ပုဂံ အလှ နဲ့ သဘာဝ(၄)

မနှင်း အသုပ်ဆိုင်၊ မင်္ဂလာဆောင်မုန့်ဟင်းခါး ပုဂံရောက်ဧည့်သည်တွေ ရန်ကုန်မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ ၊နန်းကြီးသုပ် စတာတွေ စားေ နတာ မြင်ရင် အသည်းယားမိတယ်။ ရန်ကုန်ကလာပြီး ရန်ကုန်မုန့်ဟင်းခါး စားဖို့လိုသလား။ ပုဂံက ရန်ကုန်မုန့်ဟင်းခါး က ရန်ကုန်ထက်ပိုကောင်းလို့လား။ ရှမ်းခေါက်ဆွဲ၊ နန်းကြီးသုပ် ဆိုလည်း ဒီ လိုပါပဲ။ အဲဒီအစားအစာတွေအစား ပုဂံ၊ ညောင်ဦးဒေသခံတွေစားလေ့ရှိတဲ့ နံနက်စာလေးတွေကို စားမယ်ဆိုရင် ပုဂံခရီးစဉ်က ပိုပြီး ပြည့်စုံသွားမှာပေါ့။ ကျွန်တော်ကတော့ ပုဂံ ရောက်ချိန်မှာ အခု လို စားခဲ့ပါတယ် မနှင်း အသုပ်ဆိုင် အစဉ်အလာအရ မနှင်းလို့ခေါ်နေပေမယ့် ဒေါ်နှင်းဖြစ်နေပါပြီ။ ဆိုင်ဖွင့်ခဲ့တာ တစ်ပွဲနှစ်ကျပ်ခေတ် ထဲက ဆိုတော့ နှစ်သုံးဆယ်ကျော်၊လေးဆယ်နီးပါးရှိလောက်ပြီ။ အသုပ်ဆိုင်ဆိုပေမယ့် မုန့်ဟင်း ခါးသုပ်တစ်မျိုးပဲရောင်းပါတယ်။ ဆိုင်က ညောင်ဦး၊ ရုံးညောင်ပင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားထောင့်မှာရှိတယ်။Continue reading “ပုဂံ အလှ နဲ့ သဘာဝ(၄)”

ပုဂံ အလှ နဲ့ ဘ၀ (၂)

ရွှေကြယ်၊ ငွေတောင် နဲ့ ကိုဇော်ကြီးကျွန်တော့် အစီအစဉ်နဲ့ ကျွန်တော်စိတ်ကြိုက်ခရီးသွားခွင့်ရတဲ့အခါ ဒေသခံဟိုတယ်လေးတွေ မှာ တည်းဖို့ကြိုးစားတယ်။ ဒေသခံတွေရဲ့ စားသောက်ဆိုင်လေးတွေမှာပဲ စားချင်တယ်။ ဒေသခံ ဆိုတာက ဒီဒေသ မှာပဲရင်းနှီးမြှပ်နှံ၊ ဒေသနဲ့ ကောင်းအတူ ၊ ဆိုးဘက်နေတဲ့သူတွေ။ အပြင်က လာတဲ့လုပ်ငန်းရှင် ဆိုတာက အကျိုးအမြတ်ရှိမယ်ဆိုရင်နေမယ်၊ မမြတ်ရင် ပြန်ပြေးမယ် ဆိုတဲ့သူတွေလေ။ နောက်ပြီး ဟိုတယ်သေးသေး၊ ဆိုင်သေးသေးလေးတွေမှာ လေ့ကျင့် ထားတဲ့အပြုံးတွေမမြင်ရဘူး၊ အလွတ်ကျက်ထားတဲ့ နှုတ်ဆက်သံမကြားရဘူး။ တူညီ ဝတ်စုံ တွေ မတွေ့ရဘူး။ နွေးထွေးတယ်၊ မိသားစုဆန်တယ်၊ ဒေသအကြောင်း၊ တောအကြောင်း၊ တောင် အကြောင်း စကားစမြည် ပြောလို့ရတယ်။ပုဂံကိုလာမယ်ဆိုတော့ ညောင်ဦးမြို့ထဲမှာနေဖို့စဉ်းစားတယ်။ နိုင်ငံခြားခရီးသွားဝက်ဘ်ဆိုက်တွေ ကို ကြည့်ပြီး Gold Star ဆိုတဲ့ ဟိုတယ်လေးကို ရွေးလိုက်တယ်။Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၂)”

ပုဂံ အလှ နဲ့ဘ၀ (၁)

အောင်မင်္ဂလာ ပုဂံကို သွားဖို့စီစဉ်တော့ အဝေးပြေးကားလိုင်းနဲ့ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ နေပြည်တော်မှာ နေ ချိန်ကတော့ အချိန်ကန့်သတ်ချက်မရှိဘူးဆိုရင် ရန်ကုန်ပြန်ရင် ရထားနဲ့ပြန်တယ်။ အမြန်လမ်း မ ကြီး ပြီးသွားတော့ အဝေးပြေးကား နဲ့သွား/ပြန်လုပ်တယ်။ ညဘက် ထွက် မနက်ရောက် ကား ပေါ်မှာ အိပ်သွား၊အဆင်ပြေတဲ့အတွက် ဒုတိယဝန်ကြီးဖြစ်တဲ့အထိ အဝေးပြေးကားနဲ့သွားခဲ့တာပဲ။ မှတ် မှတ်ရရ နောက်ဆုံးခရီးစဉ်က ၂၀၁၄ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ ရန်ကုန်ကနေ နေပြည်တော်ကို ပြန်ခဲ့တဲ့ခရီးစဉ် ပါ။ အဲဒီနေ့ညက အောင်မင်္ဂလာကားဂိတ်ကို သွားနေချိန်မှာပဲ ဝန်ကြီး ဦးအောင်ကြည် ပြန်ကြားရေး ဝန်ကြီးတာဝန်ကနေ အနားယူတာကို သိလိုက်ရတယ်။ ကျွန်တော် ဝန်ကြီးဖြစ်လာတော့ အကြောင်းအမျိုးမျိုး ကြောင့် အဝေးပြေးကားနဲ့ ခရီးမသွား ဖြစ်တော့ဘူး။ ခရီးစမယ့်နေ့မှာContinue reading “ပုဂံ အလှ နဲ့ဘ၀ (၁)”

ပုဂံမှာ ဘုရားဖူးဧည့်သည်တွေအလာများတဲ့ ဘုရား ၁၇ ဆူကို ဒီနေ့ ဇူလိုင် ၂၉ ကစပြီး ပိတ်လိုက်တယ်။ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလိုအပ်ချက်အရ လိုအပ်လို့ လုပ် ဆောင်တာကို အပြစ်မပြောလိုဘူး၊ လုပ်ပုံလုပ်နည်းကိုတော့ ဝေဖန်ချင်တယ်။ အခု ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရုံးပိတ်ရက်သုံးရက်အတွင်း ပုဂံကို ဧည့်သည်အများအပြားလာရောက်ခဲ့တဲ့အခြေအနေကို မူတည် ပြီး ရုံးပိတ်ရက် လေးရက် ဧည့်သည်လာရောက်မှုကို ထိန်းချုပ်ချင်လို့ လုပ်တာလို့ပဲ နားလည်မိတယ်။ ဒါပေမယ့် ဇူလိုင် ၂၁ ကနေ ဇူလိုင် ၂၉ အထိ ကြားမှာ တစ်ပတ်အချိန်ရတယ်။ ဇူလိုင် ၁၉ ရုံးပိတ် ရက်အခြေအနေအရ ဘုရားတွေကို ပိတ်တော့မယ်ဆိုရင် ဇူလိုင် ၂၄၊ ၂၅ လောက်ထဲက လူသိရှင် ကြားကြေညာသင့်တယ်။Continue reading