၀ယ်ကြမလား ရုရှားရေနံ

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ မြေပြင်စစ်ပွဲနဲ့ စီးပွားရေးစစ်ပွဲဆိုပြီး စစ်မျက်နှာ နှစ်ခု ရှိတယ်။ စီးပွားရေးစစ်ပွဲမှာ အဓိက စစ်မျက်နှာကတော့ စွမ်းအင်ကဏ္ဍပေါ့။

၂၀၂၁ ခုနှစ် စာရင်းအရ စွမ်းအင်ကဏ္ဍက ဝင်ငွေဟာ ရုရှားအစိုးရ ဘတ်ဂျက်ရဲ့ ၄၅ % ရှိပါတယ်။ ဒ့ါကြောင့် ရုရှားကို စီးပွားရေးအရ ထိုးနှက်ဖို့ဆိုရင် စွမ်းအင်ကဏ္ဍက အကောင်းဆုံးပဲ။ ဒါပေမယ့် အမေရိကန်နဲ့ ဗြိတိန်တို့က အဲဒီလို လုပ်ဖို့လွယ်ပေမယ့် အီးယူနိုင်ငံတွေအတွက်က မလွယ် ဘူး။ ဥရောပသမဂ္ဂ( အီးယူ) အဖွဲ့ဝင်နိုင်ငံတွေ လိုအပ်တဲ့ ရေနံ ၃၆% နဲ့ သဘာဝဓာတ်ငွေ့ ၄၁% က ရုရှားကနေတင်သွင်းနေရတာဖြစ်ပါတယ်။ တစ်နိုင်ငံချင်းအနေနဲ့တော့ ရုရှားရေနံကို မှီခို ရတဲ့ ရာခိုင်နှုန်းအနည်းအများကွာပါတယ်။ ဒါ့ကြောင့် အီးယူနိုင်ငံတွေကြားမှာ အပေးအယူ အမျိုးမျိုးလုပ်ပြီးမှ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ ရုရှားနိုင်ငံက တင်ပို့တဲ့ရေနံအပေါ် အရေးယူ ပိတ်ဆို့မှုလုပ်နိုင်မယ့် အစီအစဉ်ကို ကြေညာနိုင်ခဲ့တယ်။ ဒါတောင် သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်ပြီး တော့ အရေးယူမှုမလုပ်နိုင်သေးဘူး။

အီးယူဆုံးဖြတ်ချက်အရ အီးယူအဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့က စပြီး ရုရှားနိုင်ငံက ပိုက်လိုင်း/ သဘောၤနဲ့ ရေနံ တင်သွင်းခွင့်မရှိတော့ဘူး။ ဒါ့အပြင် အီးယူ အဖွဲ့ဝင်နိုင်ငံတွေက ကုမ္ဗဏီတွေ အနေ နဲ့ ရုရှားရေနံကို သယ်ယူပို့ဆောင်ပေးတာ၊ ရုရှားရေနံကို သယ်ယူမယ့်သဘောၤတွေအတွက် အာမ ခံပေးတာအပါအဝင် ရုရှားစွမ်းအင်ကဏ္ဍကို အထောက် အကူဖြစ်စေမယ့် လုပ်ငန်းတွေ မလုပ်ဖို့ လည်း တားမြစ်ခဲ့တယ်။

ဒါပေမယ့် အီးယူက ကုန်းပိတ်နိုင်ငံတွေဖြစ်တဲ့ ဟန်ဂေရီ၊ ချက် နဲ့ ဆလိုဗက် သုံးနိုင်ငံကိုတော့ ပိုက်လိုင်းကတဆင့် ရုရှားရေနံကို တင်သွင်းခွင့်ပြုထားသေးတယ်။ အဲဒီသုံးနိုင်ငံရဲ့ ရုရှားရေနံ အပေါ်မှီခိုနေရမှုက ဟန်ဂေရီ ( ၈၆%)၊ ချက်နိုင်ငံ(၉ ၇%) နဲ့ ဆလိုဗက်နိုင်ငံ (၁၀၀%) ဖြစ်တယ်။ အဲဒီနိုင်ငံတွေက ရုရှားရေနံကို ဝယ်လို့ရပေမယ့် ထပ်ဆင့်တင်ပို့ခွင့်မရှိဘူး။ အနာဂတ်မှာ အဲဒီ သုံးနိုင်ငံလည်း ရုရှားရေနံတင်သွင်းမှုကို ရပ်ရမယ်လို့ဆိုပေမယ့် အချိန်ဇယားသတ်မှတ်ထားတာ တော့မရှိသေးဘူး။

တစ်ချိန်တည်းမှာပဲ အီးယူက ရုရှားရေနံနေရာကို အစားထိုးဖို့အတွက် အိုပက်နိုင်ငံတွေကို ရေနံ ထုတ်လုပ်မှုတိုးမြှင့်ပေးဖို့ ညှိနှိုင်းနေရတာတွေရှိသလို အမေရိကန်က ဗင်နီဇွဲလားနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပြီး ဗင်နီဇွဲလားရေနံကို ဝယ်နိုင်ဖို့ လုပ်နေ ရတာလည်း ရှိတယ်။

ရုရှားကတော့ အီးယူကမဝယ်ရင်လည်း ဝယ်မယ့်နိုင်ငံတွေရှိတယ်၊မှုစရာမလိုဘူးလို့ ပြော တယ်။ လက်တွေ့မှာလည်း ယူကရိန်းစစ်ပွဲစချိန်ထဲက တရုတ်နဲ့ အိန္ဒိယက ရုရှားရေနံတွေကို ပိုပြီး ဝယ် နေခဲ့တယ်။ တရုတ်က မနှစ်က ရုရှားရေနံကို တစ်နေ့ စည် ရှစ်သိန်းတင်သွင်းရာကနေ အခု တစ်နေ့ကို ၁.၁ သန်းတင်သွင်းနေတယ်။ အိန္ဒိယနိုင်ငံကလည်း မနှစ်က တစ်နေ့ကို စည် တစ်သိန်းခုနှစ်သိန်းကျော်တင်သွင်းရာကနေ အခု စည် ကိုးသိန်းနီးပါး တိုးချဲ့တင်သွင်းလာ နေတယ်။

ဒါပေမယ့် ရုရှားနိုင်ငံက အီးယူနိုင်ငံတွေကို တင်ပို့နေတဲ့ တစ်နေ့ ရေနံစည် နှစ်သန်းကျော် ကို တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက အကုန် ဖြုန်းပေးနိုင်မှာမဟုတ်ဘူး။ ဒ့ါကြောင့် ရုရှားနိုင်ငံက ရေနံတစ်စည် ကို ပေါက်ဈေးထက် ဒေါ်လာ ၃၀ ၊ ၃၅ ဒေါ်လာ လေ ျှာ့ရောင်းပြီး ဈေးကွက် ချဲ့ထွင်နေတယ်။ တစ်ဖက်မှာလည်း ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်နေမှုရယ်၊ ရုရှားရေနံ နဲ့ သဘာ၀ ဓာတ်ငွေ့ကို ရူဘယ်သုံးပြီး ဝယ်ရမယ်ဆိုတဲ့မူဝါဒကြောင့် အခုအချိန်မှာ တစ်လကို ရေနံကနေ ဝင်ငွေ ၂၀ ဘီလျံလောက်ရနေတယ်။ ဇွန် ၂၃ ရက်နေ့ CNBC သတင်းအရ ရူဘယ်ငွေတန်ဖိုး ကလည်း ဒေါ်လာနဲ့ ယှဉ်လိုက်ရင် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံးဖြစ်လာတယ်။ ဒါ့ကြောင့် လည်း ပူတင်က အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုက အလုပ်မဖြစ်ဘူးလို့ ပြောနေနိုင် တာပေါ့။ ဒါပေမယ့် ဒီအခြေအနေက အီးယူရဲ့ ရေနံပိတ်ဆို့မှုအသက်မဝင်ခင်ထိပဲ ဖြစ်မှာပါ။

အီးယူရဲ့ ပိတ်ဆို့မှုထဲမှာ ရေနံဝယ်ရောင်းတာ ပိတ်ပင်မှုကိုပဲ လူပြောများ နေပြီး ရေကြောင်း အာမခံကိစ္စကို ပြောတဲ့သူနည်းတယ်။ ကမ္ဘာပေါ်မှာ ရေကြောင်းအာမခံလုပ်ငန်း ၉ ဝ% ကို အနောက်အုပ်စု အာမခံကုမ္ဗဏီတွေက ဆောင်ရွက်ပေးနေ တာဖြစ်ပါတယ်။ အခု အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသက်ဝင်လာမယ့် ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ပိုင်းမှာ ရုရှားရေနံကို သယ် ဆောင်လာတဲ့သင်္ဘောတွေအတွက် ရေကြောင်း အာမခံရဖို့အခက်အခဲဖြစ်လာမယ်။ အဲဒီလို ခိုင်လုံ တဲ့အာမခံမရှိရင် စူးအက်တူးမြောင်းကို ဖြတ်လို့မရဘူး။ ဆိပ်ကမ်းတွေမှာ ကပ်လို့မရဘူး။ အဲဒါဆိုရင် ရုရှားရေနံကို ဝယ်တဲ့ နိုင်ငံတွေအတွက် သယ်ယူပို့ဆောင်ရေးက ခေါင်းခဲစရာဖြစ်လာ မယ်။

ရုရှားဘက်ကတော့ ရုရှားအာမခံကုမ္ဗဏီတွေက အာမခံပေးမယ်လို့ပြောနေပေမယ့် အဲဒီ အာမခံ အပေါ် နိုင်ငံတကာအသိအမှတ်ပြုမှုဘယ်လောက်ရှိမလဲဆိုတာမသိနိုင်သေးဘူး။ အနောက်အုပ်စု နိုင်ငံမဟုတ်တဲ့ နိုင်ငံတစ်ချို့မှာ ရေကြောင်းအာမခံလုပ်ငန်းတွေရှိပေမယ့် ရုရှားရေနံနဲ့ပတ်သက် မိရင် အနောက်အုပ်စုဘက်က လာမယ့် အရေးယူမှုကို စိုးရိမ်ပြီး လက်ရှောင်နေဖို့ များတယ်။

နောက်တစ်ချက်က အမေရိကန်နဲ့ အနောက်အုပ်စု လက်ထဲမှာ ဖဲတစ်ချပ်ကျန်နေသေးတယ်။ အဲဒါကတော့ အီရန်နိုင်ငံရဲ့ ရေနံရောင်းချမှုကို ပိတ်ဆို့အရေးယူတဲ့အခါ အီရန်နိုင်ငံတင် မဟုတ်ဘူး၊ အီရန်ရေနံကို ဝယ်တဲ့ ကုမ္ဗဏီတွေကို ပါ အရေးယူတဲ့ နည်းလမ်းအတိုင်း ရုရှား ရေနံကို ဝယ်တဲ့ ကုမ္ဗဏီတွေကိုပါ အရေးယူတဲ့နည်းလမ်းပဲ။ အခုအချိန်ထိတော့ အီးယူနိုင်ငံ တွေက ရုရှားရေနံကို တင်သွင်းနေရတဲ့အတွက် အဲဒီနည်းလမ်းကို မကျင့်သုံးသေးဘူး။

အီရန်၊ အီရတ်တို့ရဲ့ ရေနံထုတ်လုပ်မှုကို ပိတ်ဆို့အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေအရ ရုရှား နိုင်ငံ ရဲ့ ရေနံတင်ပို့မှုကို ၁၀၀% အောင်အောင်မြင်မြင် ပိတ်ဆို့အရေးယူနိုင်ဖို့မလွယ်ဘူး။ အထူး သဖြင့် လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ချပြီး ကမ္ဘာ့နိုင်ငံအားလုံး မဖြစ်မနေ လိုက်နာအောင် အရေး ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒါပေမယ့် ဒီနှစ်ကုန်ရင် ရုရှားရေနံကို အချို ၊ အချောင် လွယ်လွယ်နဲ့ဝယ်နိုင်ဖို့တော့ မလွယ် တော့ဘူးဆိုတာတော့သေချာတယ်။

One thought on “၀ယ်ကြမလား ရုရှားရေနံ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: