သူငယ်ချင်း – မင်း xxx ကို မှတ်မိလား။
ကျွန်တော် – အေးမှတ်မိတယ်၊ မတွေ့တာကြာပြီ။ အခုဘာလုပ်နေလဲ။
သူငယ်ချင်း – xxx ဘက်မှာ ကားဆွဲနေတယ်ကွ၊ ပြီးခဲ့တဲ့ လ က ငါက အဲဒီဘက်မှာ နေခဲ့ဖူး လို့ဆိုပြီး အကူ အညီတောင်း တယ်။
ကျွန်တော် – ဘာတဲ့လဲ။
သူငယ်ချင်း- သူ့ကားတွေ သယ်ရတဲ့ပစ္စည်းထဲမှာ ရေခဲရိုက် ငါး၊ ပုစွန်တွေလည်း ပါတယ်၊ အဲဒါ လမ်းမှာ ငါးပုံးတွေ ဖွင့်ခိုင်း၊ ဟင်းစားဆိုပြီး နှိုက်နှိုက်ယူတော့ ကားသမား က စိုက်လျော် ရမ လိုဖြစ်နေတယ်၊ တိုင်လည်း မတိုင်ရဲဘူး၊ အဲဒါဘယ်လို လုပ်ရင်ကောင်းမလဲလို့ အကြံတောင်းလာ တာ။
ကျွန်တော်- မင်းက ဘာပြောလိုက်လဲ။
သူငယ်ချင်း – ငါက အဲဒါဆိုရင် ကုန်သည်တွေကို ဈေးပေါပေါ ငါးတွေပါတဲ့ ပုံးအပိုတွေတင်ပေးလို့ ပြော၊ လမ်းမှာဟင်းစားတောင်းတဲ့လူတွေ့ရင် အပိုပါလာတဲ့ ပုံးကို ပေးလိုက်၊ အဲဒါ ဆိုရင် ငါးအကောင်းတွေပါတဲ့ ပုံးတွေဖွင့်ပေးဖို့မလိုတော့ဘူးလို့ ပြောလိုက်တယ်။ သိတဲ့အတိုင်းပဲ၊ ငါက အဲဒီဘက်က အထာတွေ ကျွမ်းတယ်လေ။
ကျွန်တော် – အဲဒီတော့အဆင်ပြေသွားရောလား။
သူငယ်ချင်း – ဟင့်အင်း၊ အလကားပေးတဲ့ ပုံးလည်းယူထားတယ်။ ဈေးကြီးတဲ့ ပုံးကို လည်း ဖွင့် ကြည့်ပြီး စားချင်တာယူထားလိုက်တယ်။ မိအေးနှစ်ခါနာပဲ။
ကျွန်တော် – မင်းက လူမိုက်တွေရဲ့ လောဘကို လျှော့တွက်တာကိုး။
ဤတွင် တစ်ခန်းရပ်
Typical corrrupt system. Amazed by your friend’s advice or not. Lacking dignity and self esteem.
LikeLike