ပုဂံမြင်ကွင်းကျယ် ( ၆) 

ရွှေစည်းခုံ ရန်ကုန်ရောက် ဘုရားဖူး ဧည့်သည်ဟာ ရွှေတိဂုံကို မဖြစ်မနေသွားရသလို ပုဂံရောက် ဘုရားဖူးဧည့်သည်ဆိုရင် လည်း ‌ရွှေစည်းခုံကို ဦးတိုက်ရတာပဲ။ ရွှေစည်းခုံစေတီတော်ရဲ့  ဘုရားအမှတ်ကိုက  ၁/ ၁ (က) ဖြစ်ပါတယ်။ ဘုရား သမိုင်းမှတ် တမ်းများအရတော့ ရွှေစည်းခုံစေတီကို အ‌နော်ရထာမင်း လက်ထက် မှာတည်ထား တာဖြစ်ပေမယ့် အပြီးမသတ်နိုင်ခဲ့ဘူး၊ကျန်စစ်သားမင်းနန်းတက်ပြီး၁၀၈၉ခုနှစ်မှာဆက်လက်တည်ထားတဲ့အတွက်၁၀၉၀ ပြည့်  နှစ် မှာ ပြီးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရှေး/သု ပုဂံဌာနခွဲတာဝန်ခံ ဆရာကြီးဦးဗိုကေ ရေးသားတဲ့ “ပုဂံ သုတေသန လမ်းညွှန်” စာအုပ်မှာတော့ အနော်ရထာမင်းစတည်ပြီး  ကျန်စစ်သားမင်း အပြီး သတ် တည်ဆောက် တယ်လို့ ဆိုပေမဲ့ စေတီတော်ကြီးရဲ့ လက်ရာတစ်ခုလုံးဟာ ကျန်စစ်သားခေတ်လက်ရာတွေ ဖြစ်ပြီး ကျန်စစ်သား မင်းနဲ့ သက်ဆိုင်တဲ့  ကျောက်စာတိုင်တွေပဲရှိတယ် လို့ရေးထားတယ်။ ( စာ ၆၅)  ကျွန်တော်ကတော့ ၂၀၂၀ ခရီးစဥ်မှာContinue reading “ပုဂံမြင်ကွင်းကျယ် ( ၆) “

ပုဂံမြင်ကွင်းကျယ် (၅)

မောင်းမယ်၊ ရိုက်မယ် ခေါင်းစဥ်ဖတ်ပြီး ဘယ်သူတွေကို မောင်းထုတ်၊ ဘယ်သူတွေကို ရိုက်ထုတ်မလို့လည်းလို့ အတွေးမချော် ပါနဲ့။ ပုဂံ ကို သွားမယ့် ဧည့်သည်တွေအတွက် သတင်းစကားပါးချင်လို့ စကားစလိုက်တာပါ။ အခုခေတ်ခရီးသွားတယ်ဆို တာက အရင်ခေတ်လိုမဟုတ်တော့ဘူး၊ ခရီးသွားခြင်းနဲ့ ဓာတ်ပုံအလှရိုက်ခြင်းက ခေါင်းနဲ့ပန်း ဖြစ်လာပြီ။ နောက် ပြီးတစ်ချိန်ကတော့ခရီးသွား ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ဓာတ်ပုံဆရာ သီးသန့်ငှားရတာ။ ကျွန်တော် ပြန်ကြားရေး ရောက်တဲ့ ၂၀၀၅ ကနေ ၂၀၁၁ လောက်အထိ ဗီအိုင်ပီ မိသားစုတွေ ခရီးသွားဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ပြန် /  ဆက် ဓာတ်ပုံဆရာတွေ လိုက်ပေးရတာ၊ ပြီးရင် ဓာတ်ပုံတွေကူးပေးရတာမျိုးတွေ ရှိခဲ့သေးတယ်။ မိုဘိုင်းဖုန်းတွေ ပေါပေါများများသုံးနိုင်၊ ဖုန်းကင်မရာတွေကလည်း အဆင့်မြင့်လာချိန်မှာတော့ ခရီးသွားတွေ က ကိုယ့်ဘာသာကိုယ် ဆယ်လ်ဖီဆွဲ၊ အချင်းချင်း ပြန်ရိုက်ကြတယ်။ နောက်တော့  ဓာတ်ပုံအယူအဆမကျွမ်းကျင်၊Continue reading “ပုဂံမြင်ကွင်းကျယ် (၅)”

ပုဂံမြင်ကွင်းကျယ်(၄)

  လျှော်ဖြူ တုရင်တောင် အနားမှာ ရှိတဲ့ သက်စိုးတောင်ပေါ်က ကျောက်ရေကန်ကို ကြည့်ဖို့ ကားလမ်း မကြီး ကနေ အထဲကို ချိုးဝင်ပြီးနည်းနည်းသွားလိုက်တော့ လမ်းဘယ်ဘက်မှာ စိုက်ခင်းတစ်ခုတွေ့တယ်။ မြင်နေကျ အပင် မျိုး မဟုတ် လို့ စိတ်ဝင်စားသွားတယ်။ တုတ်တုတ်ရပ်ပြီး စိုက်ခင်း ထဲမှာ တွေ့တဲ့သူကို မေးလိုက်တော့ လျှော်ဖြူ ပင် တဲ့၊ သူက ခြံလုပ်သား၊ ပိုင်ရှင်ရှိတယ်ဆိုပြီး ဟိုးဝေးဝေးက လူကို လှမ်းခေါ်လိုက်တယ်။ အသားညိုညို အရပ်မြင့်မြင့်၊ လက်ထဲမှာ ဓားတစ်ချောင်းနဲ့၊ ပုဆိုးတိုတိုဝတ်လို့။အနားရောက်လာတော့ ဘုရားဖူးဧည့်သည်တွေပါ၊ လျှော်ဖြူ ခင်း ကို မြင်ပြီး စိတ်ဝင်စားလို့၊ ရှင်းပြပေးပါလားဆိုပြီးမေတ္တာရပ်ခံလိုက်တော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ရပါ တယ်လို့ ဆိုတယ်။ အခင်းပိုင်ရှင်က ကိုဟန်ဝင်းအောင်တဲ့။ တုရင်တောင်နားက တောင်ဘ ရွာသား။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စာစောင်တစ်ခုမှာရေးထားတဲ့လျှော်ဖြူပင်အကြောင်းဖတ်ပြီး စိတ်ဝင်စားတဲ့အတွက် လျှော်ဖြူအများအပြားစိုက် တဲ့ ဝမ်းတွင်းဘက်ကို သွား၊အဲဒီက လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း ဥက္ကဌ ဦးအုန်းညွန့်နဲ့တွေ့ ပြီး လေ့လာခဲ့တယ်။ အဲဒီက ပြန်လာပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှ ကိုယ်ပိုင်ယာမြေမှာ စစိုက်တယ်၊ နှစ်အလိုက် တိုး စိုက်လာလိုက်တာ အခုဆိုရင် အပင်ငါးထောင်လောက်ရှိနေပြီ၊ အစောပိုင်းစိုက်ခဲ့တဲ့ အပင်တွေဆို အစေးကောင်း ကောင်းထွက်နေပြီ။  လျှော်ဖြူပင်ဆိုတာက ကျွန်တော်တို့သောက်နေတဲ့ ဆေးကုလားမ လုပ်တဲ့အစေးထွက်တဲ့အပင်ပါပဲ။ ကျွန်တော် လည်းဆေးကုလားမဆိုတာ လျှော်ဖြူပင်ကထွက်တဲ့အစေးဆိုတာ သိပေမယ့် အပင်ကို အခုမှ မြင်ဘူးတာပါ။ တကယ်တော့ လျှော်ဖြူပင်က ဆေးကုလားမအပြင် ဆေးဝါး၊ စားသောက်ကုန်၊ အလှကုန် ထုတ်လုပ်ရေးတွေမှာ စက်မှုကုန်ကြမ်းအဖြစ်သုံးလို့ရတယ်။ကိုဟန်ဝင်းအောင် ကတော့ ကားမှန်ထုတ်တဲ့ နေရာမှာ လည်း သုံးတယ်၊ ဒါ့ကြောင့် ဂျာမနီကလည်း ဝယ်မယ်လို့ စာစောင်ထဲမှာဖတ် ဖူးတဲ့အ‌ကြောင်း ပြောပြ တယ်။ ဒါပေမဲ့ လက်တွေ့ ဘဝမှာတော့ လျှော်ဖြူအစေးကို အများဆုံးဝယ်နေတာ တရုတ် ပါပဲ။ထိုင်းနဲ့ ဂျပန်က လည်း နည်းနည်း ပါးပါး ဝယ်တယ်။ပြည်တွင်းဈေးကွက်ကတော့ဆေးကုလားမအတွက်ဝယ်တာများတယ်။  အခု မြန်မာနိုင်ငံမှာစိုက်နေတဲ့ လျှော်ဖြူပင်မျိုးက ဒေသမျိုးပါ၊ အရင်ကတော့ အလေ့ကျပေါက်တဲ့အပင်တွေကို အစေးထုတ်ရာကနေ စိုက်ခင်းအဖြစ်စိုက်ပျိုးလာတာလို့ သိရပါတယ်။ ကိုဟန်ဝင်းအောင်ကတော့ ပထမစိုက် တဲ့ အပင်တွေကို အပင်ပေါက်တစ်ပင် ၁၅၀ နဲ့ ဝယ်စိုက်တယ်၊ နောက်ပိုင်းတော့ ကိုယ့် ဘာသာကိုယ် အစေ့ကို ပျိုး ထောင်ပြီးစိုက်တယ်လို့ပြောတယ်။  လျှော်ဖြူပင်က တစ်ပင်နဲ့ တစ်ပင် ၁၅ ပေ၊ ဒါမှမဟုတ် ပေ ၂၀ ခွာစိုက်ရတယ်၊ ကိုဟန်ဝင်းအောင်ကတော့ ၁၅ ပေ ခွာစိုက်တယ်၊တစ်ဧကကို အပင် ၁၉၀ လောက်ဝင်တယ်။ အစေးကောင်းကောင်းထွက်ပြီဆိုရင် အပင်တစ်ရာ ကနေအစေးတစ်ပိဿာအထက်ထွက်တယ်လို့ဆိုတယ်။ စာတွေထဲမှာတော့ လုပ်သားတစ်ယောက်ဟာ အပင် ငယ်တဲ့အချိန်မှာတစ်နေ့ အပင်တစ်ရာ့ငါးဆယ်လောက် အစေးကောက်နိုင်ပြီး တစ်ပိဿာနဲ့ အထက်ရတယ်၊ အပင်ဆယ်နှစ်သားအထက်ဆိုရင်တော့ အစေး ထွက်များ လာလို့ လုပ်သားတစ်ယောက်တစ်နေ့ အပင်တစ်ရာ လောက်ပဲ အစေး ကောက်နိုင်ပြီး အစေးနှစ်ပိဿာ လောက်ရမယ်လို့ဆိုတယ်။လျှော်ဖြူပင်ကနှစ်ရှည်ပင်ဖြစ်တဲ့ အတွက် သုံးနှစ်၊လေးနှစ်သားကနေ နှစ်ခြောက်ဆယ် ကျော်အထိ အစေးထုတ်လုပ်ရတဲ့အပြင် တစ်နှစ်မှာ ရှစ်လ ကနေဆယ်လအထိ အစေးထုတ်လို့ရတယ်၊ အလွန်ပူတဲ့တပေါင်း၊တန်ခူးလတွေပဲနားတယ်လို့သိရပါတယ်။  လျှော်ြဖူအစေးဈေးကွက်က ကိုဗစ်မဖြစ်ခင်ကာလမှာ အရောင်းအဝယ်အကောင်းဆုံးပဲ။ ၂၀၁၄ ခုနှစ်မှာ တစ်ပိဿာ တစ်သောင်း နှစ်ထောင် စျေးပေါက်ရာကနေ ၂၀၁၇ ၊ ၁၈ မှာ လေးသောင်းငါးထောင်‌ဈေးအထိ ရောက် သွားခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာတော့ သာမန် အဆင့်ဆိုရင်တစ်ပိဿာ ‌ခြောက်သောင်းဝန်းကျင်၊ ရေခဲသားဆိုရင် ရှစ်သောင်း ဝန်းကျင်နဲ့ အကိုင်းတွေကနေသဘာဝအလျောက်တွဲလောင်းကျနေတဲ့ ကြာဆံမျှင်ဆိုရင် တစ်သိန်း နှစ်သောင်း အထိ စျေးပေါက်ခဲ့တယ်။ ကြာဆံမျှင်ကိုငှက်သိုက်ဆေးထုတ်တဲ့နေရာမှာ သုံးတယ်တဲ့။ မှန်းကြည့် ရတာကတော့ အမျှင်လေးတွေအဖြစ်များထည့်သလားမသိဘူး။ လူကိုလည်း အန္တရာယ်တော့မဖြစ်ဘူး၊ ဒါပေမဲ့ အာဟာရလည်းမဖြစ်ဘူးဆိုတာမျိုးနဲ့တူတယ်။ လျှော်ဖြူကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်းဒေသတွေမှာအများဆုံးစိုက်ပြီး ၂၀၁၈ ခုနှစ်စာရင်းအရ တစ်ပြည်လုံးမှာ ဧက သုံးသောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားတယ်။ လျှော်ဖြူစိုက် တောင်သူတွေလည်းများလာတဲ့အတွက် ကိုဗစ်မတိုင်မီနှစ်တွေအတွင်းမှာ နယ်မြေအလိုက် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ် တင်ပို့သူများအသင်းတွေ ဖွဲ့စည်းခဲ့တဲ့အကြောင်း နဲ့ တိုင်း အဆင့်အသင်းတွေထိ ဖွဲ့စည်းနိုင်အောင် လုပ်ဆောင်မယ်ဆိုတဲ့သတင်းတွေကို စားသုံးရေးရာဦးစီးဌာနရဲ့ဝက်ဘ်ဆိုက်မှာ လေ့လာ တွေ့ ရှိ ရတယ်။ မုံရွာ ခရိုင်အသင်းဖွဲ့စည်းတဲ့သတင်းကို တွေ့တော့ စစ်ကိုင်းတိုင်းဘက်က လျှော်ဖြူတောင်သူတွေ အခြေအနေ ဘယ် လိုများရှိလဲလို့တွေးမိတယ်။  ကိုဗစ် ၁၉ လည်းဖြစ်ရော တရုတ်စျေးကွက်ရပ်သွားပြီး လျှော်ဖြူစိုက်တောင်သူတွေလည်း ဒုက္ခရောက်တော့ တာပဲ။ လျှော်ဖြူအစေး‌ဈေးက တစ်ပိဿာ ခုနစ်ထောင်၊ ရှစ်ထောင်အထိ ကျသွားတယ်။ ကိုဟန်ဝင်းအောင် တို့လို ၂၀၁၄ မှာစပြီးစိုက် ၂၀၁၈ ၊၂၀၁၉ မှာ အစေးကောင်းကောင်းစထွက်တဲ့ တောင်သူတွေလည်း ကိုယ့်ခြံကလည်း အစေးလည်းထွက်၊စျေးကွက်လည်းအပျက်နဲ့တည့်တည့်တိုးတာပဲ။ ၃၀ ဩဂုတ် ၂၀၂၀ အလဲဗင်းသတင်းတစ်ပုဒ်မှာတော့ အပင်ငါးထောင်ရှိတဲ့ တောင်သူတစ်ယောက်ဟာ အမာ ခံလုပ်သား ၁၀ယောက်ထားရပြီး လုပ်သားခနဲ့စားစရိတ်ပဲ သိန်းနှစ်ဆယ်လောက်ကုန်ကျစရိတ်ရှိတယ်၊ လက်ရှိ လျှော်ဖြူ ပေါက်စျေးနဲ့ လုံးဝတွက်ခြေမကိုက်ဘူးလို့ ရေးထားတာတွေ့တယ်။ စားသုံးသူရေးရာဦးစီးဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ပြည်ခရိုင်က လျှော်ဖြူတောင်သူတွေအခြေအနေကို တစ်ပိဿာအရင်း ၉၀၀၀ ရှိတဲ့ အတွက်လက်ရှိ‌ဈေးနဲ့လုံးဝအလုပ်မဖြစ်ဘူးလို့ရေးထားတာတွေ့ရတယ်။  ကိုဗစ် ၁၉ ထဲက ခေါင်းမထောင်တော့တဲ့ လျှော်ဖြူစျေးကွက်က အခုထိ နာလန်မထူနိုင်သေးဘူး။ မနှစ်က ကိုဟန် ဝင်းအောင်တို့ရောင်းတာပျမ်းမျှလေးထောင်စျေးပဲရတယ်။ကျွန်တော်ကစျေးမကောင်းရင်အစေးမခြစ်ဘဲ နားထားလို့ မရဘူးလားလို့မေးတော့ အစေးမခြစ်တာကြာရင် အစေးထွက်နှုန်းမကောင်းတော့ဘူးလို့ ဆိုတယ်။ ဒီနှစ်တော့ စျေးနည်းနည်းပြန်လှုပ်လာပြီး တစ်သောင်း ကျော်သွားပြီလို့ ဆိုတယ်။ ကိုဟန်ဝင်းအောင်ကတော့ အစိုးရက လျှော်ဖြူစျေးကွက်ပြန်ကောင်းအောင် ကူညီနိုင်ရင်ကောင်းမှာလို့ မျှော်လင့်စကားပြောတယ်။ သူ့ကို အားနာလို့မြန်မာပြည်သိန်းတန်သီချင်းဆိုမပြခဲ့ဘူး။  လျှော်ဖြူပင်က ‌ရေငတ်ဒဏ်ကို ကောင်းကောင်းခံနိုင်တယ်၊ ညောင်ဦးဘက်မှာတော့ ယာမြေ၊ ကုန်းခြောက် မြေ ၊ သဲမြေ အကုန်စိုက်လို့ရတယ်။ ဒါပေမဲ့ ရေဝပ်တာ၊ အောက်မှ စိမ့်ရှိတာကို မကြိုက်ဘူး၊ ဒါ့ကြောင့် ညောင်ဦး ဘက်မှာ ချောင်း ကော မြေလို့ခေါ်တဲ့မြေမျိုးဆိုရင် မကြိုက်ဘူး။ ပျိုးပင်ဘဝမှာ ရေမလောင်းလည်း ရတယ်၊ ‌ရေလောင်းရင်တော့ ရေမဝပ်အောင် ဂရုစိုက်ရတယ်။ ကိုဟန်ဝင်း အောင်ကတော့ ပထမ အသုတ်စိုက်တဲ့အချိန်မှာ ပျိုးပင် တွေ ကို ရေလောင်းပေမယ့် နောက်အသုတ်တွေမှာရေမလောင်းတော့ဘူး။ နောက်ပြီး လျှော်ဖြူပင်က ၁၅ ပေ ၊ ပေ ၂၀ ခြားစိုက်တာဆိုတော့ အရိပ်မကြောက်တဲ့ ကြားသီးနှံတွေစိုက် ပြီး အပိုဝင်ငွေရှာလို့ ရသေးတယ်။ ကိုဟန်ဝင်းအောင်ကတော့ပဲတီစိမ်း၊ပဲနောက်စိုက်သတဲ့။  လျှော်ဖြူက သရက်၊ ပိန္နဲ တို့လို ဥယျာဥ်ခြံမြေအပင်မျိုးဖြစ်ပြီး အပူပိုင်း မိုးနည်းဒေသနဲ့ ကိုက်တဲ့အတွက် အညာမိုးခေါင်ရေရှားဒေသတွေမှာသာ ကျယ်ကျယ် ပျံ့ပျံ့ စိုက်ပျိုးနိုင်ရင် ‌တောင်သူတွေအတွက် ဝင်ငွေလည်းရ၊ ‌ဒေသစိမ်းလန်းစိုပြေရေးအတွက်လည်း အထောက်အကူ ဖြစ်နိုင်မှာပါ။ အညာရဲ့ ရာဘာပင်လို့တောင် ဆို နိုင် မယ်ထင်တယ်။ ဒါပေမဲ့ စီးပွားဖြစ်စိုက်ပျိုးဖို့ ဆိုတာက တစ်မြို့နယ် ဘယ်လောက်စိုက်ဆိုပြီး ထန်းပင် ပေါ် က ဆာဗေးနဲ့ လုပ်လို့ ရမှာမဟုတ်ဘူး၊ စျေးကွက်ရှိအောင်လည်း လုပ်ပေးမှ၊ စိုက်ပျိုးမယ့်‌တောင်သူတွေလည်း မီးရေး၊ ထင်း ရေး၊ လက်နက်ဘေးမကြောက်ရပဲကိုယ့်အိမ်ကိုယ့်ရွာမှာ နေပြီး ‌အေးအေး လူလူ စိုက်ပျိုးလုပ်ကိုင်နိုင်မှ အောင်မြင် နိုင်မှာပါ။ 

လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် (ရွှေဆံတော်စေတီ)

  အာနန္ဒာဘုရား အနောက်ဘက် မုခ်ကနေ တောင်ဘက်ကို သွားတဲ့ မြေလမ်းအတိုင်းလိုက်သွားရင် ရွှေဆံတော်စေတီကို ရောက်တယ်။ အခုနောက်ပိုင်းကာလတွေမှာ ရွှေဆံတော်စေတီကို နေဝင် ဆည်းဆာရှုခင်း ကြည့်လို့ကောင်းတဲ့နေရာအဖြစ်ပဲလူသိများပါတယ်။ ( အခုတော့ ဘုရားပေါ် တက်ခွင့်ပိတ်လိုက်ပါပြီ။) တကယ်တော့ ရွှေဆံတော်စေတီက အနော်ရထားမင်းကောင်းမှုဖြစ်ပြီး မြင်နေကြ ဂူဘုရားတွေ နဲ့ မတူတဲ့ ရွှေဆံတော်စေတီပုံစံဟာ   ပုဂံခေတ် နဲ့ ပုဂံခေတ် နောက်ပိုင်း စေတီ တွေတည်တဲ့အခါ စံနမူနာပုံ ဖြစ်လာခဲ့တယ်လို့ ဆရာကြီး ဦးဗိုကေရဲ့ ပုဂံသုတေသနလမ်းညွှန်စာအုပ်မှာ ဖော်ပြထား ပါတယ်။  ရွှေဆံတော်စေတီရဲ့  အနောက်ဘက်မှာ ရှိတဲ့ အုတ်တိုက်ရှည်ကြီးထဲမှာ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွား တော်ကြီးရှိတယ်။ ဒီရုပ်ပွားတော်ကြီးက ပေခြောက်ဆယ်ရှည်ပြီး ပုဂံဒေသမှာတွေ့ရတဲ့ လျောင်း တော်မူရုပ်ပွားတော်တွေထဲမှာ ရှေးအကျဆုံးနဲ့ အချိုးအစား အကျဆုံးလို့ ဆိုပါတယ်။ ရုပ်ပွားတော်ကြီးကို ဖူးမြော်တဲ့အခါContinue reading “လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် (ရွှေဆံတော်စေတီ)”

ပုဂံမြင်ကွင်းကျယ် (၃)

စက်စက်ယို  မြန်မာနိုင်ငံမှာ ‘စက်စက်ယို’ နာမည်နဲ့ ရွာအတော်များတာပဲ။  ဂူဂဲလ်မှာ ရှာကြည့်တဲ့အခါ ဧရာ၀တီတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ‘စက်စက်ယို’နာမည်နဲ့ ရွာတွေရှိတာတွေ့တယ်။ ကျွန်တော်ပြောမယ့် ‘စက်စက်ယို’ကတော့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ‘စက်စက်ယို’ ရွာဖြစ်ပါတယ်။ ညောင်ဦးစက်စက်ယိုရွာ ဆိုတာက အဲဒီရွာက ကလေးတွေကို အခုအချိန်ထိ  သျှောင်ပေစူး/ဆံရစ်ဝိုင်း၊  ဆံတောက် တွေနဲ့ တွေ့ နိုင် သေးလို့  လူတွေစိတ်ဝင်စားတဲ့ရွာဖြစ်ပါတယ်။ ၂၀၂၀ ပုဂံခရီးစဥ်မှာ စက်စက်ယို ကျေးရွာကို သွား ကြည့်ဖို့ စီစဥ် ခဲ့ ပေမယ့် ကိုဗစ် ကန့်သက်ချက်တွေကြောင့် ရွာထဲ ဝင်လို့ရတယ်၊ မရဘူး သတင်းအမျိုးမျိုး ဖြစ်နေ တဲ့အတွက် မသွားနိုင်ခဲ့ဘူး။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ အရောက်သွားခဲ့တယ်။  စက်စက်ယို ရွာကို သွားမယ်ဆိုရင် ပုဂံကနေ  ကျောက်ပန်းတောင်းဘက်ကို ပြန်သွား၊ တောင်ဇင်းရွာContinue reading “ပုဂံမြင်ကွင်းကျယ် (၃)”

ပုဂံမြင်ကွင်းကျယ် (၂)

ပုဂံပြတိုက် ၂၀၂၀ ခရီးစဥ်တုန်းက ကိုဗစ် ၁၉ကြောင့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်ပိတ် ထား ရ တဲ့ အတွက် လေ့လာခွင့်မရခဲ့ဘူး။ဒါ့ကြောင့် ဒီတစ်ခေါက်တော့ ဘုရားတွေဘက်မလှည့်ခင် ပြတိုက် ကို အရောက် သွားခဲ့တယ်။ အခုရှိနေတဲ့ ပုဂံပြတိုက်က ၁၉၉၅ ခုနှစ်မှာ  ဆောက်လုပ်ပြီး ၁၉၉၈ ခုနှစ်မှာ ဖွင့်လှစ်ထားတဲ့ ပြတိုက် ဖြစ်ပါတယ်။ လေးထပ်အဆောက်အအုံဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ စတိုခန်းတွေရှိတဲ့ မြေအောက်ထပ်နဲ့  ပုဂံရှုခင်းကို မြင်ရတဲ့ အပေါ်ဆုံးထပ်ကိုတော့ ပြတိုက် ကို လာရောက်လေ့လာသူတွေ ဝင်ရောက်ခွင့် မရှိဘူး။    ပြတိုက်ဝင်းအဝင်ဂိတ်ညာဘက်မှာလက်မှတ်ဝယ်ရတယ်၊မြန်မာနိုင်ငံသားလူကြီးတစ်ယောက်ငါးရာ၊ သံဃာတော်များ၊သီလရှင်များ၊ကျောင်းသူကျောင်းသားများ နဲ့ ကလေးတွေက အခမဲ့၊ နိုင်ငံခြား သား ဆိုရင်ငါးထောင်။ ပြတိုက်ကို တနင်္လာနေ့နဲ့ အစိုးရရုံးပိတ်ရက် တွေကလွဲပြီး နေ့တိုင်း မနက် ကိုးနာရီ ကနေ ညနေ လေးနာရီခွဲအထိ ဖွင့်ပါတယ်။ ပြတိုက်ထဲကိုကင်မရာယူလို့မရဘူး၊ အိတ်တွေ ယူလို့ မရဘူး၊ပါလာရင်ပြတိုက်အဆောက်အအုံအဝင်ဝမှာရှိတဲ့ဘီဒိုအကန့်လေးတွေမှာထည့်၊သော့ခတ်ပြီး သော့ယူ သွားရတယ်။ ဖုန်းတော့ ယူလို့ရတယ်၊ ပြခန်းထဲမှာ ဖုန်းကင်မရာနဲ့ ရိုက်လို့ရတယ်။ Continue reading “ပုဂံမြင်ကွင်းကျယ် (၂)”

ပုဂံမြင်ကွင်းကျယ် (၁)

တုတ်တုတ် ဝေဒနာ  ‌ဒီတစ်ခါ ခရီးထွက်မယ်ဆို‌တော့ ပုဂံကို ရွေးလိုက်တယ်။ ပုဂံကို နောက်ဆုံးသွားခဲ့တာ ၂၀၂၀ ဇူလိုင်လတုန်းက ဖြစ်ပါတယ်။ အဲဒီအချိန်က ကိုဗစ် ဒုတိယလှိုင်း ပြီးကာစဖြစ်တဲ့အတွက် ကားလိုင်းတွေကလည်း ပိတ်လိုက် ဖွင့် လိုက်၊ ဟိုတယ်တွေ၊ ဘုရားတွေကလည်း ပိတ်လိုက် ဖွင့်လိုက် ဂဏန်းမငြိမ်သေးတဲ့အချိန်၊  ပုဂံခရီးသွား လုပ် ငန်း ကလည်း ကိုဗစ် ဒဏ်ကနေ နာလန် ထူနိုင်ဖို့ ရုန်းကန်နေရတဲ့အချိန်ပေါ့။ အဲဒီအချိန်က ခရီးသွားအတွေ့အကြုံတွေ ကို “ ပုဂံ အလှနဲ့ ဘ၀  “ ဆိုပြီး အခန်းဆက်ဆောင်းပါးတွေရေးခဲ့တယ်။ အခု သုံးနှစ်အကြာမှာတော့ ကပ်ဘေးနှစ်ခုကြားမှာ ပုဂံ၊ညောင်ဦး‌ဒေသခံတွေ ဘယ်လို လှုပ်ရှား ရုန်းကန်နေလဲ ဆိုတာကို သိနိုင်ဖို့နဲ့  ၂၀၂၀ ခရီးစဥ်မှာ ဓာတ်ပုံရိုက်ခွင့်မရခဲ့တဲ့ ဘုရားတွေကို ဓာတ်ပုံရိုက်နိုင်ဖို့အတွက် နောက် တစ်ကြိမ်ခရီးထွက်ဖို့ စီစဥ်ခဲ့တယ်။ခရီးထွက်မယ်ဆိုတာနဲ့သွားရေးလာရေး၊Continue reading “ပုဂံမြင်ကွင်းကျယ် (၁)”

သာမိုင်းခမ်း (၇)

သာမိုင်းခမ်းရွာရဲ့ ရှေးဟောင်းစေတီတွေရှိတဲ့နေရာက မွေတော်တောင်ဖြစ်ပါတယ်။ သာမိုင်း ခမ်းရွာ အဝင်မှာ သာမိုင်းခမ်းမွေတော်ကျောင်းသို့ လို့ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ် ရှိပါတယ်။ အဲဒီ လမ်းအတိုင်းသွားရင် မွေတော်တောင်ကို ရောက်ပါတယ်။ သာမိုင်းခမ်းမြို့ စည်ကားချိန်က ဘုန်း ကြီးကျောင်းလေးကျောင်းရှိခဲ့ပေမယ့် အခုတော့ အပေါ် ကျောင်း လို့ ခေါ်တဲ့ ကျောင်းတစ်ကျောင်း ပဲ ရှိတော့တယ်။ မွေတော်တောင်ပေါ်စတက်တာနဲ့ ပထမဆုံးတွေ့ရတာက ကံကော်တစ်ထောင်ထိုင်တော်မူ ရုပ်ပွား တော်များဖြစ်ပါတယ်။ ဒီရုပ်ပွားတော်တွေက ရှေးလက်ရာမဟုတ်ပါဘူး။ မွေတော်ကျောင်းဆရာ တော်နဲ့ အနန္တမေတ္တာ သာသနာပြု ပရဟိတ မိသားစု တို့ရဲ့ အစီအစဉ်နဲ့ တည်နေတာဖြစ်ပြီး ဒီနှစ် ဇန်နဝါရီလ အထိ အဆူ ၁၅၀ ပြီးပြီလို့သိရပါတယ်။ ကံ့ကော်တစ်ထောင် ဘုရားတွေကို လွန်သွား တဲ့အခါ ရှေးဟောင်းစေတီအစု ကိုတွေ့မယ်။ တချို့စေတီတွေကContinue reading “သာမိုင်းခမ်း (၇)”

သာမိုင်းခမ်း (၆)

စဝ်ထွန်းအေး စော်ဘွားဖြစ်လာတဲ့အချိန်မှာ အင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ “ ကမ္ဗောဇပဒေသရာဇာအသင်း ( The Federal Council of Shan Chiefs) ဆိုတာပေါ်ပေါက်နေပြီ။ ဒီကောင်စီပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းက အင်္ဂလိပ်အစိုးရရဲ့ မြန်မာနိုင်ငံအုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုတွေ နဲ့ ပတ်သက်နေပါတယ်။ ၁၉ ၂၃ ခုနှစ်မှာ အင်္ဂလိပ်က ၁၉ ၁၉ ခုနှစ် အိန္ဒိယနိုင်ငံစီရင်အုပ်ချုပ်မှု ဥပဒေ ကို မြန်မာနိုင်ငံမှာ စ တင်ကျင့်သုံးခဲ့တယ်။ သမိုင်းမှာ ဒိုင်အာခီအုပ်ချုပ်ရေးလို့ လူသိများတဲ့ အုပ်ချုပ်ရေးပုံစံဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီအုပ်ချုပ်ရေးစနစ်ကို တစ်နိုင်ငံလုံးမှာကျင့်သုံးခဲ့တာမဟုတ်ဘူး။ ရှမ်းပြည်နယ် နဲ့ ချင်း ၊ ကချင်၊ နာဂ တောင်တန်းဒေသတွေကို မဖွံ့ဖြိုးသောဒေသများ ( Backward Tract ) များလို့Continue reading “သာမိုင်းခမ်း (၆)”

သာမိုင်းခမ်း (၃)

အဖွားဒေါ်အေးတီ က လက်ရှိ သာမိုင်းခမ်းနေရာက ဒုတိယနေရာ၊ ပထမ သာမိုင်းခမ်းက မွေတော် ဘုရားကုန်းတောင်ဘက်မှာလို့ ပြောတယ်။ လက်ရှိနေရာကို ဘယ်အချိန်က ရွှေ့လာခဲ့သလဲဆိုတာ တော့ သူမသိဘူး။ မင်းလမ်းမ တောင်ဘက် က ဟော်နေရာ၊ မြောက် ဘက်အကွက်မှာ စော်ဘွားရဲ့ ကျန်တဲ့ ဇနီးတွေ၊မောင်းမတွေအတွက်အိမ်တွေဆောက်ထားတယ်။အခုဒေါ်အေးတီ တို့နေတဲ့ မြေကွက် က ဒုတိယဇနီးအိမ်ရှိခဲ့တဲ့နေရာလို့ ဆိုတယ်။ လက်ရှိ သာမိုင်းခမ်းရွာရဲ့ ဟော်ကုန်းလမ်းက စော်ဘွားကြီးဟော်ခြံဝင်းအဆုံးပဲ။ အခု မင်းလမ်းမ လို့ ခေါ်နေတဲ့လမ်းကို စော်ဘွားကြီးရှိချိန်က မင်္ဂလာလမ်းမ အဖြစ် သတ်မှတ်ထားတယ်။ အဲဒီလမ်း ကို မင်္ဂလာမရှိတဲ့ အရာတွေမဖြတ်ရဘူး။ ရွာတောင်ဘက်မှာ နာရေးရှိရင် ရွာပြင်က ပတ်ပြီး သုသာန် ကို သွားရတယ်။ ရွာမြောက်ဘက်က လည်း ဒီအတိုင်းပဲ။Continue reading “သာမိုင်းခမ်း (၃)”