သံလွင်ဆည်းဆာ

ဘားအံရောက် ဧည့်သည့်အတော်များများက ဘားအံနေဝင်ဆည်းဆာကို ကြာအင်းတောင်ပေါ် က နေ ဓာတ်ပုံရိုက်တာများပါတယ်။ ဒါပေမယ့် သံလွင်မြစ်ကမ်း သောင်ပြင်ကနေ ရိုက်ရင်လည်း မတူ ကွဲပြားခြားနားတဲ့ နေဝင်ဆည်းဆာအလှကို မြင်ရပါတယ်။

ဇွဲကပင် ခရီးစဉ် (၆)

ဇွဲကပင်တောင်ကို အောင်အောင်မြင်မြင် တက်ပြီးတက်အချိန်မှာ ဘားအံခရီးစဉ် ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် နောက်နေ့ပြန်ဖို့ စီစဉ်တယ်။ တောင်ပေါ်က ဆင်းလာတဲ့နေ့ကိုတော့ ပေါ့ပေါ့ ပါးပါး ပဲဖြတ်သန်းလိုက်တယ်။ ဟိုတယ်မှာနားတယ်၊ ညနေစောင်း သံလွင်မြစ်ကမ်းခြေကို ဆင်းပြီး နေ ဝင် ဆည်းဆာချိန် ဓာတ်ပုံရိုက်တယ်။ ညစာကိုတော့ မြို့ခံမိတ်ဆွေတစ်ယောက်က ကျွေးတယ်။ ရန်ကုန်အပြန်အတွက် ကားလက်မှတ်ဝယ်တဲ့အခါ မြဝတီက ထွက်တဲ့ နာမည်ကြီးကားလိုင်း တွေ ရှိပေမယ့် ဘားအံကို မနက် ၁၁ နာရီမှရောက်တဲ့အတွက် ညောင်ခါးရှည်မှာ ကြာနေရင် ရန်ကုန် ဝင် ချိန် နောက်ကျနိုင်လို့ ဘားအံက ထွက်တဲ့ ကားကိုပဲဝယ်လိုက်တယ်။ တစ်ယောက် တစ်သောင်း နှစ် ထောင်၊ အလာတုန်းကထက်သက်သာတယ်။ ကားကို ဟိုတယ်ရှေ့ကပဲစောင့်စီးတယ်။ ကားရောက်လာလို့ ပစ္စည်းတင်မယ်ဆိုတော့ ပုံမှန် ပစ္စည်းContinue reading “ဇွဲကပင် ခရီးစဉ် (၆)”

ဇွဲကပင် ခရီးစဉ် (၅)

ဇွဲကပင်တောင်ပေါ်ကျောင်းမှာ သံဃာသုံးပါးသီတင်းသုံးတဲ့ အနက် ဘက်စုံပြုပြင်ရေးလုပ်ငန်း တွေ၊ ဘုရားဖူးတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဆရာတော်ဦးနန္ဒိယက အများဆုံးတာဝန်ယူလုပ်ဆောင် ပေးနေတာပါ။ ဆရာတော်က ကျွန်တော်ဘယ်သူဆိုတာ မသိပါဘူး။ ဘားအံမြို့က သူ့ဒကာရဲ့ မိတ် ဆွေအနေနဲ့ပဲသိတာပါ။ ဆရာတော်က ကျွန်တော်တို့ နှစ်ယောက်ကို ရင်ပြင်ဒုတိယအဆင့်မှာ ရှိတဲ့ အဆောင်ငယ်တစ်ခုမှာနေရာချပေးပါတယ်။ တောင်ပေါ်ကို ကျွန်တော်တို့ ရှေ့မှာ ရောက်နေတဲ့ မိ သားစု သုံးယောက်ကိုတော့ ရင်ပြင်တော်ပထမဆင့် နှစ်ထပ်ကျောင်းဆောင်မှာ နေရာချပေး ထား တယ်။ တော်ပုံလမ်းအတိုင်း တက်လာပြီး ကျွန်တော်တို့နောက်မှ ရောက်လာတဲ့ ၉ ယောက် ပါ အဖွဲ့ကိုလည်းရင်ပြင်ဒုတိယအဆင့်ကနှစ်ထပ်ဆောင်မှာ နေရာချထားပေးတယ်။ ညအိပ်ဧည့်သည် အားလုံးအတွက်လိုအပ်တဲ့ဖျာ၊ စောင်နဲ့ခေါင်းအုံးတွေပေးပါတယ်။ ပစ္စည်းတွေနေရာချပြီးတော့ ရေချိုးဖို့ ပြင်ဆင်တယ်။ ဇွဲကပင်ရင်ပြင်တော်က အဆင့်သုံးဆင့်ရှိ တယ်။ခလောက်နို့ဘက်ကတက်ရင်ပထမဆုံးတွေတဲ့ အဆင့်မှာ ဆွမ်းစားဆောင်၊Continue reading “ဇွဲကပင် ခရီးစဉ် (၅)”

ဇွဲကပင် ခရီးစဉ် ( ၄)

ကန်သာယာ အရုဏ်တက်ချိန် ဓာတ်ပုံရိုက်ပြီးတော့ ဆရာမ အမိုး အိမ်ကို သွားတယ်။ (အမိုး နဲ့ တွေ့တဲ့ အကြောင်းတော့ သီးခြားရေးပါ့မယ်။ ) အမိုး အိမ်ကနေ အပြန်ကော်ဖီဝင်သောက်ပြီး ဟို တယ်ကို ပြန် နား၊ နေ့လယ်စာစား၊ညနေစောင်း ဇွဲကပင်တောင်ကို တက်ဖို့ လိုအပ်တာတွေ ပြင် ဆင်တယ်။ ဇွဲကပင်တောင်ကို တက်တဲ့လမ်းက အရှေ့ဘက်ခလောက်နို့ဘက်ကတက်တဲ့လမ်းနဲ့ အနောက် ဘက် တော်ပုံရွာဘက်က တက်တဲ့လမ်းဆိုပြီး နှစ်လမ်းရှိတယ်။ ကျွန်တော်က ဘားအံမှာ တာဝန် ကျ ချိန်က တော်ပုံရွာဘက်က အကြိမ်ကြိမ် တက်ဖူးတယ်။ ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ အတက်ကို ခလောက်နို့ဘက်ကတက်မယ်၊ တောင်ပေါ်မှာ ညအိပ်မယ်၊ မနက်စောစော တော်ပုံရွာဘက်က ပြန် ဆင်းမယ်လို့ စီ စဉ်ခဲ့တယ်။ ခလောက်နို့ဘက်ကContinue reading “ဇွဲကပင် ခရီးစဉ် ( ၄)”

အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ

လွန်ခဲ့တဲ့ တစ်နှစ်က ရေးခဲ့တဲ့ ဘောလုံးပွဲက ရခဲ့တဲ့ ဘ၀ သင်ခန်းစာမဖတ်ရသေးသူများအတွက် ပြန်လည်မ ျှဝေလိုက်ပါတယ်။ “မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။” ( ဆောင်းပါးကောက်နှုတ်ချက်) အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ ဘဝမှာ ဘောလုံးပွဲတွေအများကြီး ကြုံခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကလေးဘဝက ကြုံခဲ့တဲ့ ဘောလုံးပွဲလောက် ဘယ်ပွဲမှ မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ တစ်သက်လုံး တသသ မရှိခဲ့ဘူး။ သင်ခန်းစာယူလို့ မဆုံး မဖြစ်ခဲ့ဘူး။ အဲဒီ ဘောလုံးပွဲဟာ ကျွန်တော့်လက်ထဲကို ထူးခြားတဲ့ဘောလုံး တစ်လုံးရောက်လာတာက အစပြု ခဲ့တာပါ။ ထူးခြားတဲ့ဘောလုံး အကြောင်းမပြောခင် ဘောလုံးရလာတဲ့ အချိန်ကာလကို အရင် ပြောမှ ပြည့်စုံမယ်။ အဲဒီအချိန်ကContinue reading “အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ”

ဇွဲကပင်ခရီးစဉ် ၃

ကြာအင်းတောင်ပေါ်က ပြန်ဆင်းပြီးတော့ ဟိုတယ်ကို ပြန်၊ ရေချိုးပြီး ဘားအံ ကမ်းနားလမ်း ညဈေး တန်းမှာ ညစာစားဖို့ သွားတယ်။ ကျွန်တော်က ၂၀၂၀ ဇန်နဝါရီလမှာ ဘားအံညဈေးကို ရောက် ခဲ့ဖူး သလို ခရီးအတူထွက်လာတဲ့မိတ်ဆွေကလည်း၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ဘားအံ ညဈေး ကို ရောက်ခဲ့ဖူးတော့အဲဒီအချိန်က တွေ့ကြုံခဲ့ရတဲ့ ဘားအံညဈေးရဲ့ အစားအသောက်စုံလင်မှု၊ စည်ကား မှု၊သန့်ရှင်းမှုတွေကိုမှတ်မှတ်ရရဖြစ်နေဆဲပဲ။ သီချင်းကြိုက်တဲ့ကျွန်တော်ကတော့ အစားအသောက် အပြင် ညဈေးမှာ ဖျော်ဖြေနေတဲ့ လူငယ်ဂီတသမားလေးတွေရဲ့ တင်ဆက်မှုကိုလည်း သတိရတယ်။ ဒါ့ကြောင့် ရောက်တဲ့နေ့ ညမှာပဲ ဘားအံ ညဈေးကို အပြေးချီတက်ခဲ့တယ်။ ညဈေးတန်းကို ညခုနစ်နာရီ ကျော်မှာရောက်သွားတော့ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ဘူး။ အရင်က ပြည့်ကျပ်နေတဲ့ ကားရပ်တဲ့နေရာမှာ ကားနည်းနည်း၊ ဆိုင်ကယ်နည်းနည်းပဲရှိတယ်။ အရင်ကဆိုင်တန်းContinue reading “ဇွဲကပင်ခရီးစဉ် ၃”

ဇွဲကပင်ခရီးစဉ် (၂)

ကားက ဘားအံကမ်းနားလမ်းအတိုင်း မြို့ထဲကို ဝင်တယ်။ ကျွန်တော်တို့ တည်းမယ့် ဟိုတယ် ကလည်းကမ်းနားလမ်းမှာဆိုတော့ ဟိုတယ်ရှေ့မှာဆင်းရုံပဲ။ ဟိုတယ်မှာ စာရင်းသွင်း၊ မှတ်ပုံ တင် ပေးပြီးအခန်းကိုသွားမယ်ဆိုတော့ မီးပျက်နေလို့ ဓာတ်လှေကားသုံးလို့မရဘူး။ ဒီတော့ လှေကား ကနေ ခြေလျင်တက်ပေါ့။ တာဝန်ကျဝန်ထမ်းက ဘား အံ က သုံးနာရီပျက်၊ သုံးနာရီလာ၊ ညနေ ၄ နာရီနဲ့ မနက် ၉ နာရီကြား မီးပျက်ရင် မီးစက် နှိုးပေးပါသတဲ့။ “ ဘားအံမြို့မှ လှိုက်လှဲ စွာကြိုဆိုပါ၏” ပေါ့လေ။ ကျွန်တော်တို့က ဘားအံမှာ သုံးရက်ပဲနေမှာဆိုတော့ အချိန်ဆွဲလို့မရဘူး။ ဟိုတယ်ကို ညနေ သုံးနာရီရောက်ပြီးတာနဲ့ လေးနာရီခွဲမှာ ကြာအင်းတောင်ကနေ နေဝင်ဆည်းဆာချိန်ကို ဓာတ်ပုံ ရိုက်ဖို့ ပြန်ထွက်တယ်။ ကျွန်တော်တို့ ဘားအံမှာContinue reading “ဇွဲကပင်ခရီးစဉ် (၂)”

ဇွဲကပင် ခရီးစဉ် (၁)

ဘားအံကို သွားမယ်လို့ ပြောတော့ ကြားတဲ့သူတိုင်းကစိတ်ချရလို့လားလို့ မေးတယ်။ ဒါနဲ့ အခု အချိန်မှာ ရာနှုန်းပြည့်စိတ်ချရမှ သွားမယ်ဆိုရင် ရန်ကုန်မြို့ထဲတောင် သွားလို့ မရဘူး ၊ ၇၀% တော့ စိတ်ချရပါတယ်။ကျန်တာကတော့မတတ်နိုင်ဘူးလို့ပြောရင်း ပျားအုံကို ခဲနဲ့ပစ်ပြီး ခြင်ထောင်ထဲ ဝင်ပုန်း နေတဲ့ဖိုးရှုပ်နဲ့ မဆီမဆိုင် ပျားတုတ်ခံရတဲ့သူတွေအကြောင်း ပုံပြင်ကို ပြန်ပြောပြရတယ်။ ဒီလိုနဲ့ ခရီးသွားဖို့ စီစဉ် တယ်။ တစ်ည သုံးသောင်း နဲ့ လေးသောင်းကြား ပေးရပြီး မြို့ထဲနဲ့ နီးတဲ့ ဟိုတယ်ရှာတယ်။ သင့်တော်မယ်ထင်တဲ့ ဟိုတယ်တွေ့တဲ့အခါ အရေးကြီးဆုံး ကိစ္စဖြစ်တဲ့ ညဘက် မီးပျက်ရင် မီးစက်နှိုးမနှိုးမေးရပြန်တယ်။ ကားလက်မှတ်ဝယ်ဖို့ အတွက် နာမည်ကြီး ကားလိုင်းတွေ က ဘားအံခရီးစဉ် မဆွဲတော့ အဆင်ပြေမယ့် ကားလိုင်း ကိုContinue reading “ဇွဲကပင် ခရီးစဉ် (၁)”

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း

သူငယ်ချင်း – ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် ပါတီနည်းနည်းပဲရှိတယ်။ ငါတို့ဆီမှာ ပါတီတွေ များလွန်းတယ်။ အရည်အချင်းလည်းမရှိဘူး။ ဒါ့ကြောင့် ပါတီနည်းနည်းပဲရှိအောင် လုပ်တာကောင်းတယ်။ ကျွန်တော် – မင်းကလူ့အခွင့်အရေးတို့၊ လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်တို့ နဲ့ပတ်သက်ရင် မြန်မာ့ ဒီမိုကရေစီက သက်တမ်းနုနုလေးရှိသေးတယ်၊ ဒီမိုကရေစီသက်တမ်းနှစ်ရာချီ နေတဲ့ နိုင်ငံတွေလို ဖြစ်ချင်လို့မရဘူးလို့ ပြောခဲ့ပြီး ပါတီကိစ္စကျမှ ဒီမိုကရေစီနိုင်ငံ ကြီးတွေ လို တဲ့လား။ ပြီးတော့ ဟိုနိုင်ငံတွေမှာ အခုလို အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေး ပါတီ နည်းနည်း ပဲကျန်အောင် နှစ်ပေါင်းများ စွာ ပြည်သူ့ဆန္ဒမဲ နဲ့ ဆန်ခါတင် ရွေးချယ်ခဲ့တာ၊ ဥပဒေ ပြဋ္ဌာန်းပြီး ဒီပါတီရှိစေ၊ ဟိုပါတီ ဖျက်စေလို့ လုပ်ခဲ့တာ မဟုတ်ဘူး။ သူငယ်ချင်း – ဒါတော့ ဒါပေါ့ကွာ။ ဤတွင်တစ်ခန်းရပ်။

ဥပဒေသစ်အကြောင်းတွေးမိသမ ျှ

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ပြီး အရင်တည်ရှိနေတဲ့ “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ( ၂၀၁၀)” ကို ဖျက်သိမ်းလိုက်တယ်။ အခု ဥပဒေသစ်မှာ နိုင်ငံရေးပါတီများဖွဲ့စည်းမှတ်ပုံတင်မယ်ဆိုရင် ပြည့်စုံရမယ့် စံနှုန်းတွေကို အတော်မြင့်မြင့်မားမား သတ်မှတ်ထားတယ်။ ဥပမာ၊ တစ်နိုင်ငံလုံးမှာ စည်းရုံးမယ့် ပါတီ ဆိုရင် ပါတီမှတ်ပုံတင်လေ ျှာက်တဲ့အခါ မြန်မာ့စီးပွားရေးဘဏ်မှာ ပါတီရန်ပုံငွေ သိန်းတစ်ထောင် စာရင်းဖွင့်ထားပြီးဖြစ်ရမယ်၊ ပါတီ မှတ်ပုံတင်ခွင့်ပြုပြီး ရက် ၉ ၀ အတွင်း ပါတီဝင် အင်အား အနည်းဆုံး တစ်သိန်း စည်းရုံး နိုင်ရမယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့မြို့နယ်အားလုံးရဲ့ ထက်ဝက် မှာContinue reading “ဥပဒေသစ်အကြောင်းတွေးမိသမ ျှ”