ခရီးသွားအများစုက စူဠာမဏိဘုရားနားမှာရှိတဲ့ ရှုခင်းကြည့်တောင်ကုန်းကနေ တန့်ကြည့် တောင် နေဝင်ချိန် မြင်ကွင်း ကိုပဲ ကြည့်ရှုခံစား ဓာတ်ပုံရိုက်တာများပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီ တောင် ကုန်းနောက်မှာရှိတဲ့ရေကန်ကနေ စူဠာမဏိဘုရားကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ဒီမြင်ကွင်းက မိုးရာသီ ရေကန် ထဲမှာ ရေရှိနေမှ မြင်နိုင်တဲ့မြင်ကွင်းဖြစ်တဲ့အတွက် အခုအချိန် ပုဂံရောက်နေတဲ့ ဧည့်သည် များ ရှုခင်းကြည့်တောင်ကုန်းပေါ်က နေဝင်ချိန်ရှုခင်းကို ခံစားသလို ရေကန်ဘက် ကနေလည်း စူဠာ မဏိ ဘုရား ရဲ့ ညရှုခင်းကို ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မှတ်ချက်။ တာဝန်ရှိသူများက ဓာတ်ပုံရိုက်တဲ့ဘက်အခြမ်း ရေကန်စပ်က ချုံတချို့ကို ရှင်းပေး လိုက်မယ်ဆိုရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကင်မရာကို ဒီ့ထက်ကောင်းတဲ့ ရှုထောင့်မှာ ထားပြီး ရိုက်လို့ရမှာပါ။ အခု ပုံက တော့ ချုံတွေလွတ်တဲ့နေရာကနေ အဆင်ပြေအောင်ရိုက်ခဲ့ရတာဖြစ်ပါတယ်။
Category Archives: Travelogue
ပုဂံမြင်ကွင်းကျယ် (၁၃)
မီးဖိုချောင်မှ အသံများ ရထားဈေးသည် ယောက်ျားက ဝန်ထမ်း၊ ရတာက တစ်သိန်း သုံးသောင်း၊ စားလူက သုံး ယောက်။ မနက်ည ဆန်လေးဘူးချက် ရတယ်၊ လစာကဆန်ဖိုးနုတ်လိုက်ရင် ဘာမှ မကျန်ဘူး၊ အားတဲ့အချိန် လက်သမား လိုက်လုပ်တယ်။ ကျွန်မက ရထားပေါ်မှာ စျေးရောင်းတယ်။ အလုပ်ကထွက်ပြီး မလေးသွားမယ်ဆိုတော့ ပွဲစားက ပထမပြောတာ သိန်းသုံး ဆယ်၊ ဟိုရောက်ရင် အိမ်ကို လေးငါးသိန်း ပြန်ပို့နိုင်မယ်တဲ့။ ဒါနဲ့ သင်္ကြန်မတိုင်ခင်က ရန်ကုန်မှာ စာအုပ်( ပတ်စပို့) သွားလုပ်တယ်။ ပွဲစားခက နှစ်သိန်း၊ စားတာ သောက် တာနဲ့ ငါးသိန်းလောက်ကုန်တယ်၊ ဒါတောင် မင်္ဂလာတောင်ညွန့်က အမျိုးတွေအိမ်မှာတည်းလို့။ စာအုပ် ရ တော့ ပွဲစားက သုံးဆယ်နဲ့ မရတော့ဘူး။ ငါးဆယ်ဖြစ်သွားပြီတဲ့။ငွေကချေးပေးရမှာ၊အတိုးကပစ္စည်းမပါရင် နှစ်ဆယ်တိုး၊ အလုပ်Continue reading “ပုဂံမြင်ကွင်းကျယ် (၁၃)”
ပုဂံမြင်ကွင်းကျယ် (၁၂)
ပုဂံရထား ပြီးခဲ့တဲ့ ဇူလိုင်လ ပုဂံခရီးစဥ်အတွင်းမှာ ခရီးသွားဖော်သူငယ်ချင်းက ညောင်ဦးခရိုင်ထဲက ရွာလေးတစ်ရွာရဲ့ လို အပ်ချက်ကို တွေ့လာခဲ့ပြီး အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရန်ကုန်မှာ ရှိတဲ့ မိတ်ဆွေ အပေါင်း အသင်းများကိုတတ်နိုင်သရွေ့ပါဝင်ကူညီကြဖို့မေတ္တာရပ်ခံခဲ့တယ်။သူ့ကြိုးပမ်းချက်ကြောင့်ထိုက်သင့်တဲ့ အလှူငွေ ပမာဏကို ရလာတဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူစုဆောင်းပြီး ပုဂံကို နောက်တစ်ခေါက်သွားဖို့ ပြင်ဆင်ခဲ့ ပါတယ်။ ဒီတစ်ခေါက်တော့ ပုဂံကို ရထားနဲ့ သွား၊ အပြန်မှာ အဝေးပြေးကားနဲ့ ပြန်ဖို့ စီစဥ်ပါတယ်။ ရထား လက်မှတ် ဝယ်တာကတော့ မန္တလေးကို ရထားနဲ့ တစ်ခေါက်သွားခဲ့ပြီးပြီဖြစ်တဲ့အတွက် ဝယ်ရမဲ့ အချိန်၊ ဝယ်ရမဲ့နေရာကို သိတယ်။ ဒါပေမဲ့ ရန်ကုန်- ပုဂံရထားက တစ်ပတ်မှာ တစ်ရက်ပဲ ရှိတဲ့အတွက်ထွက်မဲ့ ရက်ကို သေချာအောင် စုံစမ်းတော့ ရန်ကုန်ကနေ သောကြာနေ့ထွက်ပြီးပုဂံကနေ အင်္ဂါနေ့ ပြန်ထွက်တယ်လို့ သိရတယ်။ လက်မှတ် ရောင်းတာကတော့ သုံးရက်ကြိုတင်ရောင်းတဲ့အတွက်သောကြာနေ့ထွက်မဲ့ရထားအတွက် အင်္ဂါနေ့ မှာ သွားဝယ် ရတယ်။ ရထားလက်မှတ်စရောင်းတဲ့အချိန်က မနက် ခုနစ်နာရီဖြစ်တဲ့အတွက်သူငယ်ချင်းနှစ်ယောက် မှတ်ပုံတင်ကိုယ်စီနဲ့ ဗိုလ်ချုပ်လမ်းဘက်လက်မှတ်ရုံကိုခြောက်နာရီလေးဆယ့်ငါးမိနစ်အရောက်သွားလိုက်တယ်။မန္တလေး၊မော်လမြိုင် နဲ့ ပုဂံ ရထားကောင်တာတွေမှာ ကိုယ့်ထက်ဝိရိယကောင်းတဲ့သူတွေရောက်နေပေမဲ့Continue reading “ပုဂံမြင်ကွင်းကျယ် (၁၂)”
ပုဂံမြင်ကွင်းကျယ် (၁၁)
ပုဂံခရီးစဥ် သွား၊ နား၊ စား ကျွန်တော် ခရီးဘယ်လိုသွားလဲလို့ မေးရင် ငယ်ငယ်ထဲက အားကျတဲ့ ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာပတ်တဲ့ ခရီး သွားတွေကိုနမူနာယူပြီးသွားတယ်လို့ပြောရမှာပဲ။လက်တွေ့လွတ်လွတ်လပ်လပ်ခရီးသွားခွင့်ရတဲ့အချိန်မှာ အသက် ကခြောက်ဆယ်ကျော်ပြီဆိုတော့ သူတို့လောက်တော့ ဒုံးပေကပ်သတ် ၊ ပေပေတေတေ မသွားနိုင် တော့ ဘူးပေါ့။ ဒါပေမဲ့ပြည်တွင်း၊ ပြည်ပ ဘယ်ခရီးသွားသွား အတတ်နိုင်ဆုံး ပစ္စည်းနည်းနည်းနဲ့ ပေါ့ပေါ့ပါးပါးသွားတယ် ။ စျေးသက်သာပြီးအသင့်အတင့် သန့်ပြန့်တဲ့ ဟိုတယ်လေးတွေမှာတည်းတယ်။ အကုန် အကျ နည်းတဲ့ ဘတ်စ် ကား၊ရထား စီးတယ်။ သွားမယ့်နေရာရောက်ရင် လမ်းလျှောက်လို့ရတဲ့ နေရာလျှောက် တယ်၊ မရရင် တုတ်တုတ်၊ ဆိုင်ကယ် တက္ကစီ နဲ့ သွားတယ်။ စားတဲ့အခါ စားသောက်ဆိုင်ကြီးတွေကို ရှောင်ပြီး သန့်ရှင်းစျေးသက်သာတဲ့ ဆိုင်လေးတွေမှာ စားတယ်။ လူအများကြီးနဲ့လည်းContinue reading “ပုဂံမြင်ကွင်းကျယ် (၁၁)”
မနူဟာဘုရား
” ငါသည် သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်မည်ကို မဖြစ်လို “ အကျဥ်းစံဘုရင်ရဲ့ ဆုတောင်းစကား သူ့ကောင်းမှု ကုသိုလ် ရုပ်ပွားတော်ရှေ့ နှင်းဆီပန်းကပ်လှုသွားသူရဲ့ ဆုတောင်းစကား ဘာများဖြစ်မလဲ။
စောင်းတန်းထိပ်ကခြင်္သေ့
အထင်ကြီးအောင် ဟိန်းဟောက်ပြပေမဲ့ အစွယ်မရှိတော့ ၊ ကြောက်ဖို့မကောင်း ရယ်ဖို့ကောင်း။
ဆိတ်ကျောင်းသူ
သွားလိုက်၊ ပြန်လိုက် တစ်ရက်ပြီး တစ်ရက်၊ တစ်နေ့ပြီး တစ်နေ့ အသားမွဲ၊ ဖဝါးကွဲတာပဲ အဖတ်တင်တယ် မပိုင်ဝက်မွေး ဘာမှ မထူးပါဘူးတဲ့၊
ပုဂံမြင်ကွင်းကျယ် (၉)
တုရင်တောင် ပုဂံကိုရောက်တဲ့ဧည့်သည်တိုင်း နေဝင်ဆည်းဆာရှုခင်းကို ကြည့်ကြပါတယ်။ အရင်ကတော့ စေတီ၊ ပုထိုး တွေ ပေါ်ကနေ တက်ကြည့်ကြတယ်။ ခရီးသွားဧည့်သည်တွေများလာတဲ့အခါ စေတီ၊ ပုထိုးတွေရဲ့ ကြံ့ခိုင်မှုကို ကာ ကွယ် နိုင်ဖို့အတွက် အပေါ်တက်ခွင့်မပေးတော့ဘဲ ရှုခင်းကြည့်တောင်ကုန်းတွေကနေပဲ ကြည့်လို့ရတော့တယ်။ ဒါပေ မဲ့ စေတီ၊ ပုထိုးတွေပေါ်ကတက်ကြည့်ရသလောက်တော့ မြင်ကွင်းမကောင်းဘူးပေါ့။ ကျွန်တော်ကတော့ ရှုခင်းကြည့်တောင်ကုန်းတွေပေါ်ကနေ ကြည့်ရတာ အားမရလို့ တုရင်တောင်ပေါ် ကနေ ပုဂံလွင်ပြင်နေဝင်ဆည်းဆာ ရှုခင်းကို ကြည့်ဖို့သွားခဲ့တယ်။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ဟိုတယ် ကနေ ညနေ သုံးနာရီခွဲမှာ တုတ်တုတ်နဲ့ ထွက်တယ်။ တုရင်တောင်ကို မသွားခင် နတ်ရေကန်လို့ ခေါ်ကြတဲ့ ကျောက်ရေကန်ရှိတဲ့ သက်စိုးတောင်ကို အရင်သွားတယ်။ သက်စိုးတောင်ပေါ်တက်တဲ့လမ်းက တုရင်တောင် လမ်းကို ကျော်သွားရတယ်၊ နတ်ရေကန် နဲ့ မိနစ်နှစ်ဆယ်လောက်ကွာတဲ့ တောင်ကြောအထိContinue reading “ပုဂံမြင်ကွင်းကျယ် (၉)”
ပုဂံမြင်ကွင်းကျယ် ( ၈)
ဗေဒါများ ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ ပုဂံ ညောင်ဦးဒေသက ဈေးသည်တွေ မပျော်နိုင်ခဲ့တာ ကြာပါပြီ။ အဲဒီလို မပျော်နိုင်သူတွေကြားမှာ- သဲပန်း ချီကားတစ်ချပ်ရောင်းရဖို့အရေးအတွက် အကြိမ်ပေါင်း များစွာ လက်တွေ့ဆွဲပြနေသူ၊ ဘုရားထဲ က နံရံဆေးရေးပန်းချီတွေအကြောင်းရော၊ သဲပန်းချီ ဆွဲနည်းကိုပါ နာရီဝက်လောက် စိတ်ရှည် လက်ရှည်ရှင်းပြနေသူ၊ အမှတ်တရပစ္စည်း လေးတွေကို မနက်ဆို ဘုရားမှာ ညနေဘက်ဆို ရှုခင်းကြည့်တောင်ကုန်းမှာ မနားမနေ လိုက်ရောင်း သူ၊ ဝယ်သူ မရှိလည်း ပျော်ပျော်ပဲ ဆိုတဲ့သူတွေ ကိုလည်း မြင်ခဲ့ရတယ်။ သူတို့ကို ကြည့်ရင်း ဆရာဇော်ဂျီရေးတဲ့ “ရဲခဲ့သည်ပါ့” ကဗျာထဲက စာသားတစ်ပိုင်းတစ်စကို သတိရမိ တယ်။ “စိုးမရွံ့ တွန့်မတုန်။မိုးနှင့် လေ ရေရှုပ်ထွေး၊ ရွေးမှမဖြုံ။ဆန်လိုက်ပြန်တုံ၊ စုံလိုက်ပြန်ရ။ခေါက်ပေါင်းမရေနိုင်လို့ ဗေဒါခိုင် သည်မြစ်ထဲ ရဲခဲ့သည်ပါ့။”
ပုဂံမြင်ကွင်းကျယ် ( ၇)
ဘုန်းစဥ်ဈေး ဘုန်းစဥ်စျေးဆိုတာ ညောင်ဦးမြို့မစျေး လို့ ဆိုရမယ့် မဏိစည်သူစျေးဘေးက ဘုန်းစဥ်ဘုန်း တော်ကြီးကျောင်းဝင်းထဲမှာ ဖွင့်ထားတဲ့ မနက်စျေးဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင် ပုဂံခရီးစဥ်မှာလည်း ဘုန်းစဥ်ဈေးကို ရောက်ခဲ့၊ ဈေးအကြောင်း ဓာတ်ပုံဆောင်းပါးရေးခဲ့ဖူးတယ်။ ဒါပေမယ့် ဈေးဆို တာက ဒေသခံသာမန်လူတန်းစားတွေရဲ့ လူမှုစီးပွားရေးဘဝကို တစ်စိတ်တစ်ပိုင်း ထင်ဟပ် နေတဲ့ နေရာြဖစ်တော့ ဒီတစ်ခေါက်လည်း ဘုန်းစဥ်စျေးကို အရောက်သွားပြီး ဈေးရင်ခုန်သံကို နားထောင် ခဲ့တယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်က မနက်ငါးနာရီခွဲကျော်ကျော်ဆိုတော့ ဈေးမစည်သေးဘူး။ ခဏနေ တော့ ထွေလာဂျီတွေ၊ လိုက်ထရပ်တွေ အလျှိုလျှိုရောက်လာကြတယ်။ ဆိုင်ကယ်နဲ့ စျေးဝယ်တွေ နောက်ကလိုက်ဝင်လာတယ်။ ကားစက်သံ၊ ဆိုင်ကယ်ဟွန်းသံ၊ လူခေါ်သံတွေနဲ့ ဈေးက အသက်ဝင် လာတယ်။ ဒီဈေးက ကုန်စိမ်းဈေး၊ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် အသီးအနှံမျိုးစုံ၊ အထုပ် ကြီး အထုပ် ငယ်တွေနဲ့၊Continue reading “ပုဂံမြင်ကွင်းကျယ် ( ၇)”