ကျွန်တော်တို့ မြင်နေကျ နဂါးရုံ ဘုရားတွေနဲ့ မတူတဲ့၊ အလွန်လက်ရာမြောက်တဲ့ ပန်းတော့ လက်ရာ တွေနဲ့ နဂါးရုံ ဘုရားတစ်ဆူကို အမရပူရ၊ ဖန်ချက်ရပ်မှာ ဖူးခဲ့ရပါတယ်။
နဂါးရုံဘုရားဆိုတာမြတ်စွာဘုရားမိဂဒါဝုန်တောတွင်သီတင်းသုံးနေစဉ်နဂါးကြီးက မြတ်စွာဘုရားကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာကိုအကြောင်းပြု၍ တည်တယ်လို့ မှတ်သားဖူးပါတယ်။ အမရ ပူရ နဂါးရုံဘုရားက တောင်သမန်အင်းရှိတဲ့ အရှေ့ဘက်ကို မျက်နှာမူပြီး ဘုံသုံးဆင့်ခံပြီး တည်ထား တာဖြစ်ပါတယ်။ နဂါးအုပ်မိုးထားတဲ့ ဂန္ဓကုဋီတိုက်ထဲမှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူရှိပါ တယ်။
နဂါးရုံ ဘုရားက ဘယ်သူ့ကောင်းမှုလဲဆိုတာနဲ့ပတ်သက်ပြီး အမျိုးမျိုးတွေ့ပါတယ်။ ပထမ အဆို ကတော့ အလှုရှင်ဘယ်သူလဲ ဆိုတာ မသိဘူး၊ ဘုရားတည်တာကတော့ ၁၈၀၀ လွန်နှစ်တွေက ဖြစ် တယ်၊ ဂန္ဓကုဋီတိုက်ထဲက ဆင်းတုတော်ကတော့ နှစ်တစ်ရာကျော်သက်တမ်းရှိပြီ လို့ ပြောတယ်။ ဝင်းတွေနဲ့တည်တဲ့ မင်းနေပြည် ( နတ်မောက်ထွန်းရှိန်) စာအုပ်မှာတော့ နဂါးရုံဘုရားကို ၁၂၀၀ ( ၁၈၃၈) ခုနှစ် မှာ မွမ်းမံပြင်ဆင်ခဲ့သည် လို့ရေးထားတဲ့အတွက် ဘုရားတည်တဲ့ နှစ်က အဲဒီထက် စောတဲ့သဘောပဲ။
ဒုတိယအဆိုကဒီဘုရားကသာယာဝတီမင်းရဲ့အနောက် နန်းတော်မိဖုရား မမြကလေး ကောင်းမှု လို့ပြောတယ်။မိဖုရားမမြကလေးဆိုတာ“ ချစ် သမ ျှ ကို ၊ မြင်းမိုရ် ရွှေတောင်လုံး သာပလေး။ လေးဆူဒီပါ၊ သီတာ ရေမြေ ဆုံးစေ တော့ လေး။” အစချီတဲ့ “ ချစ်သမ ျှကို” သစ္စာတိုင် ပတ်ပျိုးကို ရေးဖွဲ့ခဲ့တဲ့ သူဖြစ်ပါတယ်။သာယာဝတီမင်းရဲ့ အချစ်ဆုံး မိဖုရား ဖြစ်ပေမယ့် ပြည်မင်းသားနဲ့ ပူးပေါင်းပြီး သူ့ကို ဆန့်ကျင်ဖို့ကြံစည် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၈၄၅ ခုနှစ်မှာ သာယာဝတီ မင်းက မမြကလေးကို ကွပ်မျက်ခဲ့ရတယ်။ ( မဟာဂီတ နိုင်ငံ တော်မူ (၁၉ ၆၉ )မှာတော့“ချစ်သမ ျှ ကိုသစ္စာတိုင်ပတ်ပျိုး” ကို“မင်းဘူး ပဲ့နင်း ဦးနေဦး” ရေး တယ် လို့ ဖော် ပြ ထားပေ မယ့် ဂီတ ပညာရှင်အများစုကတော့အနောက်နန်းမိဖုရားမမြကလေးရေးတယ်လို့ပဲလက်ခံထားပါ တယ်။ )
အနောက်နန်းမိဖုရား မမြကလေးလှူဒါန်းတာ မှန်၊ မမှန်သိနိုင်ဖို့အတွက် ကုန်း ဘောင် ဆက် မဟာ ရာဇဝင်တော်ကြီးမှာ ရှာကြည့်တယ်။ ကုန်းဘောင်ဆက်မဟာရာဇဝင်တော် မှာ ဘုရင်တစ်ပါး ရဲ့ ဆောင်ရွက်ချက်တွေဖော်ပြတဲ့အခါ မိဖုရားတွေ၊ မင်းညီမင်းသားတွေ လှူဒါန်း တဲ့ဘုရား ကျောင်း ကန်စေတီတွေကို ဘုရင်ကိုယ်တိုက်တက်ရောက်ချီးမြှင့်တဲ့အကြောင်းတွေ ပါဝင်လေ့ရှိ ပါတယ်။ ဒါ့ကြောင့်သာယာဝတီမင်းလက်ထက်မှတ်တမ်းတွေကိုပြန်ကြည့်တဲ့အခါသာယာဝတီမင်းကိုယ်တိုင် တက်ရောက်ရေစက်သွန်းချခဲ့တဲ့အနောက်နန်းမိ ဖုရားမမြကလေးလှူဒါန်းမှုတွေကိုအခုလို
တွေ့ ပါ တယ်။
၁။ ၂၂ မေ ၁၈၄၀ ရက်နေ့မှာ မင်းအိုကျောင်းတိုက်အရှေ့မှာ အုတ်ကျောင်းတိုက် ဆောက်လှူ တယ်။
၂။ ၂၆ ဒီဇင်ဘာ ၁၈၄၁ ရက်နေ့မှာ ရွှေတိဂုံစေတီတော် အနောက်စောင်းတန်းတည်ဆောက်ဖို့ အတွက် သစ်နဲ့ လက်ခငွေများလှူဒါန်းတယ်။
၃။ ဖေဖော်ဝါရီလ ၁၈၄၃ မှာ စန္ဒာမုနိ ဘုရားအတွက် ရွှေဆည်းလည်း၊ ငွေဆည်းလည်း၊ ကြေး ဆည်းလည်း နဲ့ ငွေသပိတ်များလှူဒါန်းတယ်။
၄။ ၂၉ ဇန်နဝါရီ ၁၈၄၄ ရက်နေ့မှာ သာယာဝတီမင်းရဲ့ ကုသိုလ်တော် လောကမဏိစူဠာ ရဲ့ အရံစေတီအဖြစ် ရတနာလောက စေတီကို လှူဒါန်းပြီးထီးတင်ခဲ့တယ်။
ဒီမှတ်တမ်းတင်ပုံအရ နဂါးရုံဘုရားကို အနောက်နန်းမိဖုရား မမြကလေး တည်ထားလှူဒါန်းခဲ့တယ် ဆိုရင် သာယာဝတီမင်းကိုယ်တိုင်တက်ရောက်ရေစက်သွန်းချပေးတဲ့အကြောင်း ကုန်းဘောင်ဆက် မဟာ ရာဇဝင်တော်ကြီးမှာပါရမယ်။အဲဒီလိုမပါတဲ့အတွက် အနောက်နန်းမိဖုရား မမြကလေး လှူဒါန်း တာ မဖြစ်နိုင်ဖူးလို့ပဲ ယူဆပါတယ်။
တောင်လေးလုံးဆရာတော်ကိုပညာ(အမရပူရ)ရေးတဲ့“တောင်သမန်ဝန်းကျင်သမိုင်းဝင်နေရာ များ” စာအုပ်မှာရေးသားထားချက်အရ ဘုရားဒါယကာနဲ့ အဆက်ဆက်ပြုပြင်မှုတွေကို ခေါင်းလောင်း စာနဲ့ မှတ်တမ်း တင်ထားပေမယ့် အဲဒီခေါင်းလောင်းကို မသမာသူတွေက ခိုးယူသွားတဲ့အတွက် သမိုင်းအထောက် အထားမရှိတော့ဘူး လို့သိရပါတယ်။
ဒါပေမဲ့၁၈၅၅ ခုနှစ် အင်္ဂလိပ်သံတမန် ဟင်နရီယူးလ် အမရပူရ ရောက်ချိန်မှာ နဂါးရုံ ဘုရားကို ပန်းချီရေးဆွဲမှတ်တမ်းတင်ခဲ့တဲ့အတွက်နဂါးရုံဘုရားဟာ၁၈၅၅ခုနှစ်မှာ ရှိနေပြီဆိုတာ တော့သေချာ ပါတယ်။ ( ဟင်နရီယူးလ် ရေးဆွဲခဲ့ တဲ့ ပန်းချီကို ဓာတ်ပုံများနဲ့ အတူ ဖော်ပြထားပါတယ်။ )
နဂါးရုံဘုရားဟာ လက်ရာအလွန်ကောင်းပေမယ့် သူ့အလှကို ဖျက်နေတာ နှစ်ခုရှိပါတယ်။ ပထမ တစ်ခုက လ ျှပ်စစ်မီးကြိုးတွေပါ။ နဂါးရုံဘုရားကို ရှေ့တည့်တည့်က ဓာတ်ပုံရိုက်ရင် မီးကြိုးတွေက မြင်ကွင်းထဲမှာ ကန့်လန့်ခံ အလှဖျက်နေတာကို တွေ့နိုင်ပါတယ်။ တကယ်လို့ လ ျှပ်စစ်မီးကြိုး တွေကို အခုလို သွယ်တန်းမထားဘဲ အောက်ခြေကနေ ဘုရားကိုယ်လုံးတော်အတိုင်းကပ်ပြီး သွယ် တန်းထားရင် ပိုကောင်းမှာပါ။
ဒုတိယတစ်ခုကတော့ နှစ်ပေါင်းများစွာ ဆောင်ရွက်လာတယ်လို့ ယူဆရတဲ့ ထုံးသင်္ဃန်းများကြောင့် ပန်းတော့အနုစိတ်လက်ရာတွေက ထင်ရှားသင့်သလောက် မထင်ရှားတဲ့အချက်ဖြစ်ပါတယ်။ ဒါက တော့ ကိုယ်မြင်ရတဲ့ မျက်မြင်အခြေအနေအရ သုံးသပ်ချက်ဖြစ်ပါတယ်။ ပညာရှင်တွေကတော့ ပိုသိ မှာပါ။
ဘာပဲဖြစ်ဖြစ် နဂါးရုံဘုရားရဲ့ ပန်းတော့လက်ရာတွေက လက်ရာမြောက်လွန်းတော့ ဘုရားဖူးလာသူ တိုင်းက မူလအလှူရှင် ဘယ်သူပါလိမ့်ဆိုပြီး တွေးဆချီးမွမ်းနေတာကိုကြည့်ရင် သမိုင်းမှာ လူတစ် ယောက်ရဲ့ တန်ဖိုးကို သူ့လုပ်ရပ်နဲ့ပဲ တိုင်းတာတယ်၊ ဘုန်းတော်ဘွဲ့တွေနဲ့ မတိုင်းတာဘူး ဆိုတဲ့ သင်ခန်းစာရနိုင်ပါတယ်။





