နော်ေ၀ ခရီးစဉ် ၂၀၁၆

လွန်ခဲ့တဲ့ ခြောက်နှစ်က ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့အထိ နော်ဝေနိုင်ငံကို သွားခဲ့ရတယ်။

ကျွန်တော့်အနေနဲ့ နော်ဝေကို ပထမဆုံးရောက်ဖူးတာက ၂၀၁၂ ခုနှစ်ပါ။ အဲဒီ အချိန်က IMS နဲ့ DVB အစီအစဉ်နဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နိုင်ငံတွေရဲ့ပြည်သူ့ဝန်ဆောင် မှုမီဒီယာ လုပ်ငန်းတွေကို လေ့လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် အဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့ လိုက်ခဲ့ရ တာပါ။ ဒုတိယအကြိမ်ကတော့ ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်ရဲ့ချစ်ကြည်ရေးခရီးစဉ်ဖြစ် ပါတယ်။

အခု ခရီးစဉ်အတွက် ကျွန်တော့်ကို ဖိတ်ကြားတာက နော်ဝေးမြန်မာကော်မတီ ( Norwegian Burma Committee ) က ဖြစ်ပါတယ်။ ဒီအဖွဲ့ကအရင်က ပြည်ပအခြေစိုက် တပ်မတော်အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့ အစည်းများကို ကူညီထောက်ပံ့ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာ နိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို နည်းပညာ အကူအညီပေးခဲ့ဖူးတယ်။

ကျွန်တော့်ကို ဖိတ်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲနိုင် အင်န်အယ်လ်ဒီအစိုးရကို ငြိမ်းချမ်း စွာ အာဏာလွှဲပြောင်းပေးပြီးတဲ့နောက် မြန်မာ့နိုင်ငံရေးအလားအလာ ဘယ်လိုရှိသလဲဆိုတဲ့ အချက် နဲ့ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဖို့ပဲဖြစ်ပါတယ်။

ကျွန်တော့်ခရီးစဉ်အတွင်း အော်စလို စာပေရိပ်မြုံ (House of Literature) မှာ မြန်မာ့ ပြုပြင် ပြောင်းလဲရေးအတွေ့အကြုံနှင့် လက်ရှိအစိုးရ ရင်ဆိုင်ရမည့် စိန်ခေါ်မှု များ အကြောင်းကို နော်ဝေ-မြန်မာကော်မတီမှ ညွှန်ကြားရေးမှူး Audun Aagre နှင့် အတူ ပါဝင်ဆွေးနွေးပြီး မေးခွန်းများကို ဖြေကြားခဲ့တယ်။ အဲဒီပွဲမှာ သူငယ်ချင်းမွန်းအောင်နဲ့လည်း ပြန်တွေ့တယ်။ ဆွေးနွေးပွဲအပြီးမှာ မွန်းအောင်က ငြိမ်းချမ်းရေးသီချင်းနဲ့ ဖျော်ဖြေခဲ့တယ်။

အဲဒီဆွေးနွေးပွဲအပြင် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး Anne Lilleøren, နော်ဝေလွှတ်တော် စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမြဲတမ်း ကော်မတီ ဥက္ကဌ Ola Elvestuen (လစ်ဘရယ်ပါတီ) နှင့် လစ်ဘရယ်ပါတီ အမှုဆောင်အရာရှိ Torild Skogsholm တို့၊ နောက်ပြီး Nowegian Institute for Defence Studies ( IFS) , Peace Research Institute ( PRIO), Norwegian Institute of Foreign Policy (NUPI), Norwegian School of Theology တို့က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံ အမြင်ချင်းဖလှယ်ခွင့်ရခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ ကျွန်တော့်ကို အများဆုံးမေးတဲ့မေးခွန်းတွေကတော့

၁။ အင်န်အယ်လ်ဒီအစိုးရ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများ။
၂။ အတိုက်အခံပါတီများရဲ့ အခန်းကဏ္ဍ။
၃။ မြန်မာနိုင်ငံရဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဆိုတဲ့ သုံးချက်ပါပဲ။

အဲဒီမေးခွန်းတွေအပေါ်မှာ ကျွန်တော်ဆွေးနွေးခဲ့တာတွေကို အတိုချုပ်ပြောရရင်

၁။ ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာရော၊ သြဇာပါ ရှိတယ်။ ကျွန်တော်အမြင်ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပြည်သူအများစု လိုက်ပါလာ အောင် လှုံ့ဆော်စည်းရုံးနိုင်တဲ့ သြဇာ မျိုး သူနဲ့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း နှစ်ယောက်မှာပဲရှိတယ်။

၂။ ဦးသိန်းစိန်ရဲ့ အစိုးရက အရင် တပ်မတော်အစိုးရရဲ့ အမွေကို ဆက်ခံပြီးပေါက်ဖွားလာရတာ၊ အင်န်အယ်လ်ဒီအစိုးရကတော့ အသစ်မွေးဖွားလာတာ။ ဒ့ါကြောင့် လူထု သဘောထား၊ လူထု ထောက်ခံမှုမှာ ကွာခြားတယ်။ Mandate ပိုအားကောင်းတယ်။ လူထုရဲ့ မေ ျှာ်လင့်ချက် ပိုများ တယ်။

၃။ အင်န်အယ်လ်ဒီအစိုးရရဲ့ အဓိက စိန်ခေါ်မှုတွေက လူထု မေ ျှာ်လင့်ချက်မြင့်မားနေမှုကို လိုက်မီ အောင်ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကို ဘယ်လို အသုံးချမလဲဆိုတဲ့ အချက်ဖြစ်တယ်။ ပုဂ္ဂိုလ်တစ်ဦးတည်းကို မှီခိုနေရာကနေ ပါတီအဖွဲ့အစည်းကို မှီခိုရတဲ့ အခြေ အနေဖြစ်ဖို့လိုတယ်။

၄။ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့ အဓိက စိန်ခေါ်မှုက အရပ်ဘက် – စစ်ဘက် ဆက်ဆံ ရေးပဲ။ အတိုက်အခံပါတီတွေရဲ့ အခန်းကဏ္ဍက အားနည်းနေသေးတယ်။

၅။အင်န်အယ်လ်ဒီပါတီအနေနဲ့ လက်ရှိအခြေခံဥပဒေဟာ တပ်မတော်ကို နိုင်ငံ ရေးကနေ အဆင့်ဆင့် ဆုတ်ခွာခွင့်ပေးမယ့် မဟာဗျူဟာ ( Exit Strategy )လို့ မြင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးထက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ပြရင် ကောင်းမယ်။

၆။ တပ်မတော်ဘက်ကလည်း ၂၀၀၈ အခြေခံဥပဒေအရပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခင်း အကျင်းက ၁၉ ၇၄ အခြေခံဥပဒေအရပေါ်ပေါက်လာတဲ့ တစ်ပါတီနိုင်ငံရေးအခင်းအကျင်း မဟုတ်တော့ဘူး၊ ပြည်ခိုင်ဖြိုးအစိုးရ၊ အင်န်အယ်လ်ဒီအစိုးရ၊ ဘယ်အစိုးရကိုဖြစ်ဖြစ် တပ်မတော်က လုပ်ဖော်ကိုင်ဘက် ( Junior Partner ) အဖြစ်နဲ့ ပါဝင်ပြီး အပြောင်းအလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ အကောင်အထည် ဖော်နိုင်အောင် ကူညီ ဖို့ဖြစ်တယ်လို့ခံယူနိုင်ရမယ်။

လွန်ခဲ့တဲ့ခြောက်နှစ်က အတွေးအမြင်တွေပေါ့။ အဲဒီအချိန်က ပွတ်တိုက်မှုတွေ ရှိမယ်ဆိုတာ သိပေမယ့် လွှတ်တော်နိုင်ငံရေး၊ ရွေးကောက်ပွဲနိုင်ငံရေး ဘောင်ထဲမှာပဲ ငြင်းခုန်ကြ၊ ပြည်သူ ကို တိုင်တည်ပြီး လုပ်ပိုင်ခွင့်တောင်းကြ နဲ့ ဖြတ်သန်းသွားလိမ့်မယ်လို့ ယူဆခဲ့တာပါ။ “အာဏာ နဲ့ လုပ်ပိုင်ခွင့်” ဟာ လူတွေရဲ့ စိတ်ကို ပြောင်းလဲသွားစေနိုင်တယ် ဆိုတဲ့အချက်ကို ထည့်မစဉ်းစားမိ ဘူး။ အခုအချိန်မှာတော့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက အများကြီး ပြောင်းလဲသွားခဲ့ပြီး ပုစ္ဆာ အသစ်၊ ပေးထားချက်အသစ်တွေဖြစ်သွားပြီ။

V

One thought on “နော်ေ၀ ခရီးစဉ် ၂၀၁၆

  1. I am not clear about what you are trying to say here: ““အာဏာ နဲ့ လုပ်ပိုင်ခွင့်” ဟာ လူတွေရဲ့ စိတ်ကို ပြောင်းလဲသွားစေနိုင်တယ် ဆိုတဲ့အချက်ကို ထည့်မစဉ်းစားမိ ဘူး။”

    Liked by 2 people

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: