ကြိုတင်မဲ အကြောင်း သိကောင်းစရာ

၂၀၂၀ ရွေးကောက်ပွဲမှာ ထူးခြားချက်ကတော့ ကိုဗစ် ရောဂါဖြစ်ပွားမှုအခြေအနေအရ Stay at Home အဖြစ်သတ်မှတ်ထားတဲ့ မြို့နယ်များနဲ့ လူဦးရေ ထူထပ်သော မြို့နယ်များ ( တစ်စတုရန်း ကီလိုမီတာပ ျှမ်းမ ျှ လူဦးရေ ငါးထောင်နဲ့ အထက်) မှာ အသက်ခြောက်ဆယ်နဲ့ အထက်မဲဆန္ဒရှင် များ ( ၁၉ ၆၀ ပြည့်နှစ် နဲ့ ၎င်းနှစ်ရှေ့ပိုင်းမွေးဖွားသူတွေ) ကြိုတင်မဲပေး နိုင်အောင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်တွေက စီစဉ်ပေးရမယ်ဆိုတဲ့အချက်ပါပဲ။ ဒါကလည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများ အရ ကိုယ်တိုင် လာရောက်မဲမပေးနိုင်တဲ့ အသက်အရွယ်ကြီးရင့်သူတွေကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးရမယ် ဆိုတဲ့ အချက်အပေါ်မူတည် ဆောင်ရွက်တာဖြစ်ပါတယ်။ အခု ကိစ္စမှာတော့ လာမဲပေးနိုင်တဲ့ အခြေအနေရှိ ပေမယ့် ကိုဗစ် ရောဂါContinue reading “ကြိုတင်မဲ အကြောင်း သိကောင်းစရာ”

မဲပေးခင် စဉ်းစားဖို့ (၁၁)

ဆရာကြီးဝါဒ အင်န်အယ်လ်ဒီပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့နှစ်ဦးက လာမယ့်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီကိုပဲ ပုံအောပြီး မဲပေးဖို့ ထပ်မံတိုက်တွန်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၉ ရက်နေ့ ကော့မှူး မဲဆန္ဒနယ်က မဲဆန္ဒရှင် ခြောက်ယောက်နဲ့ အွန်လိုင်းစကားဝိုင်းလုပ်တဲ့အခါ “ အာဏာရှင်စနစ်ကနေ လုံး၀ ဒီမိုကရေစီ စနစ်ဖြစ်အောင် လုပ်တဲ့ လုပ်ငန်းမပြီးသေးတဲ့အတွက် အင်န်အယ်လ်ဒီပါတီ အပြတ်အသတ် နိုင် ဖို့ လိုအပ်တယ်။” လို့ပြောခဲ့တယ်။ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာဖွင့်ပြီးချိန်ကစလို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသ ရေးနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်နေ လူထုကို သတင်းစကားပေးတာ မရှိသလောက်ဖြစ် ပေမယ့် မဲပေးဖို့အတွက်တော့ အဆက်မပြတ် ရေးသားနေတဲ့ ဦးဝင်းမြင့်ကတော့ “ (မြန်မာ့နိုင်ငံရေးမှာ ) ဒီမိုကရေစီအုပ်စုContinue reading “မဲပေးခင် စဉ်းစားဖို့ (၁၁)”

မှတ်မှတ်သားသား ထိုစကား (၃)

ဖွဲ့စည်းပုံ မပြင်လ ျှင် ၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်မဝင် ။ “ ဂုဏ်သိက္ခာရှိတဲ့ သူတွေ အနေနဲ့လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မဝင်သင့်ဘူး။ ( ၂၀၁၃ ၊ ပုံ ၁ ) အင်န်အယ်လ်ဒီအစိုးရ တက်ရင် မြစ်ဆုံစီမံကိန်းကို ပထမဆုံးဖြေရှင်းမယ်။ xx ပြည်သူတွေကို ချပြ သွားမယ်။ တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုလည်းပေးမယ်။ ( ၂၀၁၅ ပုံ ၂) ပြည်သူတွေရဲ့ အကြိုက်ကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မမှန်သည် ဖြစ်စေ၊ ငါတို့မဲရရင်ပြီးရောဆိုပြီးလုပ်တဲ့သူတွေကိုလည်း အားမကိုးပါနဲ့။ ( မြစ်ကြီးနား ဖေ ၂၃ ၂၀၁၂။ ပုံ ၃ ) ကတိမတည်တဲ့ပါတီကို မဲမေ ပးကြပါနဲ့။ ( ၂၀၁၅Continue reading “မှတ်မှတ်သားသား ထိုစကား (၃)”

မဲမပေးခင် စဉ်းစားဖို့ ( ၁၀ )

ဟန်ပြ တကယ်အလုပ်လုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဘယ်လိုလူမျိုးလဲ ဥပမာ ။ ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကော့မှူးမြို့ကို သွားပြီး အမှိုက်ကောက်ပြခဲ့တယ်။ ( ပုံ ၁ ) အဲဒီအမှိုက်ကောက်တဲ့သတင်းမှာ ကော့မှူးမြို့နယ်ပါဝင်တဲ့ တိုင်းလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ဒေါ်အောင်ဆန်းစုကြည်က တစ်လ တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် အမှိုက်ကောက်ဖို့ သက်ဆိုင်ရာပါတီခေါင်းဆောင်တွေကို မှာတယ် လို့ ပြောသွားတယ်။ ( ပုံ ၂ ) အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ အလုပ်များတဲ့အတွက် ကော့မှူးကို သွားပြီး အမှိုက်ကောက်ပြနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကော့မှူးမှာရှိတဲ့ ဒေါ်သန္တာအေး အပါအဝင် အင်န်အယ်လ်ဒီတာဝန်ရှိသူတွေ ပြီးခဲ့ တဲ့ ငါးနှစ်အတွင်းမှာ တစ်လတစ်ကြိမ်Continue reading “မဲမပေးခင် စဉ်းစားဖို့ ( ၁၀ )”

မဲမပေးခင် စဉ်းစားဖို့ (၉ )

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲဆွယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းစဉ်တပ်ပြီး “ အမယ်အိုရဲ့ သောက လျော့ပါးဖို့ အင်န်အယ်လ်ဒီကို မဲပေးဖို့ ” ဆိုပြီး မဲဆွယ် ခဲ့ကြတယ်။ ( ပုံ ၁ နဲ့ ၂ ) လက်တွေ့မှာတော့ အရည်အချင်းရှိလို့မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ အရှိန် ကြောင့် သာ အနိုင်ရခဲ့တယ်ဆိုတာ ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် ဝန်ခံထားတယ်။ ( ပုံ ၃ ) လွှတ်တော်ရောက်သွားတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် အားကိုး ရတဲ့ သူတွေ ဖြစ်မလာပဲ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲ အလုပ်အားလုံးကို သိမ်းကျုံးလုပ်နေ ရလို့ ကာတွန်းတွေ နဲ့လှောင်ပြောင်ခံခဲ့ရတယ်။ နောင်ဆိုရင် ကိုယ်စားလှယ်ကို မကြည့် ပဲ ၊Continue reading “မဲမပေးခင် စဉ်းစားဖို့ (၉ )”

မဲမပေးခင် စဉ်းစားဖို့ (၈)

ဂျင်း နဲ့အပင်း အင်န်အယ်လ်ဒီပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီထောက်ခံသူတွေ က မဲဆွယ်တဲ့ အခါ “တပ်မတော်သားကိုယ်စားလှယ် ၂၅% ကို လွှတ်တော်ထဲက ဖယ်ရှားနိုင်ဖို့အတွက် အခြေခံ ဥပဒေ ပြင်ဖို့လိုတယ်။ အခြေခံဥပဒေပြင်နိုင်ဖို့အတွက် ရွေးကောက်ခံ ၇၅% နေရာကို အင်န်အယ်လ်ဒီ ပါတီနိုင်မှ ဖြစ်မယ်။ ဒါ့ကြောင့် မဲမကွဲစေနဲ့ အင်န်အယ်လ်ဒီကိုပဲ မဲပေးပါ ” လို့ ပြောကြ တယ်။ ဒီစကားက တကယ်တော့ လူထုကို နားလည်မှုလွဲအောင်ပြောတာပဲ ဆိုတာ အောက်ပါ အချက်တွေကို ဖတ် ကြည့်ရင်တွေ့လိမ့်မယ် ၁။ အခြေခံဥပဒေပြင်ဆင်ဖို့ ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅% ကျော်က ထောက်ခံရမယ်။ တစ်ချို့ပုဒ်မတွေဆိုရင် ပြည်ထောင်စုလွှတ်တော်က ထောက်ခံ ရုံ နဲ့ မရဘူး။ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရဦးမယ်။Continue reading “မဲမပေးခင် စဉ်းစားဖို့ (၈)”

မဲမပေးခင် စဉ်းစားဖို့ (၇)

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ ကျွန်တော်တို့ အများစုက ရွေးကောက်ပွဲဆိုတာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေကိုပဲ မျက်စိထဲမှာမြင်ကြတယ်။ တိုင်းဒေသကြီး/ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တွေကို စိတ်ဝင်စားမှု အားနည်းကြတယ်။ တကယ်တော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က သမ္မတကို ရွေးချယ်တယ်၊ ပြည် ထောင်စုတစ်ခုလုံး နဲ့ ဆိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းတဲ့အတွက် အရေးကြီးတာမှန်တယ်။ ဒါ ပေမယ့် တိုင်း/ ပြည်နယ် လွှတ်တော်ဆိုတာကလည်း ရပ်ကွက်/ကျေးရွာ အုပ်ကြီး တွေကနေ တိုင်း/ ပြည်နယ်အစိုးရအထိ စောင့်ကြည့်ထိန်းကျောင်းပေးလို့ရတဲ့အတွက် အလေးထား သင့်တယ်။ အခြေခံဥပဒေ ၁၉ ၄၇ ခုနှစ်အခြေခံဥပဒေ ကျင့်သုံးတဲ့ ၁၉ ၄၈- ၁၉ ၆၂ ခုနှစ် ကာလက တိုင်းတွေကို ပြည်ထောင် စု အစိုးရက တိုက်ရိုက်အုပ်ချုပ်တယ်။Continue reading “မဲမပေးခင် စဉ်းစားဖို့ (၇)”

မဲမပေးခင် စဉ်းစားဖို့ (၆)

မဲမပေးခင် စဉ်းစားဖို့ (၆) ဒေါက်တာ အောင်မျိုး ဒေါက်တာအောင်မျိုး၊ တစ်သီးပုဂ္ဂလ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ဇမ္ဗူသီရိ မြို့နယ်၊ နေပြည်တော် ဟာလည်း ကျွန်တော်ထောက်ခံတဲ့ လွှတ်တော်ကိုု်ယ်စားလှယ်လောင်း တစ်ယောက်ပဲ။ ကျွန်တော်သာ နေပြည်တော်မှာ ရှိနေမယ်ဆိုရင် သူ့အတွက် ကိုယ်တိုင် နယ်မြေ ဆင်းပြီး မဲဆွယ်ပေးမိမှာပဲ။ ကိုအောင်မျိုး ကို ဇမ္ဗူသီရိမြို့နယ်က အရွေးခံရစေချင်တဲ့အဓိက အကြောင်းအရင်းကတော့ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှာ နေထိုင်နေတဲ့ နိုင်ငံဝန်ထမ်းတွေအတွက်သာမက တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံ ဝန်ထမ်းအားလုံးအတွက်ပါ ကိုယ်စားပြုပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ဖြစ် ပါတယ်။ တပ်မတော်အရာရှိဘဝကနေ နယ်ဘက်ရာထူးကို ကူးပြောင်းရတဲ့သူတွေထဲမှာ ကိုအောင်မျိုး ဟာ ထူးခြားသူတစ်ယောက်ပဲ။ သူက မန္တလေးတက္ကသိုလ်မှာ သမိုင်းဘာသာ အဓိက နဲ့ ၁၉ ၇၆ –Continue reading “မဲမပေးခင် စဉ်းစားဖို့ (၆)”

မဲမပေးခင် စဉ်းစားဖို့ (၅)

၂၀၂၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ လွှတ်တော်ထဲကို ရောက်စေ ချင်တဲ့ ကိုယ်စားလှယ်လောင်း တွေရှိတယ်။ သူတို့က အဓိက ပါတီကြီးှနှစ်ခု ဖြစ်တဲ့ အင် န် အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုးပါတီက မဟုတ်ဘူး။ဒါပေမယ့် သူတို့ သာလွှတ်တော်ထဲရောက်သွား ရင် လွှတ်တော်တွေပိုအသက်ဝင်လာမယ်၊ လူထု အကျိုးရှိမယ့် ဥပဒေကြမ်းတွေကို အဆိုပြုနိုင်မယ်၊ အစိုးရဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ထိထိရောက်ရောက် ဝေဖန်သုံးသပ် နိုင် မယ် လို့ ယုံကြည်မိတဲ့ ကိုယ်စားလှယ်လောင်းတွေပေါ့။( ဒီလိုရေးလို့ အခြားပါတီတွေမှာ ဒီလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေမရှိဘူး လို့ပြောတာမဟုတ်ဘူး။ ကိုယ်တိုင် ထိတွေ့ ဆက် ဆံဖူးတဲ့ အတွေ့အကြုံအရ ရွေးချယ်တာပါ။ စာဖတ်သူအကြိုက် ဝတ္ထုတို ရွေးတဲ့သဘောပါပဲ။ ) ဦးသိန်းညွန့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ( ၂၀၁၁-၂၀၁၆)Continue reading “မဲမပေးခင် စဉ်းစားဖို့ (၅)”

မဲမပေးခင် စဉ်းစားဖို့ (၄)

တိုင်းရင်းသားပါတီများ (မှတ်ချက်။ ဒီဆောင်းပါးမှာ တိုင်းရင်းသားပါတီဆိုတာ ဗမာလူမျိုးအခြေခံပါတီများမပါ တိုင်းရင်းသား လူနည်းစု ပါတီများကို ဆိုလိုပါတယ်။ ) ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အားကောင်းမောင်းသန် နဲ့ ပြိုင်ဖို့ ပြင်ဆင်နေ ကြတယ်။ တိုင်းရင်းသားပါတီတွေကြားမှာ ပါတီတွေပေါင်းစည်းနေ ကြတယ်။ ပါတီရဲ့ မူဝါဒတွေဟာ လူမျိုးစုတစ်ခုတည်းကို အခြေခံထား တာမျိုးမဖြစ်ဘဲ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုနိုင်အောင် ရေးဆွဲနေကြတယ်။ လူငယ်မျိုးဆက်သစ်တွေကို ပွဲထုတ် လာ ကြတယ်။ အဲဒီအချိန်မှာပဲ အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ နဲ့ ပါတီ ထောက်ခံသူတွေကလည်း တိုင်းရင်းသားမဲဆန္ဒရှင်တွေ ေ၀ဝါးသွားစေမယ့် မဲဆွယ်စကား တွေ ပြောလာကြတယ်။ သူတို့ပြောတဲ့စကားတွေကို ချုပ်လိုက်ရင် အဓိက သုံးချက်ပဲ။ အဲဒါတွေက ၁။ အင်န်အယ်လ်ဒီပါတီမှာလည်း တိုင်းရင်းသားတွေပါပါတယ်။ ဒ့ါကြောင့်Continue reading “မဲမပေးခင် စဉ်းစားဖို့ (၄)”