တစ်ခါက မှတ်မှတ်ရရ

ဇင်ဘာဘွေနိုင်ငံကို ၁၉၈၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ်မူဂါဘီ လက်ထက်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း စီးပွားရေးအကျပ်အတည်းနဲ့ ကြုံပြီး အစိုးရဘတ်ဂျက်မှာလည်း ငွေ မရှိ ဖြစ်လာတယ်။ မူဂါဘီက အဲဒီအခြေအနေကို ငွေစက္ကူအသစ် တွေ ရိုက်ထုတ်တဲ့နည်းနဲ့ ကုစားဖို့ကြိုးစားတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက မအောင်မြင်ဘဲ ငွေ ကြေးဖောင်းပွမှုမြင့်မား၊ ဇင်ဘာဘွေငွေကြေးတန်ဖိုး စံချိန်တင်လောက်အောင် ကျဆင်း လာတာ ပဲ အဖတ်တင်တယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး  ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရိုက်တာ သတင်းဌာနက “ As Zimbabwe’s money runs out, so does Mugabe’s power” ( ဇင်ဘာ ဘွေ( အစိုးရ) ပိုက်ဆံ မရှိတော့ မူဂါဘီလည်း အာဏာမရှိပြီပေါ့) ဆိုပြီး သတင်းဆောင်းပါး ရေးခဲ့တယ်။  စီးပွားရေးနဲ့ နိုင်ငံရေးဆက်စပ်နေတဲ့ အမှတ်ရစရာအဖြစ်အပျက်တစ်ခုပေါ့။ 

One thought on “တစ်ခါက မှတ်မှတ်ရရ

Leave a comment

Why are you reporting this comment?

Report type