ကျိုက်ထီးရိုး ခြေလျင်ခရီး (၃)

တောင်တက်ခရီး ဒုတိယနေ့မှာ ကျိုက်ထီးရိုးတောင်ပေါ်ကနေ ရသေ့တောင်၊ မြစိမ်းတောင် လမ်း ကြောင်းအတိုင်း စွန်တောင်ကို သွားခဲ့တယ်။ ကျိုက်ထီးရိုးကနေ ရသေ့တောင်ကို ကားနဲ့ ဆင်း၊ ရသေ့တောင်ခြေကနေ ရသေ့တောင်၊ မြစိမ်း တောင်၊ စွန်တောင်အထိ ဆိုင်ကယ်ကယ်ရီနဲ့ သွားလို့ ရပေမယ့် ကျွန်တော်တို့ကတော့ ခြေလျင်ခရီးပဲ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျိုက်ထီးရိုး တောင်ပေါ်ကနေ စွန်တောင် အထိ ၃ ဒဿမ ၉ ၆ မိုင်၊ လမ်းလေ ျှာက်ချိန် ၁ နာရီ ၅၈ မိနစ်ရှိပါတယ်။ လမ်းအခြေအနေကတော့ ရင်ပြင်တော်ကနေ ရသေ့တောင်ခြေ အထိ အဆင်း သက်သက်၊ ရသေ့တောင်ခြေကနေ ရသေ့တောင်ထိပ်အထိ အတက်သက်သက်၊ ရသေ့ တောင်ထိပ်ကနေ စွန်တောင်အထိ တောင်ကြောအတိုင်း နိမ့်လိုက်မြင့်လိုက် ဖြစ်ပါContinue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး (၃)”

ကျိုက်ထီးရိုး ခြေလျင်ခရီး (၂)

ညနေရောက်တော့ ရွှေမြိုင်စိန်ဆိုင်က ရှာပေးတဲ့ လမ်းပြရောက်လာတယ်။ အသက် သုံးဆယ် ကျော်၊ ကိုဝင်းကျော်သူတဲ့။ မွေးတာကတော့ သိမ်ဇရပ်နဲ့ ကျိုက်ထိုကြားက အင်္ဂဘိုရွာမှာ၊ ဒါပေမယ့် ကင်းမွန်းချောင်းရောက်နေတာ နှစ်သုံးဆယ်နီးပါးရှိပြီ။ ကျွန်တော်နဲ့ ကျွန်တော့်အဖော် ရဲ့ အဝတ်အိတ် တွေကို ဆကြည့် တယ်။ ပြီးတော့ ဘယ်လောက်ပေးရမလဲဆိုတာ ပြောတယ်။ ဘယ်လောက်ပေး ရသလဲဆိုတာ တော့ ထည့်မရေးတော့ဘူး။ အိတ်အရေအတွက်၊အလေးချိန်၊ လမ်းကြောင်းရာသီ ဥတု အခြေ အနေ ပေါ်မူတည်ပြီး ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ ( တောင်တက် ခရီးအတွက် ဆက်သွယ်ချင်တယ်ဆိုရင် ကိုဝင်းကျော်သူ ဖုန်းနံပါတ်က ၀၉ ၈၉၄ ၁၁ ၅၅ ၂၅ ပါ။ ) ညနေ ၆ နာရီကျော်တော့မီးလာတယ်။ ဆယ်နာရီကျော်တော့ မီးContinue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး (၂)”