“ အိုးေ၀ လို့ပဲ ခေါ်ပါဗျာ၊ တုပ်တုပ် လို့မခေါ်ပါနဲ့” မန္တလေးက အိုးေ၀ စီးတော်ယာဉ်မောင်းရဲ့ တောင်းဆိုချက်ပေါ့။ ကျွန်တော် မန္တလေးမှာ တစ် ပတ် နေခဲ့ချိန်အတွင်း မန္တလေးမြို့ခံများက မီနီအိုးဝေ၊ အိုးေ၀ လို့ခေါ်ပြီး ကျွန်တော်တို့အောက် သား တွေက တုပ်တုပ်လို့ခေါ်တဲ့ သုံးဘီးယာဉ်နဲ့ မြို့လုံးပတ်လည် လှည့်ခဲ့တယ်။ မင်းကွန်းအထိ လည်း သွားခဲ့တယ်။ မန္တလေးရောက်တော့ ကျွန်တော်တို့က နှုတ်ကျိုးနေတဲ့အတိုင်း တုပ်တုပ် လို့ပဲ ခေါ်တာ၊ ပြော တာ ပေါ့။ပထမနှစ်ရက်မှာတွေ့တဲ့အိုးဝေဆရာတွေကလည်း ရန်ကုန်က ဧည့်သည် တွေ မှန်းသိနေ တော့ တုပ်တုပ်လို့ခေါ်တာကိုလည်း ထူးထူးခြားခြား သဘောထားပုံမရဘူး။ တတိယမြောက်နေ့မှာ တွေ့ တဲ့ အိုးဝေဆရာလေးကတော့ တုပ်တုပ်လို့ ပြောသံကြားတာနဲ့ အိုးဝေလို့ ခေါ်ပါဆိုပြီး ပြောContinue reading “မန္တလာ အိုးေ၀”
Tag Archives: mandalay
နဂါးရုံ ဘုရား
ကျွန်တော်တို့ မြင်နေကျ နဂါးရုံ ဘုရားတွေနဲ့ မတူတဲ့၊ အလွန်လက်ရာမြောက်တဲ့ ပန်းတော့ လက်ရာ တွေနဲ့ နဂါးရုံ ဘုရားတစ်ဆူကို အမရပူရ၊ ဖန်ချက်ရပ်မှာ ဖူးခဲ့ရပါတယ်။ နဂါးရုံဘုရားဆိုတာမြတ်စွာဘုရားမိဂဒါဝုန်တောတွင်သီတင်းသုံးနေစဉ်နဂါးကြီးက မြတ်စွာဘုရားကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာကိုအကြောင်းပြု၍ တည်တယ်လို့ မှတ်သားဖူးပါတယ်။ အမရ ပူရ နဂါးရုံဘုရားက တောင်သမန်အင်းရှိတဲ့ အရှေ့ဘက်ကို မျက်နှာမူပြီး ဘုံသုံးဆင့်ခံပြီး တည်ထား တာဖြစ်ပါတယ်။ နဂါးအုပ်မိုးထားတဲ့ ဂန္ဓကုဋီတိုက်ထဲမှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူရှိပါ တယ်။ နဂါးရုံ ဘုရားက ဘယ်သူ့ကောင်းမှုလဲဆိုတာနဲ့ပတ်သက်ပြီး အမျိုးမျိုးတွေ့ပါတယ်။ ပထမ အဆို ကတော့ အလှုရှင်ဘယ်သူလဲ ဆိုတာ မသိဘူး၊ ဘုရားတည်တာကတော့ ၁၈၀၀ လွန်နှစ်တွေက ဖြစ် တယ်၊ ဂန္ဓကုဋီတိုက်ထဲက ဆင်းတုတော်ကတော့ နှစ်တစ်ရာကျော်သက်တမ်းရှိပြီ လို့ ပြောတယ်။ ဝင်းတွေနဲ့တည်တဲ့ မင်းနေပြည် (Continue reading “နဂါးရုံ ဘုရား”
မဟာ စန္ဒာမုနိဘုရား
စန္ဒာမုနိ ဘုရားလို့ ပြောလိုက်ရင် မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီး ဘုရားများအနားမှာရှိတဲ့ စန္ဒာမုနိဘုရား လို့ ထင်တဲ့သူများပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ မဟာ စန္ဒာမုနိ ဘုရားက အမရပူရမြို့မှာရှိတဲ့ ဘိုးတော်ဘုရား ကောင်းမှု “ မဟာစန္ဒာမုနိ” ဘုရားဖြစ် ပါ တယ်။ ဒါပေမယ့် ဒီစန္ဒာမုနိ ဘုရားနှစ်ဆူက ဆက်စပ်နေပါတယ်။ စန္ဒာမုနိ ဘုရားဆိုတာက စန္ဒာမုနိရုပ်ပွားတော်ကို အစွဲပြုပြီး ခေါ်တာဖြစ်ပါတယ်။ စန္ဒာမုနိရုပ်ပွား တော်က ကျွန်တော်တို့ ဖူးတွေ့နေကြ ကြေးသွန်းရုပ်ပွားတော်မဟုတ်ပါဘူး။ သံ ကို သွန်းလုပ်ထား တာဖြစ်ပါတယ်။ စန္ဒာမုနိရုပ်ပွားတော်ရဲ့ ထူးခြားချက်ကတော့ ဘိုးတော်ဘုရားနောက်ပိုင်း မင်းတွေ နေပြည်တော်ရွှေ့ပြောင်းတိုင်း နေပြည်တော်အသစ်ကို စန္ဒာမုနိရုပ်ပွားတော်ကြီး ပင့်ဆောင်သွား တဲ့အချက်ပါပဲ။ ဒီလိုလုပ်ဆောင်ရတဲ့ အကြောင်းအရင်းကို လက်လှမ်းမီသလောက်ရှာဖွေကြည့်ပေ မယ့် မတွေ့ဘူး။ (Continue reading “မဟာ စန္ဒာမုနိဘုရား”
ဓာတ်ပုံ လမ်းညွှန်
“မွှားဆေးလုရီ မရှိုးနဲ့” “လေဖော်တို ရှိုးမှာလား” “ဆေးပ” “ဆေးဘွန်း” မင်းကွန်း ပုထိုးတော်ကြီး ရောက်တဲ့အခါ ဆယ့်လေးငါးနှစ်အရွယ် ကလေးမလေးတွေ ပြောနေတဲ့ အဲဒီ စကားသံတွေကို ကြားရလိမ့်မယ်။ ဒီစကားတွေက ပြင်သစ် ၊ မြန်မာနဲ့ အင်္ဂလိပ်စကားတွေကို ရောပြီး သုံးထားတဲ့ ၊ သူတို့ အချင်းချင်းပဲ နားလည်တဲ့ အထာ စကားတွေပါ။ ပထမ စကား “မွှားဆေးလုရီ၊ မရှိုးနဲ့” ဆိုတာက ဒါ သူဦးထားတဲ့သူ၊ လာမလုနဲ့ လို့ သတိပေး တာပါ။ “လေဖော်တို ရှိုးမှာလား” ဆိုတာက ဓာတ်ပုံရိုက်မယ့်လူလား လို့ အချင်းချင်းမေးတာ။ “ဆေးပ” နဲ့ “ ဆေးဘွန်း” ဆိုတာက ပုထိုးတော်ကြီးကို ဓာတ်ပုံရိုက်ပြီး လို့ ပြန်ထွက်လာချိန် မှာContinue reading “ဓာတ်ပုံ လမ်းညွှန်”
ရမည်းသင်း၊ မိုးကောင်းနဲ့ ကြေးမြင်ကျောင်း
ဒီတစ်ခေါက် မန္တလေးခရီးစဉ်မှာ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ( ၆၂ လမ်း ၊ ၂၃ – ၂၄ လမ်းကြား) ထဲက အမရပူရခေတ် လက်ရာ ပန်းပုရုပ်စုံ တွေ၊ မှန်စီရွှေချလက်ရာတွေရှိတဲ့ရမည်းသင်း ကျောင်း၊ မိုးကောင်းကျောင်းနဲ့ ကြေးမြင်ကျောင်းတွေကို ရောက်ခဲ့ပါတယ်။ ဒီကျောင်းတိုက် တွေရဲ့ သမိုင်းကိုလေ့လာတဲ့အခါ ကုန်းဘောင်ခေတ် မင်းနေပြည်တော်တွေ အကြောင်းကိုပါ သိလာ ရတယ်။ ကျွန်တော်လေ့လာမိသလောက်တော့ ဗမာ မင်းဆက်တွေထဲမှာ ကုန်းဘောင် မင်းဆက် က နေပြည်တော်အရွှေ့အပြောင်းလုပ်တာအများဆုံးဖြစ်ပြီး ကုန်းဘောင် မင်းဆက် သက်တမ်း ၁၃၂ နှစ် မှာ မြို့တော် ခြောက်ကြိမ်ပြောင်းခဲ့တယ်။ ကုန်းဘောင်မင်းဆက်ရဲ့ ပထမဆုံးနေပြည်တော်က ရတနာသိင်္ဃ ရွှေဘို ဖြစ်ပြီး ၁၁၁၅ ( ၁၇၅၃ ) ခုနှစ်မှာ အလောင်းမင်းတရားကြီးContinue reading “ရမည်းသင်း၊ မိုးကောင်းနဲ့ ကြေးမြင်ကျောင်း”
သာသနဇောတိက ကျောင်း
အက္ကပတ်မြို့ဝန်ကျောင်း အပြင် နောက်ထပ်ရောက်ခဲ့တဲ့ အုတ်ကျောင်းပျက်က သာသနဇောတိက ကျောင်းဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုက အဲဒီကျောင်းအမည်ကို မသိတော့ပါဘူး။ ခေမာသီဝံ ကျောင်းတိုက်ထဲကအုတ်နီကျောင်း လို့ပဲ သိကြပါတယ်။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းကြီးများ ( နတ်မောက်ထွန်းရှိန်) စာအုပ်မှာတော့ “သာသနဇောတိက” ကျောင်း ကို ၁၂၈၁ (၁၉ ၁၉ ) ခုနှစ်မှာ ပြည်ကြီးကျက်သရေ ရပ်နေ ဇရပ်အမကြီး ၏ သမီး မမဇင် က ဆောက်လုပ်လှူဒါန်းတယ် ၊ သံဃာနှစ်ရာကျော် သီတင်း သုံးနိုင်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ (ကျောင်းအလှူရှင်များနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိမီသူများရှိရင် ဒီဆောင်းပါး အောက်မှာ မှတ်ချက်ရေးသားပေးစေချင်ပါတယ်။ ) ခေမာသီဝံကျောင်းတိုက်က ၈၇ လမ်း ၂၀ –Continue reading “သာသနဇောတိက ကျောင်း”
အက္ကပတ်မြို့ဝန်ကျောင်းတိုက်
မန္တလေးမြို့က အုတ်ကျောင်းတိုက်ကြီးလို့ ပြောလိုက်ရင် ယောမင်းကြီးကျောင်းတိုက်ကို ပဲ သိတဲ့သူများပါလိမ့်မယ်။ ဒါပေမယ့် မန္တလေးမြို့မှာ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်ဦး လက်ရာ အုတ်ကျောင်းတိုက်ကြီးတွေအများကြီးရှိပါသေးတယ်။ တစ်ချို့ကျောင်းတိုက်တွေကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အင်္ဂလိပ်ဗုံးဒဏ်ကြောင့်ပျက်စီးခဲ့ပေမယ့် ကျောင်းတိုက်အစိတ်အပိုင်းတစ်ချို့ ကျန်ခဲ့ပြီး ဗိသုကာလက်ရာတွေကို လေ့လာလို့ရသေးတယ်။ အက္ကပတ်မြို့ဝန်ကျောင်းတိုက် က အဲဒီလို ကျောင်းတိုက်တစ်ခုဖြစ်ပါတယ်။ ကျောင်းတိုက်အကြောင်းမပြောခင် အက္ကပတ် ဆိုတဲ့ ဝေါဟာရ အကြောင်း အရင်ပြောမှဖြစ်မယ်။ အလောင်းမင်းတရား အာသံ၊မဏိပူရကို သိမ်းပိုက်ပြီးတဲ့အခါမှာ အဲဒီက မြင်းသည်တော်တွေ ကို ခေါ်ဆောင်လာပြီး ကသည်းမြင်းတပ်နဲ့ အက္ကပတ်မြင်းတပ် ဆိုပြီး ဖွဲ့စည်းခဲ့တယ် လို့ မှတ်သား ခဲ့ရပါတယ်။ ဦးမောင်မောင်တင် ရေးတဲ့ “ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်” မှာ “အက္ကပတ်စားထိုး မြင်းအစု၊ မြင်းခေါင်း မြင်းတပ်ဗိုလ်Continue reading “အက္ကပတ်မြို့ဝန်ကျောင်းတိုက်”
ရွှေကျောင်းတော်
ရွှေကျောင်းတော်ဆိုတာ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရား အနီး၊ အတုမရှိကျောင်း( မဟာအတုလဝေယန်) ဝင်း အတွင်းမှာ ရှိတဲ့ မြန်မာမှုလက်ရာ သစ်သားကျောင်းကြီး ဖြစ် ပါတယ်။ ရွှေကျောင်းတော်၊ ရွှေကျောင်းကြီး စသည်ဖြင့် ခေါ်နေပေမယ့် ရွှေကျောင်းတော်ရဲ့ တရားဝင် အမည်က ရွှေနန်းတော်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းက ဒုတိယ ရွှေအင် ပင်ကျောင်းလို ဘုန်းကြီးကျောင်းအဖြစ် ရည်မှန်းဆောက်လုပ်ခဲ့တာမဟုတ်ဘူး။ မန္တလေး နန်းတွင်းမှာရှိတဲ့ မင်းတုန်းမင်းရဲ့ နန်းတော်ဆောင်ကို ဖျက်ပြီး ရွှေ့ဆောက်ထားတာ ဖြစ် ပါတယ်။ ဒါ့ကြောင့်လည်း ရွှေနန်းတော်ကျောင်းလို့ ခေါ်တာဖြစ်ပါတယ်။ မန္တလေးနန်းတော်ကြီးမှာ ဘုရင်နေထိုင်အိပ်စက်ဖို့အတွက် မှန်နန်းဆောင်ရှိပေမယ့် မင်းတုန်း မင်း က မှန်နန်းဆောင်မြောက်ဘက်မှာ သီးခြားအဆောင်ဆောက်ပြီး အခါအားလျော်စွာနေထိုင်လေ့ရှိ တယ်၊ အဲဒီရွှေနန်းတော်ဆောင်ရဲ့ အရှေ့ပိုင်းမှာ မှူးမတ်တွေကို လက်ခံတွေ့ဆုံတဲ့နေရာရှိပြီး အနောက် ဘက်မှာတော့ မင်းတုန်းမင်းContinue reading “ရွှေကျောင်းတော်”
ဒုတိယ ရွှေအင်ပင်ကျောင်း
မန္တလေးမြို့မှာ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ယောမင်းကြီး ကျောင်းတိုက်တို့လို ဥရောပ ဗိသုကာ လက်ရာတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေရှိသလို မြန်မာမှုလက် ရာ အပြည့်နဲ့ ဘုန်းတော်ကြီးကျောင်းတွေလည်းရှိပြီး အဲဒီကျောင်းတွေထဲမှာ ထင်ရှားတဲ့ ကျောင်း တစ်ကျောင်းက ဒုတိယ ရွှေအင်ပင်ကျောင်းဖြစ်ပါတယ်။ ဒုတိယရွှေအင်ပင်ကျောင်းက မြန်မာဘုန်းတော်ကြီးကျောင်းများရဲ့ တည်ဆောက်ပုံ နည်းစနစ်များ အတိုင်း တည်ဆောက်ထားတဲ့ကျောင်းကြီးဖြစ်ပါတယ်။ လူသိများတဲ့ ရွှေကျောင်းတော်ကြီးဆိုတာ က မင်းတုန်းမင်းရဲ့ ရွှေနန်းဆောင်ကို သီပေါမင်းလက်ထက်မှာ ရွှေ့ပြောင်းဆောက်လုပ်လှူဒါန်း ထားတာဖြစ်တဲ့အတွက် မြန်မာမှုအနုပညာလက်ရာတွေ ကောင်းပေမယ့် မြန်မာဘုန်းတော်ကြီး ကျောင်းတည်ဆောက်ပုံနည်းစနစ်နဲ့ ဖွဲ့စည်းပုံမတူဘူ့းလို့ ဆိုပါတယ်။ “ပြင်သစ်ဗိသုကာနှင့် ဘုန်းကြီးကျောင်း” ( ဆူးငှက်) ဆောင်းပါးမှာ ဖော်ပြချက်များအရ မြန်မာမှု ဗိသုကာစစ်စစ်ဘုန်းကြီးကျောင်းဟာအရှေ့အနောက်ဝင်ရိုးပြုပြီးဆောက်လုပ်တယ်၊အခန်းဖွဲ့စည်း တဲ့အခါ အရှေ့ဘက်ဆုံးမှာ ပြာသာဒ်ဆောင်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်များ သီတင်းသုံးတယ်၊ ပြသာဒ် ဆောင်ပြီးရင် ကျောင်းထိုင်ဘုန်းတော်ကြီးContinue reading “ဒုတိယ ရွှေအင်ပင်ကျောင်း”
တောင်လေးလုံး ကွန်သာယာ
တောင်သမန်အင်း လို့ပြောလိုက်ရင် မယ်ဇယ်ပင်တန်းနဲ့ ဦးပိန်တံတားကို မြင်မိ၊ သတိရမိ တဲ့ သူများမှာပါ။ ဒါပေမယ့် စာပေနဲ့ သုတေသန နယ်ပယ်မှာတော့ တောင်သမန် လို့ပြောလိုက်ရင် တောင်လေးလုံးကျောင်းတိုက် ဆရာတော် ဦးပညာဇောတ ( ကိုပညာ(အမရပူရ)) ကို မြင်မိ၊ သတိရမိတဲ့သူတွေအတော်များများရှိမှာသေချာပါတယ်။ ဆရာတော်ဦးပညာဇောတ က ကိုပညာ(အမရပူရ) ကလောင်အမည်နဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာဆောင်းပါးတွေပြုစုရေးသားခဲ့တယ်။ ၁၉ ၉ ၆ ခုနှစ်မှာ “ တောင်သမန်ဝန်းကျင် သမိုင်း ဝင် နေရာများ” စာအုပ်နဲ့ သုတပဒေသာ ( ဝိဇ္ဇာ) အမျိုးသားစာပေဆုရခဲ့တယ်။ ဆရာတော် က ဦးမောင်မောင်တင်( မဟာဝိဇ္ဇာ) ၊ ဒေါက်တာသန်းထွန်း၊ လူထု ဦးလှ၊ အိုးဝေညိုမြ စတဲ့ ပညာရှင်များနဲ့Continue reading “တောင်လေးလုံး ကွန်သာယာ”