတာပါ။ ဒါ့ကြောင့် အခုအချိန်မှာ အနာဂတ်အတွက် ရေရှည်မေ ျှာ်တွေး ဆောင်ရွက်ဖို့ မပျက်ကွက်သင့်တော့ ဘူး။

2 thoughts on “ကျိုက်ထီးရိုး ခြေလျင်ခရီး ( ၅)

  1. ပိုက်ပိုက် ပေးရင် စည်ပင်ဥပဒေဆိုတာ အလကားဖြစ်အောင်လုပ်ခဲ့ကြတဲ့ ဘောင်းဘီချွတ် ပုဆိုးပြောင်းဝတ်တဲ့ အုပ်ချုပ်ရေးပိုင်းကလူကြီးတွေကိုသတိရမိပါတယ်။ ဥပဒေကိုလဲခေတ်နှင့်အညီပြောင်းလဲမှုမရှိခဲ့တာလဲတစ်ပိုင်းပေါ့။ အခုလဲ အဲခေတ်ကိုပြန်ရောက်နေပါပြီ။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: