ရှေးဟောင်း ထမင်းကြော်

ဒီဆိုင်လေးက လူသွားလူလာများတဲ့ လမ်းမကြီးဘေးမှာ မရှိဘူး။ မိုင်းအင်ရွာ ငါးရက် တစ်ဈေး ဈေးတန်း လေးရဲ့နောက်ဘက်ချောင်ထဲမှာ ရောက်နေတယ်။ ဆိုင်နာမည် ဆိုင်းဘုတ် မရှိ သလို ဈေးထိပ်မှာ ဆိုင်ကို ညွှန်းတဲ့ လမ်းညွှန် အမှတ်အသားလည်း မရှိဘူး။ ဆိုင်က သွပ်မိုး ၊ ထရံကာ မြေစိုက်တဲလေး။ သွပ်မိုးတွေက သံချေးရောင်ပေါက်နေပြီ။ ဆိုင်ခေါင်းရင်းဘက်က မိုးပက်လို့ ထင် တယ်၊ ပလတ်စတစ်စတွေနဲ့ ကာထားတယ်။ ဆိုင်ရှေ့မှာ ချထားတဲ့ တိုင်ကီ အဟောင်း လေးလုံး ကြောင့် အဝေးက ကြည့်ရင် စားသောက်ဆိုင် ထက် စက်သုံးဆီ ဆိုင်လို့ ထင်စရာဖြစ်နေတယ်။ ဒါပေမယ့် ပင်းတယ၊ မိုင်း အင် ပတ်ဝန်းကျင်မှာ တော့ ဒီဆိုင်လေးကို မသိသူ မရှိသContinue reading “ရှေးဟောင်း ထမင်းကြော်”

နှင်းဆီ

ရန်ကုန် ပတ်ဝန်းကျင်မှာ နှင်းဆီ စိုက်ခင်းတွေ မြင်ဖူး၊ တွေ့ဖူးပေမယ့် တောင်ပေါ်ဒေသမှာ ဧက ရာချီတဲ့ နှင်းဆီပန်းခင်းတွေ မြင်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ပင်းတယ မြို့ခံမိတ်ဆွေက ကျွန်တော့်ကို နှင်းဆီပန်းခင်းတွေပြမယ်၊ ပြီးရင် ထူးခြားတဲ့ ရှေးဟောင်း ထမင်းကြော်ကျွေးမယ်ဆိုပြီး ပင်းတယ – ရပ်စောက်လမ်းအတိုင်းခေါ်သွားတယ်။ ပင်းတယ ကနေ ဆယ်မိုင်လောက်မောင်းလာတဲ့အခါ မိုင်းအင်ရွာကို ရောက်တယ်။ မိုင်းအင် ရွာက ထွက်တာနဲ့ လမ်းဘေး ဝဲယာမှာ နှင်းဆီစိုက်ခင်းတွေ စတွေ့ရတယ်။ ပင်းတယ နယ် မိုင်းအင် နဲ့ ရပ်စောက် နယ်ကောင်းဘို ကြား လမ်းဝဲယာ နဲ့ အတွင်းပိုင်းမှာ နှင်းဆီစိုက်ဧက ခြောက်ရာကျော် လောက် ရှိတယ်လို့ပြောတယ်။ မိတ်ဆွေဖြစ်သူက လမ်းဝဲယာ ထက် အတွင်းပိုင်းက စိုက်ခင်းတွေက ပိုကျယ်၊Continue reading “နှင်းဆီ”

အရှေ့မြင် အနောက်မြင်တောင် (၂)

တောင်တက်လမ်းက လီဆူစခန်းကျော်တာနဲ့ တောင်စောင်းအတိုင်းတက်သွားတယ်။ ဒီနေရာမှာ လမ်းက ခြေတစ်ဖဝါးစာကျော်ကျော်လေးပဲရှိတယ်။ တစ်ဖက်မှာ တောင်နံရံ၊ တစ်ဖက်မှာ ချောက် ဆိုတော့ အတွေ့အကြုံမရှိတဲ့ ခရီးသွားတွေ ၊ အထူးသဖြင့် အမျိုးသမီးတွေ အခက်အခဲဖြစ် တဲ့ နေရာလို့ လမ်းပြတွေက ပြောပြတယ်။ တောင်စောင်းအတိုင်းတက်တဲ့လမ်းဆုံးတော့ အရှေ့မြင် အနောက်မြင်တောင်ထိပ်ကို သွားတဲ့ တောင်ကြောပေါ်ရောက်သွားတယ်။ တောင်ကြောပေါ်တက်ပြီး နည်းနည်းလေ ျှာက်လိုက် တာနဲ့ ရပ်စောက်၊ ပင်းတယ နဲ့ ရွာငံ မြို့နယ်သုံးခု ဆုံတဲ့ အမှတ်အသား ကျောက်ပုံတစ်ပုံကို တွေ့ရ တယ်။ ကျောက်ပုံကို မျက်နှာမူပြီး ကြည့်လိုက်ရင် ညာဘက်က ရပ်စောက်မြို့နယ်၊ ဘယ် ဘက်က ပင်းတယ မြို့နယ် ၊ ရှေ့တူရူက ရွာငံမြို့နယ်လို့ ဆိုတယ်။ ကျွန်တော်တို့ တက်တဲ့နေ့ကContinue reading “အရှေ့မြင် အနောက်မြင်တောင် (၂)”

အရှေ့မြင် အနောက်မြင်တောင် (၁)

“ တောင်တက် တယ်ဆိုတာ တောင်ကို အနိုင်ယူသိမ်းပိုက်တာမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ် အောင်နိုင်ခြင်း ဖြစ်တယ်” ( Sir Edmund Hillary ဧဝရတ်တောင်ထိပ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့သူ) တောင်တက်တယ်ဆိုတာနဲ့ ထိပ်ဆုံးရောက်ဖို့အတွက် အခက်အခဲတွေ၊ ပင်ပန်း မှု တွေနဲ့ ရင်ဆိုင်ရမယ်၊ လမ်းတစ်ဝက်မှာပဲ လက်မြှောက်အရှုံးပေးပြန်လှည့်ချင်စိတ်တွေ ပေါ်လာ မယ်။ ဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားနိုင်မှ တောင်ထိပ်ကို ရောက် နိုင်မယ်။ ဒါ့ကြောင့်လည်း Hillary က ကိုယ့်ကိုကိုယ် အောင်နိုင်ခြင်း လို့ ပြောခဲ့တာပဲ။ တစ်နည်းအားဖြင့် တောင်တက်ခြင်းဟာ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုကို ဆန်းစစ် ခြင်း လည်း ဖြစ်တယ်။ ဒါ့ကြောင့်လည်း ၂၀၂၂ ခုနှစ်ကိုContinue reading “အရှေ့မြင် အနောက်မြင်တောင် (၁)”

ဇော်ဂျီရေထွက် ၊ ဖေဇော်ဂျီ နဲ့ ရှင်မိယာ

ပင်းတယမြို့၊ ရွှေဥမင်လှိုဏ်ဂူဘုရားသမိုင်းအကြောင်းပြောရင် ကုမ္မာဘယမင်းသားနဲ့ ရှင်မိယာ အကြောင်း မပါလို့မရဘူး။ ပင်းတယ ၊ ရွှေဥမင်လှိုဏ်ဂူ ဘုရားအပြင် ပင်းတယမြို့ ပတ်ဝန်းကျင် နေရာ အတော်များများကလည်း ဒီပုံပြင်နဲ့ ဆက်စပ်နေတယ်။ အဲဒီအထဲမှာ ဇော်ဂျီ ရေထွက်လည်း ပါတယ်။ ကုမ္မာဘယမင်းသား နဲ့ရှင်မိယာပုံပြင်ကလည်း ကိုရီးယားဇာတ်လမ်းတွဲလိုပဲ အတော်ရှည်တယ်။ ကုမ္မဘယ မင်းသားရဲ့ ပထမဆုံးရန်သူက ဂဠုန်၊ ဂဠုန်ကို မင်းသားက သတ်လိုက်တော့ ပင့်ကူ ဖြစ်၊ ပင့်ကူကို သတ်တော့ ဘီလူးဖြစ်၊ ဘီလူးကို သတ်တော့ ဇော်ဂျီဖြစ် ၊ ဇော်ဂျီ သေတော့မှ ဇာတ် လမ်းက ပြီးတာ။ ဒီကြားထဲမှာ ဘီလူးနဲ့ တိုက်ခိုက်လို့ရတဲ့ ဒဏ်ရာနဲ့ မင်းသားသေသွားလို့ သိကြားမင်း ရေစင်ဖျန်းပြီး အသက်ရှင်အောင် ပြန်လုပ်ပေးရတာလည်း ပါသေးတယ်။Continue reading “ဇော်ဂျီရေထွက် ၊ ဖေဇော်ဂျီ နဲ့ ရှင်မိယာ”

ဦး အစိတ် ခေါက်ဆွဲကြော်

၂၀၁၉ ခုနှစ် စက်တင်ဘာလ မှာ အဖေ အမေနဲ့ အတူစားခဲ့ရတဲ့ ၊ ငယ်ငယ်က စွဲလမ်းနှစ်သက်ခဲ့ တဲ့၊ အိမ်လုပ်ခေါက်ဆွဲ နူးနူးညံ့ညံ့ နဲ့ ကြော်တဲ့၊ မီးခိုးနံ့သင်းသင်း ခေါက်ဆွဲကြော် ရယ် ၊ ကြွပ်ရွ နူးညံ့တဲ့ အခေါက်ကင်ရယ် ကို စားချင်လို့ မှော်ဘီ အထိ သွားခဲ့ရတဲ့ အကြောင်း “ ချန်စိန်” ဆိုတဲ့ အက်ဆေးလေးတစ်ပုဒ် ရေးခဲ့ဖူး တယ်။ အဲဒီ အက်ဆေးအဆုံးမှာ “ တကယ်တော့ ချန်စိန်ဆိုင်က ခေါက်ဆွဲကြော်၊ အခေါက်ကင်ထက် ပိုကောင်းတဲ့ဆိုင်တွေ ရှိ သည်။ ပြည်ပက စားဖိုမှူးကြီးတွေ ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ပေးသည့် တန်ဖိုးကြီးဆိုင်တွေ လည်း ရှိသည်။ ဒါပေမယ့် လှပတဲ့ အတိတ်နဲ့ ရောကြော်ထားသော ခေါက်ဆွဲContinue reading “ဦး အစိတ် ခေါက်ဆွဲကြော်”

လ ျှပ်တစ်ပြက် ပုံရိပ်များ

ပင်းတယ-ဆီးကျအင်း-ယစကျီ – ပင်းတယ ခရီးစဉ်မှာ တွေ့ခဲ့ရတဲ့ ဓနုနဲ့ ပလောင်တိုင်းရင်း သားများကို လ ျှပ်တစ်ပြက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ အထားအသို၊ အလင်းအမှောင် ဘာကိုမှ ပြင်ဆင်တည်းဖြတ်မှုမလုပ်ပါဘူး။

ယစကျီ (၃)

ယစကျီ ရွာ အဝင် မှာ ချက်ခြင်း သတိထားမိတာ သန့်ရှင်းသပ်ရပ်မှုပဲ။ လမ်းမှာ ဖြတ်ခဲ့ရ တဲ့ ထွက်နီ၊ ဆီးကျအင်းရွာတွေမှာလည်း ဒီအချက်ကို သတိထားမိတယ်။ မြေထိန်းနံရံ လုပ်ဖို့ လို တဲ့နေရာတွေမှာ ဗြုန်းအုတ်နဲ့ စနစ်တကျလုပ်ထားတယ်။ ခြံဝင်းတွေထဲမှာရော၊ လမ်းဝဲယာ မှာ ပါ အမှိုက်၊ အထူးသဖြင့် ပလတ်စတစ်အမှိုက်တွေ ပြန့်ကျဲနေတာမျိုးမရှိဘူး။ ဒါပေမယ့် လမ်းဘေး ဝဲယာမှာ အမှိုက်ပုံးတွေထားပေးတာ၊ အမှိုက်မပစ်ရ၊ အမှိုက်ပစ်လ ျှင် ဒဏ်ငွေ xxxx ဆိုတဲ့ ဆိုင်းဘုတ် တွေ ပလူပျံအောင် ကပ်ထားတာလည်း မတွေ့ရပြန်ဘူး။ ရွာဝင်လမ်းကို ကြည့်ပြီး လူတွေ စည်းကမ်းမရှိလေ သတိပေး ဆိုင်းဘုတ် များလေ ဆိုတဲ့ စကားကို သတိရမိတယ်။ ရွာအဝင်မှာလမ်းနှစ်သွယ်ရှိတယ်။ ညာဘက်လမ်းကContinue reading “ယစကျီ (၃)”

ယစကျီ (၂ )

နေ့လယ်စာ စားပြီးတာနဲ့ ဆီးကျအင်းက ဆက်ထွက်တယ်။ရွာလေးက နောက်မှ ကျန်နေပေမယ့် ဒေသခံတွေရဲ့ စကားတွေက ထပ်ချပ်လိုက်လာတယ်။ ရိုးရှင်း ပွင့်လင်းတဲ့ သူတို့ စကားတွေက တွေးစရာတွေပေးတယ်။ ဆရာနေဝင်းမြင့် က သူ့ခရီးသွားဆောင်းပါးတွေကို “ ခရီးနိုင်ငံရေး” နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ ဖူးတယ်။ အဲဒီစာအုပ်မှာ ဆရာမြသန်းတင့်က ခရီးသွားခြင်း နဲ့ပတ်သက်ပြီး “ နိုင်ငံရေး အစစ်ဟာ ခရီးတွေသွားမှ မြင်ရတယ်။ ကြားရတယ်။ ခရီးသွားရင်း တွေ့ရ ကြုံရ သူတွေကို ကြည့်ရင် သူတို့မှာ ဘယ်လိုမှ ဖုံးကွယ်ထားမှုမပါဘူး။ ဘယ်လို ဟန်ဆောင်မှု မျိုး မှ မပါဘူး။ ဘယ်လို ပယောဂမှ မပါဘူး။ သည်လို မပါတဲ့အတွက် သူတို့ ဆီက အမှန်တရားကို ရှင်းရှင်းလင်းလင်းရနိုင်တယ်။ ကိုယ်တိုင်ခရီးတွေသွားမှContinue reading “ယစကျီ (၂ )”

ယစကျီ (၁)

ယစကျီဆိုတာက မဲနယ်တောင်ပေါ်မှာ ရှိတဲ့ ပလောင်ရွာဖြစ်ပါတယ်။ ဒါပေမယ့် ပင်းတယမြို့နယ် ထဲမှာ မဟုတ်ဘူး။ ရွာငံမြို့နယ်ထဲမှာရှိတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ထဲ မှာ ပလောင်ရွာငါးရွာရှိတယ်။ ယစကျီ လို့ ပြောပေမယ့် ကျွန်တော်သွားမှာက ယစကျီ တောင်ရွာ၊ အဲဒီ ရွာနဲ့ ဆယ့်ငါးမိနစ်လောက်ခရီးမှာ ယစကျီ မြောက်ရွာဆိုတာ ရှိသေးတယ်။ အဲဒါလည်း ပလောင် ရွာပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေပျံနှံ့မှုအနေအထားအတိုင်းပဲ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပေမယ့် ဓနု တိုင်းရင်းသားတွေပဲ နေထိုင်တာတော့မဟုတ်ဘူး။ ပအို့ဝ်၊ ပလောင် နဲ့ တောင်ရိုး တိုင်းရင်းသားတွေလည်းနေထိုင်ကြတယ်။ ဘေဘီလုံ တောတွင်းစခန်းအနောက်ဘက်ထဲက မဲနယ် တောင်ရွာဆိုရင် ပအို့ဝ်ရွာကြီးပေါ့။ ပင်းတယ- ဟဲဟိုးလမ်းဘက်မှာ တောင်ရိုးရွာတွေရှိတယ်။ ပင်းတယမှာ တောင်ပေါ်တောတွင်းခရီးစဉ်တွေကို စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းတွေ၊ တစ်ကိုယ် တော်ဧည့်လမ်းညွှန်တွေရှိတယ်။Continue reading “ယစကျီ (၁)”