” ငါသည် သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်မည်ကို မဖြစ်လို “ အကျဥ်းစံဘုရင်ရဲ့ ဆုတောင်းစကား သူ့ကောင်းမှု ကုသိုလ် ရုပ်ပွားတော်ရှေ့ နှင်းဆီပန်းကပ်လှုသွားသူရဲ့ ဆုတောင်းစကား ဘာများဖြစ်မလဲ။
Tag Archives: Bagan
စောင်းတန်းထိပ်ကခြင်္သေ့
အထင်ကြီးအောင် ဟိန်းဟောက်ပြပေမဲ့ အစွယ်မရှိတော့ ၊ ကြောက်ဖို့မကောင်း ရယ်ဖို့ကောင်း။
ဆိတ်ကျောင်းသူ
သွားလိုက်၊ ပြန်လိုက် တစ်ရက်ပြီး တစ်ရက်၊ တစ်နေ့ပြီး တစ်နေ့ အသားမွဲ၊ ဖဝါးကွဲတာပဲ အဖတ်တင်တယ် မပိုင်ဝက်မွေး ဘာမှ မထူးပါဘူးတဲ့၊
ပုဂံမြင်ကွင်းကျယ် (၉)
တုရင်တောင် ပုဂံကိုရောက်တဲ့ဧည့်သည်တိုင်း နေဝင်ဆည်းဆာရှုခင်းကို ကြည့်ကြပါတယ်။ အရင်ကတော့ စေတီ၊ ပုထိုး တွေ ပေါ်ကနေ တက်ကြည့်ကြတယ်။ ခရီးသွားဧည့်သည်တွေများလာတဲ့အခါ စေတီ၊ ပုထိုးတွေရဲ့ ကြံ့ခိုင်မှုကို ကာ ကွယ် နိုင်ဖို့အတွက် အပေါ်တက်ခွင့်မပေးတော့ဘဲ ရှုခင်းကြည့်တောင်ကုန်းတွေကနေပဲ ကြည့်လို့ရတော့တယ်။ ဒါပေ မဲ့ စေတီ၊ ပုထိုးတွေပေါ်ကတက်ကြည့်ရသလောက်တော့ မြင်ကွင်းမကောင်းဘူးပေါ့။ ကျွန်တော်ကတော့ ရှုခင်းကြည့်တောင်ကုန်းတွေပေါ်ကနေ ကြည့်ရတာ အားမရလို့ တုရင်တောင်ပေါ် ကနေ ပုဂံလွင်ပြင်နေဝင်ဆည်းဆာ ရှုခင်းကို ကြည့်ဖို့သွားခဲ့တယ်။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ဟိုတယ် ကနေ ညနေ သုံးနာရီခွဲမှာ တုတ်တုတ်နဲ့ ထွက်တယ်။ တုရင်တောင်ကို မသွားခင် နတ်ရေကန်လို့ ခေါ်ကြတဲ့ ကျောက်ရေကန်ရှိတဲ့ သက်စိုးတောင်ကို အရင်သွားတယ်။ သက်စိုးတောင်ပေါ်တက်တဲ့လမ်းက တုရင်တောင် လမ်းကို ကျော်သွားရတယ်၊ နတ်ရေကန် နဲ့ မိနစ်နှစ်ဆယ်လောက်ကွာတဲ့ တောင်ကြောအထိContinue reading “ပုဂံမြင်ကွင်းကျယ် (၉)”
ပုဂံမြင်ကွင်းကျယ် ( ၈)
ဗေဒါများ ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ ပုဂံ ညောင်ဦးဒေသက ဈေးသည်တွေ မပျော်နိုင်ခဲ့တာ ကြာပါပြီ။ အဲဒီလို မပျော်နိုင်သူတွေကြားမှာ- သဲပန်း ချီကားတစ်ချပ်ရောင်းရဖို့အရေးအတွက် အကြိမ်ပေါင်း များစွာ လက်တွေ့ဆွဲပြနေသူ၊ ဘုရားထဲ က နံရံဆေးရေးပန်းချီတွေအကြောင်းရော၊ သဲပန်းချီ ဆွဲနည်းကိုပါ နာရီဝက်လောက် စိတ်ရှည် လက်ရှည်ရှင်းပြနေသူ၊ အမှတ်တရပစ္စည်း လေးတွေကို မနက်ဆို ဘုရားမှာ ညနေဘက်ဆို ရှုခင်းကြည့်တောင်ကုန်းမှာ မနားမနေ လိုက်ရောင်း သူ၊ ဝယ်သူ မရှိလည်း ပျော်ပျော်ပဲ ဆိုတဲ့သူတွေ ကိုလည်း မြင်ခဲ့ရတယ်။ သူတို့ကို ကြည့်ရင်း ဆရာဇော်ဂျီရေးတဲ့ “ရဲခဲ့သည်ပါ့” ကဗျာထဲက စာသားတစ်ပိုင်းတစ်စကို သတိရမိ တယ်။ “စိုးမရွံ့ တွန့်မတုန်။မိုးနှင့် လေ ရေရှုပ်ထွေး၊ ရွေးမှမဖြုံ။ဆန်လိုက်ပြန်တုံ၊ စုံလိုက်ပြန်ရ။ခေါက်ပေါင်းမရေနိုင်လို့ ဗေဒါခိုင် သည်မြစ်ထဲ ရဲခဲ့သည်ပါ့။”
ပုဂံမြင်ကွင်းကျယ် ( ၇)
ဘုန်းစဥ်ဈေး ဘုန်းစဥ်စျေးဆိုတာ ညောင်ဦးမြို့မစျေး လို့ ဆိုရမယ့် မဏိစည်သူစျေးဘေးက ဘုန်းစဥ်ဘုန်း တော်ကြီးကျောင်းဝင်းထဲမှာ ဖွင့်ထားတဲ့ မနက်စျေးဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင် ပုဂံခရီးစဥ်မှာလည်း ဘုန်းစဥ်ဈေးကို ရောက်ခဲ့၊ ဈေးအကြောင်း ဓာတ်ပုံဆောင်းပါးရေးခဲ့ဖူးတယ်။ ဒါပေမယ့် ဈေးဆို တာက ဒေသခံသာမန်လူတန်းစားတွေရဲ့ လူမှုစီးပွားရေးဘဝကို တစ်စိတ်တစ်ပိုင်း ထင်ဟပ် နေတဲ့ နေရာြဖစ်တော့ ဒီတစ်ခေါက်လည်း ဘုန်းစဥ်စျေးကို အရောက်သွားပြီး ဈေးရင်ခုန်သံကို နားထောင် ခဲ့တယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်က မနက်ငါးနာရီခွဲကျော်ကျော်ဆိုတော့ ဈေးမစည်သေးဘူး။ ခဏနေ တော့ ထွေလာဂျီတွေ၊ လိုက်ထရပ်တွေ အလျှိုလျှိုရောက်လာကြတယ်။ ဆိုင်ကယ်နဲ့ စျေးဝယ်တွေ နောက်ကလိုက်ဝင်လာတယ်။ ကားစက်သံ၊ ဆိုင်ကယ်ဟွန်းသံ၊ လူခေါ်သံတွေနဲ့ ဈေးက အသက်ဝင် လာတယ်။ ဒီဈေးက ကုန်စိမ်းဈေး၊ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် အသီးအနှံမျိုးစုံ၊ အထုပ် ကြီး အထုပ် ငယ်တွေနဲ့၊Continue reading “ပုဂံမြင်ကွင်းကျယ် ( ၇)”
တိတ်ဆိတ် လှေဆိပ်
ခရီးသွားဧည့်သည်အလာများရင် နေဝင်ဆည်းဆာရှုခင်းကြည့် လှေစီးသူတွေနဲ့ စည်ကားလေ့ ရှိတဲ့ ဗူးဘုရားလှေဆိပ် ။ အခုတော့ တိတ်ဆိတ်။
ပုဂံမြင်ကွင်းကျယ် ( ၆)
ရွှေစည်းခုံ ရန်ကုန်ရောက် ဘုရားဖူး ဧည့်သည်ဟာ ရွှေတိဂုံကို မဖြစ်မနေသွားရသလို ပုဂံရောက် ဘုရားဖူးဧည့်သည်ဆိုရင် လည်း ရွှေစည်းခုံကို ဦးတိုက်ရတာပဲ။ ရွှေစည်းခုံစေတီတော်ရဲ့ ဘုရားအမှတ်ကိုက ၁/ ၁ (က) ဖြစ်ပါတယ်။ ဘုရား သမိုင်းမှတ် တမ်းများအရတော့ ရွှေစည်းခုံစေတီကို အနော်ရထာမင်း လက်ထက် မှာတည်ထား တာဖြစ်ပေမယ့် အပြီးမသတ်နိုင်ခဲ့ဘူး၊ကျန်စစ်သားမင်းနန်းတက်ပြီး၁၀၈၉ခုနှစ်မှာဆက်လက်တည်ထားတဲ့အတွက်၁၀၉၀ ပြည့် နှစ် မှာ ပြီးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရှေး/သု ပုဂံဌာနခွဲတာဝန်ခံ ဆရာကြီးဦးဗိုကေ ရေးသားတဲ့ “ပုဂံ သုတေသန လမ်းညွှန်” စာအုပ်မှာတော့ အနော်ရထာမင်းစတည်ပြီး ကျန်စစ်သားမင်း အပြီး သတ် တည်ဆောက် တယ်လို့ ဆိုပေမဲ့ စေတီတော်ကြီးရဲ့ လက်ရာတစ်ခုလုံးဟာ ကျန်စစ်သားခေတ်လက်ရာတွေ ဖြစ်ပြီး ကျန်စစ်သား မင်းနဲ့ သက်ဆိုင်တဲ့ ကျောက်စာတိုင်တွေပဲရှိတယ် လို့ရေးထားတယ်။ ( စာ ၆၅) ကျွန်တော်ကတော့ ၂၀၂၀ ခရီးစဥ်မှာContinue reading “ပုဂံမြင်ကွင်းကျယ် ( ၆) “
ပုဂံမြင်ကွင်းကျယ် (၅)
မောင်းမယ်၊ ရိုက်မယ် ခေါင်းစဥ်ဖတ်ပြီး ဘယ်သူတွေကို မောင်းထုတ်၊ ဘယ်သူတွေကို ရိုက်ထုတ်မလို့လည်းလို့ အတွေးမချော် ပါနဲ့။ ပုဂံ ကို သွားမယ့် ဧည့်သည်တွေအတွက် သတင်းစကားပါးချင်လို့ စကားစလိုက်တာပါ။ အခုခေတ်ခရီးသွားတယ်ဆို တာက အရင်ခေတ်လိုမဟုတ်တော့ဘူး၊ ခရီးသွားခြင်းနဲ့ ဓာတ်ပုံအလှရိုက်ခြင်းက ခေါင်းနဲ့ပန်း ဖြစ်လာပြီ။ နောက် ပြီးတစ်ချိန်ကတော့ခရီးသွား ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ဓာတ်ပုံဆရာ သီးသန့်ငှားရတာ။ ကျွန်တော် ပြန်ကြားရေး ရောက်တဲ့ ၂၀၀၅ ကနေ ၂၀၁၁ လောက်အထိ ဗီအိုင်ပီ မိသားစုတွေ ခရီးသွားဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ပြန် / ဆက် ဓာတ်ပုံဆရာတွေ လိုက်ပေးရတာ၊ ပြီးရင် ဓာတ်ပုံတွေကူးပေးရတာမျိုးတွေ ရှိခဲ့သေးတယ်။ မိုဘိုင်းဖုန်းတွေ ပေါပေါများများသုံးနိုင်၊ ဖုန်းကင်မရာတွေကလည်း အဆင့်မြင့်လာချိန်မှာတော့ ခရီးသွားတွေ က ကိုယ့်ဘာသာကိုယ် ဆယ်လ်ဖီဆွဲ၊ အချင်းချင်း ပြန်ရိုက်ကြတယ်။ နောက်တော့ ဓာတ်ပုံအယူအဆမကျွမ်းကျင်၊Continue reading “ပုဂံမြင်ကွင်းကျယ် (၅)”