မှော်ဘီမှာ ရှိတဲ့ “မဟာဝိဟာရ” ကျောင်းတိုက် ရဲ့ ကျောင်းတိုက်ခွဲ တစ်ခု ဖြစ်တဲ့ “မဟာဝိဟာရ ကျောင်းတိုက်” (လှည်းကူး) မှာ ပရိယတ် ပဋိပတ်များ ဆည်းပူး သင်ယူအားထုတ်နေတဲ့ သံဃာတော်များ၊ ရှင်သာမဏေများ ကို မနေ့( ၇ ဧပြီ )က ဖူးမြော် ကြည်ညို ခွင့်ရ ခဲ့ပါတယ်။
မဟာဝိဟာရကျောင်းတိုက် ( လှည်းကူး) ဆရာတော် အရှင် အဘယာလင်္ကာရ က မှော်ဘီ မဟာ ဝိဟာရကျောင်းတိုက်မှာ တိုက်အုပ်နဲ့ စာချဆရာတော်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်ရောက်မှ မဟာ ဝိဟာရကျောင်းတိုက် ( လှည်းကူး) ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
မဟာဝိဟာရကျောင်းတိုက် (လှည်းကူး) မှာ စာချဂဏဝါစက ၃၁ ပါး အပါအဝင် ရဟန်း ၁၉ ၄ ပါး၊ သာမဏေ ၄၃၆ ပါး၊ စုစုပေါင်း ၆၃၀ ပါး ရှိပါတယ်။ မဟာဝိဟာရကျောင်းခွဲဖြစ်တာနဲ့ အညီ ရဟန်း တော်များ၊ သာမဏေများရဲ့ သင်္ကန်းဝတ်ရုံမှု၊နေထိုင် သွားလာလှုပ်ရှားမှုများအားလုံးဟာ ကြည်ညို ဖွယ်ရာအတိပါပဲ။ ရှင်သာမဏေတွေကတော့ သာမဏေကျော် စာမေးပွဲအဆင့်ဆင့်ကို ဖြေနိုင်ဖို့ အတွက် အခြေခံက စပြီး လေ့လာသင်ကြားနေကြတာဖြစ်ပါတယ်။
ပထမဆောင်းပါးမှာလိုပါပဲ၊ ဘာသာရေးဆိုင်ရာအကြောင်းအရာဖြစ်လို့ စကားလုံး အသုံးအနှုန်း များ မှာ အမှားပါသွားမှာ စိုးရိမ် တဲ့ အတွက် မြင်ခဲ့၊ ခံစားခဲ့၊ ကြည်ညိုသဒ္ဓါပွားခဲ့ရမှုတွေကို အသေး စိတ် ရေးမပြတော့ပါဘူး။ ဓာတ်ပုံ များကို ပဲ မ ျှဝေပေးလိုက်ပါတယ်။ လိုအပ်တဲ့နေရာမှာ ပုံစာများ နဲ့ ရှင်းပြထားပါတယ်။
ရန်ကုန်ကနေ မဟာဝိဟာရ ကျောင်းတိုက် (လှည်းကူး) ကို သွားချင်တယ်ဆိုရင် လမ်းကြောင်းနှစ်ခု ရှိပါတယ်။ ပထမ လမ်းကြောင်းကတော့ ရန်ကုန်-ပဲခူးကားလမ်းအတိုင်း လှည်းကူးမြို့ကို သွားပါ။ လှည်းကူး မြို့လယ်က လှည်းကူးတာဆုံလို့ခေါ်တဲ့ လှည်းကူး- ဖောင်ကြီးလမ်းခွဲကို ရောက်ရင် အဲဒီလမ်း အတိုင်း ဖောင်ကြီးဘက်ကို ဆက်သွားပါ။ ( လှည်းကူးတာဆုံနေရာမှာ မီးပွိုင့်ရှိတဲ့အပြင် ဖောင်ကြီး ဝန်ထမ်းတက္ကသိုလ်ဆိုင်းဘုတ်လည်း ရှိတဲ့အတွက် မှားစရာအကြောင်းမရှိပါဘူး။ )
ဖောင်ကြီးလမ်းအတိုင်းနှစ်မိုင်လောက်သွားလိုက်ရင် လမ်းဘယ်ဘက်မှာ ပခန်းကျော်စားသောက် ဆိုင်ကို တွေ့မယ်။ အဲဒီကနေ မိုင်ဝက်လောက် ဆက်သွားရင် ဘယ်ဘက်မှာ မဟာဝိဟာရ ကျောင်း တိုက် (လှည်းကူး) ဆိုတဲ ဆိုင်းဘုတ် တွေ့ပါလိမ့်မယ်။ လမ်းက အစပိုင်းမှာ ကားဘီးရာအတိုင်း ကွန်ကရစ်ခင်းထားတဲ့လမ်းဖြစ်ပြီး နောက်ပိုင်းမှာ လမ်းအပြည့် ကွန်ကရစ်ခင်းထားပါတယ်။ အဲဒီ လမ်းအတိုင်းသွားပြီး ကလီထော်အနောက်ရွာကို ရောက်ရင် လမ်းဘယ်ဘက်မှာ မဟာဝိဟာရ ကျောင်းတိုက်ဆိုတဲ့ မုခ်ဦးကို တွေ့ပါ့မယ်။ ကျောင်းတိုက် အတွင်းလမ်းတွေကတော့ ဂဝံလမ်းတွေ ဖြစ်ပါတယ်။
တကယ်လို့ ရန်ကုန်ကနေ အမြန်လမ်းအတိုင်းသွားရင်တော့ တိုးဂိတ်ကျော်ပြီး မိုင်တိုင် ၄/၇ မှာ ရှိတဲ့ အိမ်ရာ စီမံ ကိန်းဝင်းထဲကို ဝင်၊ပထမဆုံးတွေ့တဲ့လမ်းဆုံမှာ ညာဘက်ကို ကွေ့လိုက်တာနဲ့ ဘယ်ဘက်မှာ Road F ဆိုတဲ့ ဆိုင်းဘုတ်တွေ့မယ်။ အဲဒီလမ်းအတိုင်းတည့်တည့်မောင်းသွားရင် ရေပေးမြောင်းမ ကြီးကို ဖြတ်တဲ့ သံတံတားတစ်ခုတွေ့တယ်။ အဲဒီသံတံတားဖြတ်ပြီး ဘယ်ဘက်ကို ဆက်မောင်း သွားရင်း မဟာဝိဟာရကျောင်းကို ရောက်ပါတယ်။
အဲဒီလမ်းကို သုံးရင်တော့ အသွားတစ်ခါ ၊အပြန်တစ်ခါ တိုးဂိတ်မှာ ၁၅၀၀ ကျပ်ပေးရမယ်။ နောက် ပြီး အပြန်အတွက်ဆိုရင် မိုင်တိုင် ၇/၇ အထိ ဆက်မောင်းမှ “ဂ” ကွေ့ကွေ့လို့ရတဲ့ ဖြတ်လမ်း ကို တွေ့မယ်။ ဒီလမ်းရဲ့ အားသာချက်ကတော့ ခရီးတိုတယ်။ အားနည်းချက်ကတော့ လမ်းအသုံးပြုခ သုံးထောင်ကုန်မယ် (လှည်းကူးလမ်းက အသွား/အပြန် လေးရာပဲကုန်တယ်)။ အိမ်ရာစီမံကိန်း လုံခြုံရေးကို ဖြတ်ခွင့်တောင်းရမယ်၊ သူတို့ ခွင့်ပြုမှ သွားလို့ရမယ်။ မြေသားလမ်းဖြစ်တဲ့အတွက် မိုး တွင်းကာလမှာ အခက်အခဲရှိ နိုင်တယ်။
နေပြည်တော်ကနေ လာရင်တော့ မိုင်တိုင် ၄/၂ နားမှာ “ဂ” ကွေ့ ကွေ့လို့ရတဲ့ ဖြတ်လမ်း ရှိ တယ်။ အဲဒီကနေ မိုင်တိုင် ၄/၇ ကို ပြန်သွားရမယ်။ အပြန်ကျရင်တော့ မိုင်တိုင် ၇/၇ အထိ ပြန်မောင်းပြီး “ဂ” ကွေ့ ကွေ့ရမယ်။
မဟာဝိဟာရကျောင်းတိုက် (လှည်းကူး) က တည်ထောင်တာ ငါးနှစ်ပဲ ရှိသေးတော့ တည်ဆောက် ရေးလုပ်ငန်းတွေ ၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့လိုအပ်နေပါသေး တယ်။ ဘာတွေလိုအပ်နေတယ်ဆိုတာတော့ အသေးစိတ်မရေးတော့ပါဘူး။ ကိုယ်တိုင်သွားရောက် ကြည်ညိုဖူးမြော်ပြီး သဒ္ဓါတရားဖြစ်မှုအပေါ်မူတည်လှူဒါန်းတာက ပိုကောင်းပါတယ်။
ကျောင်းတိုက်အကြောင်းအရာ၊ ကျောင်းတိုက်ကိုသွားရမယ့် လမ်းကြောင်းများနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းနိုင်လိုရင် ရုံးအဖွဲ့ ဖုန်း ၀၉ ၄၀၄၂၂၉ ၆၇၃ ကို ဆက်သွယ်နိုင်ပါတယ်။


















On the contrary the numbers of priest are declining in the west especially Catholic Church. Various causes for priest shortage. Clerical celibacy is the most significant deterrent keeping men from entering the priesthood in the Latin Church. The exposure of sexual abuse committed by Catholic priests in various part of the world tarnished the reputation of priest globally. This is theorised to have discouraged some men from pursuing the priesthood contributed to shortage. Socio-economic expections also one major cause. In the past the priesthood carried high prestige in Catholic culture, having a son become a priest was once seen as a pinnacle of success for working class Catholic families. But as Socio-economic opportunities and expectations have risen in western societies, a son joining the priesthood could seen as diminishing the family’s prosperity.
LikeLike