သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၉ )

သူငယ်ချင်း- ဂျီနီဗာ ကွန်ဗင်းရှင်းတွေ၊ စစ်ရာဇဝတ်မှု တွေဆိုတာ အမေရိကန် နဲ့ မဆိုင်ဘူးလား။ ဘယ်သူကမှ အရေးမယူဘူးလား။ ကျွန်တော်- ဒီလို စဉ်းစားကြည့်ကွာ။ မင်းက တရားသူကြီးဆိုပါတော့၊ တရားခံက ကျွန်တော့်ကို တော့ အရေးယူတယ်၊ ဦးဖြူ ကိုတော့ အရေးမယူဘူးလို့ လေ ျှာက်လဲရင် အဲဒီ တရားခံ ကို လွှတ်ပေးမှာလား။ သူငယ်ချင်း- ဘယ်ရမလဲ၊ သူ့အမှုနဲ့ ဆိုင်တဲ့ သက်သေအထောက်အထားနဲ့ပဲ ဆုံးဖြတ်ရမှာ ပေါ့။ ကျွန်တော်- အဲဒါပဲလေ။ သူများ တရားစွဲမခံရတာက အရေးမကြီးဘူး။ ကိုယ်တရားရုံးရှေ့ မရောက်ဖို့ပဲ စဉ်းစား။ နောက်ပြီး ရပ်ထဲ ရွာထဲမှာ ကိုယ့်ကို အမြင်ကပ် တဲ့ သူများနေရင် ပိုပြီး အနေ အထိုင်ဆင်ခြင်ရတယ်ဆိုတဲ့ သဘောတရားကိုလည်း မမေ့နဲ့။Continue reading “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၉ )”

စစ် နှင့် လူသားချင်းစာနာမှု

စစ်ပွဲဆိုတာက နှစ်ဖွဲ့ ဒါမှမဟုတ် နှစ်ဖွဲ့ထက်ပိုတဲ့ လက်နက်ကိုင်အင်အားစုတွေ အနိုင်ရဖို့ အတွက် သူသေ ကိုယ်သေ ယှဉ်ပြိုင်တိုက်ခိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ စစ်ပွဲဆိုတာက လက်ဝှေ့ပွဲလို သီးခြား ကြိုးဝိုင်းထဲမှာထိုးတာမဟုတ်ဘဲ မြို့တွေ၊ရွာတွေပတ်ဝန်းကျင်မှာ စစ်ခင်းတာဆိုတော့ စစ်ပွဲနဲ့ မဆိုင် တဲ့ ပြည် သူ တွေ လည်း မြေစာပင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရ၊ သေဆုံးရ တာ ပဲ။ ဒါပေမဲ့ လူ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားလာတာနဲ့ အမ ျှ စစ်ပွဲနဲ့ မသက် ဆိုင် တဲ့ ပြည် သူ တွေ ထိခိုက်သေဆုံးမှု နည်းနိုင်သမ ျှ နည်းအောင် ကြိုးစားလာခဲ့ကြတယ်။ အမေရိကန် ပြည်တွင်းစစ်(၁၈၆၁-၁၈၆၅) အတွင်းက သမ္မတ လင်ကွန်းလက်မှတ်ရေးထိုးထုတ် ပြန်ခဲ့တဲ့ အထွေထွေညွှန်ကြားချက် အမှတ်စဉ်Continue reading “စစ် နှင့် လူသားချင်းစာနာမှု”