ကျိုက်ထီးရိုးတောင်တက်ခရီးစဉ်အကြောင်းရေးတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် ကရင်ပြည်နယ် ဘားအံမြို့ကနေ ရန်ကုန်ကို ရဟတ်ယာဉ်နဲ့ အသွား ကျိုက်ထီးရိုး ဘုရားကို ဝင်ရောက်ဖူးမေ ျှာ်ခဲ့တာကို သတိရတယ်။ အဲဒီခရီးစဉ်မှာ ကျိုက်ထီးရိုးတောင်ကို ရဟတ်ယာဉ်နဲ့ လှည့်ပတ်ကြည့်ရှုတဲ့အခါ မြင်ရတဲ့ မြင်ကွင်း ကြောင့် သမ္မတ ဦးသိန်းစိန်လည်း အတော်စိတ်ပူသွားပုံရတယ်။ ဘုရားဖူးပြည်သူတွေနဲ့ တွေ့ တော့လည်း ပြောရဲဆိုရဲ ရှိသူတစ်ချို့က တည်းခိုခန်းခ ဈေးကြီးတဲ့အကြောင်း၊ ရင်ပြင်တော်မှာ အိပ်ရတဲ့အကြောင်း နဲ့ သန့်ရှင်းရေး မကောင်းတဲ့အကြောင်း ပြောကြတယ်။ ( အဲဒါတောင် ဘုရားဖူးတွေ လေတဖြူးဖြူးနဲ့ အိပ်ချင်လို့ ရင်ပြင်ပေါ်မှာ အိပ်တာပါ လို့ တင်ပြ တဲ့ ပုဂ္ဂိုလ် ရှိသေးတယ်။ ) ဒါ့ကြောင့်Continue reading “ကျိုက်ထီးရိုး ၂၀၁၆”
Tag Archives: Glodenrock
ဆောင်နိုင်ကြီး ရေတံခွန်
နောက်ဆုံးမှ ရေးပေမယ့် ကျိုက်ထီးရိုး ခြေလျင်ခရီးစဉ်မှာ ပထမဆုံးရောက်ခဲ့တာက ကင်မွန်းစခန်း နားမှာရှိတဲ့ “ ဆောင်နိုင်ကြီး” ရေတံခွန်ပါ။ ကင်မွန်းစခန်းကနေ ကိုယ့်ကားနဲ့ ကိုယ်သွားလည်း ရတယ်။ ကျွန်တော်တို့ကတော့ တုတ်တုတ်ငှားသွားတယ်။ ဆောင်နိုင်ကြီးရေတံခွန်က ကင်မွန်းစခန်းကနေ သုံးမိုင်ကျော်ဝေးတယ်။ တောင်ပေါ်တက်တဲ့ ကားဂိတ်နားကနေ ဘယ်ဘက်လမ်းခွဲအတိုင်းလိုက်သွားရတယ်။ လမ်းခွဲကနေ ကိုက်သုံးလေးရာ ဝင်သွားရင် ကဒတ်ချောင်း အပန်းဖြေစခန်း ရှိတယ်။ သူကတော့ ချောင်းထဲမှာ ကျောက်တုံးတွေ စီပြီး ရေစိမ်လို့ရ အောင်လုပ်ထားတာပါ။ စားသောက်ဆိုင်တွေလည်းများတယ်။ လူရှုပ်တယ်။ ဆောင်နိုင်ကြီး ရေတံခွန်ကို လူတွေ စသိတာက ခုနှစ်နှစ်လောက်ရှိပြီလို့ပြောတယ်။ စည်ကား လာတာကတော့ ကိုဗစ် မဖြစ်ခင် နှစ်နှစ်သုံးနှစ်လောက်ကလို့ ဆိုတယ်။ ဆောင်နိုင်ကြီး ရွာကို သွားတဲ့ကားလမ်းကောင်းသွားတာကြောင့်လည်း ဖြစ်နိုင်တယ်။ လမ်းကို ကတ္တရာခင်းတာလည်း တစ်မိုင်ပြီးသွားပြီ။ ၂၀၂၀-၂၀၂၁Continue reading “ဆောင်နိုင်ကြီး ရေတံခွန်”
ကျိုက်ထီးရိုး ခြေလျင်ခရီး ( ၅)
ကျိုက်ထီးရိုးတောင်ပေါ်မှာ သုံးညအိပ်၊ လေးရက်နေခဲ့ပါတယ်။ ခြေလျင်တောင်တက်ခရီးစဉ် သုံးခု သွားခဲ့ပြီး အတွေ့အကြုံတွေကိုလည်း မ ျှဝေခဲ့ပြီးပါပြီ။ အခု ဆောင်းပါးကတော့ တောင်တက်ခရီး များနဲ့ တောင်ပေါ်မှာနေထိုင်စဉ် တွေ့ကြုံခဲ့ရတာတွေနဲ့ပတ်သက်ပြီး ကျွန်တော့် အမြင်ကို မ ျှေ၀ တာပါ။ တောင်ပေါ်မှာ တည်းခဲ့တဲ့ ဟိုတယ်၊ စားခဲ့တဲ့ စား သောက်ဆိုင်တွေအကြောင်းကတော့ ကျိုက်ထီးရိုးတောင်ပေါ်မှာ “ သန့်ရှင်းမှု” နဲ့ “ ဝန်ဆောင်မှု” ဆိုတာ ရှားပါးပစ္စည်း၊ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရတဲ့ မျိုးစိတ် ဆိုရင် လုံလောက် မယ်ထင်ပါရဲ့။ အစားအသောက်နဲ့ပတ်သက်ရင်တော့ လတ်ဆတ်ဖို့သေချာတဲ့ ထမင်းဆီဆမ်း/ကြက်ဥကြော်၊ လက်ဖက်ထမင်း/ ကြက်ဥကြော်၊ ထမင်းဖြူ/ မြင်းခွာရွက်သုပ်၊ မာမီးခေါက်ဆွဲပြုတ်/ကြက်ဥ တွေပဲ စားခဲ့တယ်။ ကျွန်တော့်အဖော်ကတော့ ဝက်သားဟင်း နဲ့Continue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး ( ၅)”
ကျိုက်ထီးရိုး ခြေလျင်ခရီး (၃)
တောင်တက်ခရီး ဒုတိယနေ့မှာ ကျိုက်ထီးရိုးတောင်ပေါ်ကနေ ရသေ့တောင်၊ မြစိမ်းတောင် လမ်း ကြောင်းအတိုင်း စွန်တောင်ကို သွားခဲ့တယ်။ ကျိုက်ထီးရိုးကနေ ရသေ့တောင်ကို ကားနဲ့ ဆင်း၊ ရသေ့တောင်ခြေကနေ ရသေ့တောင်၊ မြစိမ်း တောင်၊ စွန်တောင်အထိ ဆိုင်ကယ်ကယ်ရီနဲ့ သွားလို့ ရပေမယ့် ကျွန်တော်တို့ကတော့ ခြေလျင်ခရီးပဲ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျိုက်ထီးရိုး တောင်ပေါ်ကနေ စွန်တောင် အထိ ၃ ဒဿမ ၉ ၆ မိုင်၊ လမ်းလေ ျှာက်ချိန် ၁ နာရီ ၅၈ မိနစ်ရှိပါတယ်။ လမ်းအခြေအနေကတော့ ရင်ပြင်တော်ကနေ ရသေ့တောင်ခြေ အထိ အဆင်း သက်သက်၊ ရသေ့တောင်ခြေကနေ ရသေ့တောင်ထိပ်အထိ အတက်သက်သက်၊ ရသေ့ တောင်ထိပ်ကနေ စွန်တောင်အထိ တောင်ကြောအတိုင်း နိမ့်လိုက်မြင့်လိုက် ဖြစ်ပါContinue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး (၃)”
ကျိုက်ထီးရိုး ခြေလျင်ခရီး (၂)
ညနေရောက်တော့ ရွှေမြိုင်စိန်ဆိုင်က ရှာပေးတဲ့ လမ်းပြရောက်လာတယ်။ အသက် သုံးဆယ် ကျော်၊ ကိုဝင်းကျော်သူတဲ့။ မွေးတာကတော့ သိမ်ဇရပ်နဲ့ ကျိုက်ထိုကြားက အင်္ဂဘိုရွာမှာ၊ ဒါပေမယ့် ကင်းမွန်းချောင်းရောက်နေတာ နှစ်သုံးဆယ်နီးပါးရှိပြီ။ ကျွန်တော်နဲ့ ကျွန်တော့်အဖော် ရဲ့ အဝတ်အိတ် တွေကို ဆကြည့် တယ်။ ပြီးတော့ ဘယ်လောက်ပေးရမလဲဆိုတာ ပြောတယ်။ ဘယ်လောက်ပေး ရသလဲဆိုတာ တော့ ထည့်မရေးတော့ဘူး။ အိတ်အရေအတွက်၊အလေးချိန်၊ လမ်းကြောင်းရာသီ ဥတု အခြေ အနေ ပေါ်မူတည်ပြီး ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ ( တောင်တက် ခရီးအတွက် ဆက်သွယ်ချင်တယ်ဆိုရင် ကိုဝင်းကျော်သူ ဖုန်းနံပါတ်က ၀၉ ၈၉၄ ၁၁ ၅၅ ၂၅ ပါ။ ) ညနေ ၆ နာရီကျော်တော့မီးလာတယ်။ ဆယ်နာရီကျော်တော့ မီးContinue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး (၂)”