ယစကျီ (၃)

ယစကျီ ရွာ အဝင် မှာ ချက်ခြင်း သတိထားမိတာ သန့်ရှင်းသပ်ရပ်မှုပဲ။ လမ်းမှာ ဖြတ်ခဲ့ရ တဲ့ ထွက်နီ၊ ဆီးကျအင်းရွာတွေမှာလည်း ဒီအချက်ကို သတိထားမိတယ်။ မြေထိန်းနံရံ လုပ်ဖို့ လို တဲ့နေရာတွေမှာ ဗြုန်းအုတ်နဲ့ စနစ်တကျလုပ်ထားတယ်။ ခြံဝင်းတွေထဲမှာရော၊ လမ်းဝဲယာ မှာ ပါ အမှိုက်၊ အထူးသဖြင့် ပလတ်စတစ်အမှိုက်တွေ ပြန့်ကျဲနေတာမျိုးမရှိဘူး။ ဒါပေမယ့် လမ်းဘေး ဝဲယာမှာ အမှိုက်ပုံးတွေထားပေးတာ၊ အမှိုက်မပစ်ရ၊ အမှိုက်ပစ်လ ျှင် ဒဏ်ငွေ xxxx ဆိုတဲ့ ဆိုင်းဘုတ် တွေ ပလူပျံအောင် ကပ်ထားတာလည်း မတွေ့ရပြန်ဘူး။ ရွာဝင်လမ်းကို ကြည့်ပြီး လူတွေ စည်းကမ်းမရှိလေ သတိပေး ဆိုင်းဘုတ် များလေ ဆိုတဲ့ စကားကို သတိရမိတယ်။ ရွာအဝင်မှာလမ်းနှစ်သွယ်ရှိတယ်။ ညာဘက်လမ်းကContinue reading “ယစကျီ (၃)”

ယစကျီ (၂ )

နေ့လယ်စာ စားပြီးတာနဲ့ ဆီးကျအင်းက ဆက်ထွက်တယ်။ရွာလေးက နောက်မှ ကျန်နေပေမယ့် ဒေသခံတွေရဲ့ စကားတွေက ထပ်ချပ်လိုက်လာတယ်။ ရိုးရှင်း ပွင့်လင်းတဲ့ သူတို့ စကားတွေက တွေးစရာတွေပေးတယ်။ ဆရာနေဝင်းမြင့် က သူ့ခရီးသွားဆောင်းပါးတွေကို “ ခရီးနိုင်ငံရေး” နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ ဖူးတယ်။ အဲဒီစာအုပ်မှာ ဆရာမြသန်းတင့်က ခရီးသွားခြင်း နဲ့ပတ်သက်ပြီး “ နိုင်ငံရေး အစစ်ဟာ ခရီးတွေသွားမှ မြင်ရတယ်။ ကြားရတယ်။ ခရီးသွားရင်း တွေ့ရ ကြုံရ သူတွေကို ကြည့်ရင် သူတို့မှာ ဘယ်လိုမှ ဖုံးကွယ်ထားမှုမပါဘူး။ ဘယ်လို ဟန်ဆောင်မှု မျိုး မှ မပါဘူး။ ဘယ်လို ပယောဂမှ မပါဘူး။ သည်လို မပါတဲ့အတွက် သူတို့ ဆီက အမှန်တရားကို ရှင်းရှင်းလင်းလင်းရနိုင်တယ်။ ကိုယ်တိုင်ခရီးတွေသွားမှContinue reading “ယစကျီ (၂ )”

ယစကျီ (၁)

ယစကျီဆိုတာက မဲနယ်တောင်ပေါ်မှာ ရှိတဲ့ ပလောင်ရွာဖြစ်ပါတယ်။ ဒါပေမယ့် ပင်းတယမြို့နယ် ထဲမှာ မဟုတ်ဘူး။ ရွာငံမြို့နယ်ထဲမှာရှိတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ထဲ မှာ ပလောင်ရွာငါးရွာရှိတယ်။ ယစကျီ လို့ ပြောပေမယ့် ကျွန်တော်သွားမှာက ယစကျီ တောင်ရွာ၊ အဲဒီ ရွာနဲ့ ဆယ့်ငါးမိနစ်လောက်ခရီးမှာ ယစကျီ မြောက်ရွာဆိုတာ ရှိသေးတယ်။ အဲဒါလည်း ပလောင် ရွာပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေပျံနှံ့မှုအနေအထားအတိုင်းပဲ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပေမယ့် ဓနု တိုင်းရင်းသားတွေပဲ နေထိုင်တာတော့မဟုတ်ဘူး။ ပအို့ဝ်၊ ပလောင် နဲ့ တောင်ရိုး တိုင်းရင်းသားတွေလည်းနေထိုင်ကြတယ်။ ဘေဘီလုံ တောတွင်းစခန်းအနောက်ဘက်ထဲက မဲနယ် တောင်ရွာဆိုရင် ပအို့ဝ်ရွာကြီးပေါ့။ ပင်းတယ- ဟဲဟိုးလမ်းဘက်မှာ တောင်ရိုးရွာတွေရှိတယ်။ ပင်းတယမှာ တောင်ပေါ်တောတွင်းခရီးစဉ်တွေကို စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းတွေ၊ တစ်ကိုယ် တော်ဧည့်လမ်းညွှန်တွေရှိတယ်။Continue reading “ယစကျီ (၁)”

အိပ်မက်ဘုံ ဘေဘီလုံ

အရှေ့အလယ်ပိုင်းက ဘေဘီလုံ မြို့တော်ဟောင်းကို မရောက်ဖူးပေမယ့် ပင်းတယအနောက် ဘက် မဲနယ်တောင်ပေါ်က ဘေဘီလုံတောတွင်းစခန်း #Mt.MaeNalBabylonCamp မှာ တစ်ညအိပ် ခွင့်ရခဲ့တယ်။ ပင်းဒယအနောက်ဘက် မဲနယ် တောင်တန်းပေါ်မှာ အပန်းဖြေ စခန်းဆောက်ဖို့ ကြိုးစားတာ အခု ခေတ်မှ စတာမဟုတ်ဘူး။ အင်္ဂလိပ်တွေကလည်း ၁၈၉ ၅ ခုနှစ် ဖေဖော်ဝါရီ လ မှာ ပင်းဒယ အနောက်ဘက် ပင်လယ် ရေမျက်နှာ ပြင်အထက် ပေ ငါးထောင် ကျော်ရှိတဲ့ မဲနယ်တောင်ရိုး ဂျူးတောင် အနားက ဧချမ်းပင် ကို ကျန်းမာရေးစခန်း တည် ဆောက်ဖို့ ရွေးခဲ့ဖူးတယ် လို့ဒေါက်တာ သန်းထွန်း က အထက်မြန်မာနှင့် ရှမ်းနယ် ဂေဇက် ( ၁၉ ၀၁) ကိုContinue reading “အိပ်မက်ဘုံ ဘေဘီလုံ”

ပင့်ကူရ

ကုမ္မာဘယ မင်းသားက ပင့်ကူကြီးကို တိုက်ခိုက်သတ်ဖြတ်ပြီး လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ နတ်သမီး ခုနှစ်ဖော်ကို ကယ်တင်နိုင်လိုက်တဲ့အတွက် “ ပင့်ကူကို အနိုင်ရလို့ ပင့်ကူရ” လို့ ခေါ်ရာ ကနေ “ပင်းတယ” လို့နာမည်တွင်လာတယ်ဆိုတဲ့ မြို့လေးဆီကို ခရီးထွက်ခဲ့တယ်။ ပင်းတယ က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာက ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပင်းတယ နဲ့ ရွာငံနှစ်မြို့နယ်ကို ပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ပင်းတယ ကတော့ ဒေသ ဦးစီးအဖွဲ့ရုံးစိုက်တဲ့မြို့၊ ဓနုမြို့တော်ပေါ့။ ပင်းတယ လို့ပြောလိုက်ရင် ပုန်းတလုတ် ရေကန်၊ ရွှေရောင်တဝင်းဝင်း ရွှေဥမင် ဂူဘုရားနဲ့ ဘုရားတောင်ခြေက သက်တမ်းရင့် ညောင်ပင်ကြီးတွေကို မျက်စိထဲမှာ မြင်ယောင်လာ မှာသေချာတယ်။ ဒါပေမယ့် ပင်းတယ မြို့ပတ်ဝန်းကျင်မှာ ဘုရားဖူးတာအပြင် နောက်ထပ် လေ့လာစရာတွေContinue reading “ပင့်ကူရ”

မေ ျှာ်လင့်ခြင်း ဈေးတန်း

မြန်မာနိုင်ငံအနှံ့အပြားက အဝေးပြေးလမ်းမတွေ မှာ အမြဲတမ်းတွေ့ရလေ့ရှိတာကတော့ ဒေသ ထွက် သီးနှံတွေကို ရောင်းချတဲ့ လမ်းဘေး ဈေးဆိုင်လေးတွေပါပဲ။ ဒီလို ဈေးဆိုင်တွေမှာ ရောင်းချနေတဲ့သူအများစုက မြေမဲ့၊ ယာမဲ့ ကျေးလက်မိသားစုဝင် အမျိုးသမီး တွေပါ။ ဟိုးတစ်ချိန်ကတော့ ကျေးလက်မှာ၊ ကောက်စိုက်၊ပျိုးနှုတ်၊ ကောက်ရိတ်၊ စာရင်းငှား စတဲ့ အလုပ်တွေက ပေါတော့ ဒီအမျိုးသမီးတွေအတွက် အလုပ်မရှားလှဘူး။ နောက်ပိုင်း စက်မှု လယ်ယာဘက်ကို ပြောင်းလာတာနဲ့ အမ ျှ လယ်ယာ လုပ်သားလိုအပ်ချက်က နည်းလာတော့ အမျိုးသားတွေလည်း ကျပန်းအလုပ်ရှာလုပ်၊ အမျိုး သမီးတွေက ဈေးရောင်း ဆိုတာ မျိုးဖြစ်လာတယ်။ ဒါ့ကြောင့် ကျွန်တော်ကတော့ ခရီးသွား တဲ့ အချိန်တိုင်း အဲဒီ ဈေးဆိုင်လေးတွေကို အားပေးလေ့ရှိပါတယ်။ တစ်ချို့ ခရီးသွားတွေကတော့ ဒီဈေးဆိုင်လေးတွေကContinue reading “မေ ျှာ်လင့်ခြင်း ဈေးတန်း”

ဘောင်းဘီပြင်သည် “အလီ”

အသက် ကိန်းဂဏန်းတွေ ကြီးလာတာနဲ့ အမ ျှ လိုက်ပြောင်းလဲနေတာက ခါး ရဲ့ ကိန်းဂဏန်း တွေပဲ။ အသက် ၆၀ ကျော်ပြီ ဆိုရင်တော့ လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ်၊ အစားနဲ့ ဘယ်လိုထိန်းထိန်း မလွယ်တော့ဘူး။ အဲဒီလို ဖြစ်လာတဲ့အခါ ပုဆိုးဝတ်ရတာ ပြဿနာ မရှိပေမယ့် ဘောင်းဘီဝတ်တဲ့အခါ ပြဿနာ တက်တော့တာပဲ။ ကျွန်တော်တို့ လူငယ်ဘ၀ ၁၉ ၇၀၊ ၁၉ ၈၀ နှစ်များဆီကတော့ ဂျင်းဘောင်းဘီ ဝယ်ချင်ရင် ဗိုလ်ချုပ်ဈေးကို ပြေးရတာပဲ။ အဲဒီအချိန်က ဂျင်းဘောင်းဘီအပါအဝင် နိုင်ငံခြားဖြစ် အဝတ် အထည်တွေ လိုချင်ရင် ဗိုလ်ချုပ်ဈေးက ဆရာကြီးပေါ့။ ဂျပန်ပစ္စည်း၊ အမေရိကန်ပစ္စည်း ဆိုတာက ဗိုလ်ချုပ်ဈေး မှာပဲ ရနိုင်တာလေ။ ဒါပေမယ့် အခုလို ပြည်ပကContinue reading “ဘောင်းဘီပြင်သည် “အလီ””

လက်တွေ့ ဘောဂဗေဒ (၂)

မနက်စောစော လမ်းလေ ျှာက်ထွက်တော့ အိမ်က ခေါက်ဆွဲဖတ်၊ အကြော် နဲ့ အသီးအနှံတွေ ဈေး မှာလိုက်တယ်။ ရပ်ကွက်ဈေးထဲက မုန့်ဖတ်ဆိုင်ရောက်တော့ ဝယ်နေကျအတိုင်း မှာလိုက်တဲ့အခါ မုန့်ဖတ် နည်းနည်းပဲရတယ်။ မုန့်ဖတ်တွေ ဈေးတက်သွားပြီတဲ့။ အရင်က တစ်ပိဿာ ၁၆၀၀၊ အခု ၂၄၀၀၊ ဒီလိုနဲ့ မုန့်ဖတ်ဖိုးက မှန်းထားတာထက် ပိုကုန်သွားတယ်။ ပဲကြော် က အရင်တစ်ထုပ်ကို ငါးရာ၊ အခု ခုနှစ်ရာ၊ ပြန်ကြော်ဆီလား၊ ပြည့်ဝဆီလား ၊ ဘာညာ မမေးခဲ့ပါဘူး။ လက်တွေ့ဘဝမှာ သတင်းစာဆောင်းပါးတွေက ညွန်းသလို ကျန်းမာရေးနဲ့ ညီတဲ့ ဆီနဲ့ ကြော်ရင် နှလုံးရောဂါ ဖြစ်မယ့် ဈေး နဲ့ ဝယ်စားရလိမ့်မယ်။ ဒီလိုနဲ့ ဝယ်သူအများစု လက်လှမ်းမီတဲ့ဈေးဖြစ်အောင် အဆင်ပြေသလို လုပ်နေကြတာပါပဲ။Continue reading “လက်တွေ့ ဘောဂဗေဒ (၂)”

လက်တွေ့ ဘောဂဗေဒ

ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းက ရန်ကုန် – ပြည် ကားလမ်းအတိုင်း ပေါက်ခေါင်းဘက်ကို ခရီးထွက်တော့ လမ်းပေါ်မှာ သံထည်ပစ္စည်းဟောင်းတွေ၊ ပလတ်စတစ်ထိုင်ခုံအကျိုးအပဲ့ တွေ တင်ထားတဲ့ ဆိုင်ကယ်တွေ အများကြီးတွေ့ရတယ်။ ဆိုင်ကယ်ပေါ်မှာ ဆိုင်ကယ် အဟောင်း တင်ပြီး မောင်းနေသူလည်း ရှိရဲ့။ ၂၀၁၉ ခုနှစ် ဒီလမ်းအတိုင်း ခရီးသွားခဲ့ ချိန်က အခုလို မတွေ့ခဲ့ရဘူး။ အခုတော့ ရန်ကုန် – ပြည်လမ်းမကြီးပေါ်မှာတင်မဟုတ်ဘူး။ ပုတီးကုန်း- ဆင်မြီးဆွဲ- ပေါက်ခေါင်းလမ်းမှာရော၊ ပေါက်ခေါင်း – အုတ်တွင်းလမ်းအတိုင်း ပဲခူး ရိုးမ တောင်ခြေက ရွာတွေအထိရော ဒီဆိုင်ကယ်တွေကို တွေ့ရတယ်။ အဲဒီ ဆိုင်ကယ်သမားတွေ နဲ့ စကားပြောချင်ပေမယ့် သူတို့ ခရီးနှင်နေချိန်ဖြစ်လို့ ပြောဖို့ အခွင့် မသာခဲ့ဘူး။ အပြန်ခရီးမှာContinue reading “လက်တွေ့ ဘောဂဗေဒ”

အသုပ်စုံ ဝေဒနာ

ဒီနေရာကို တောင်ဒဂုံ ၅၆ ကနေလာရောင်းတာ၊ မိဘတွေကလည်း ကန်တော်ကြီးထဲမှာ ဈေးရောင်းခဲ့တာ၊ နောင် ကန်တော်ကြီးကို ခြံစည်း ရိုးတွေ ကာပြီး ပန်းခြံလုပ်လိုက်တော့ ဈေးဆိုင်တွေဖယ်ပေးလိုက်ရတယ်။ ဒီလို နဲ့ တိရိစ္ဆာန်ဥယျာဉ် ကို မှီပြီး ပလက်ဖောင်းပေါ်မှာ ဈေးရောင်းရတယ်။ မိဘတွေကွယ်လွန်တော့ ဒီအမွေကို ဆက်ခံခဲ့တယ်။ အခု ခင်ပွန်း မရှိတော့ဘူး။ ကိုယ်ပဲ ဦးဆောင်ပြီး ဒီအလုပ်ကို ဆက်လုပ်နေတာ ပေါ့။ ကိုဗစ်စဖြစ်ပြီး ဘုရားတွေ၊ ပန်းခြံတွေ ပိတ်လိုက်တော့ ဆိုင်လည်း နားလိုက်ရတယ်။ ပြီးခဲ့တဲ့ ရက်တွေက ဒုက္ခရောက်လိုက်တာ၊ခွက်ဆွဲပြီး တောင်းစားတဲ့ ဘ၀ မရောက်တာ ကံကောင်း။ တစ်ခြမ်းဝယ်တဲ့သူ များ ရင် ကိုယ့်အတွက် ခေါင်း၊ ခြေထောက်၊ အသည်း ၊ အမြစ် စားဖို့Continue reading “အသုပ်စုံ ဝေဒနာ”