တောင်သမန်ရေပြင်မှာ ဝမ်းတစ်ထွာ ကိုတံငါ
Tag Archives: mandalay
တွေးတွေး ဆွေးဆွေး လှေလေးတစ်စီး
( တောင်သမန်အင်းရှုခင်း)
၀မ်းရေးခက်ခက် (၂)
တံတားပေါ်မှာ ဝမ်းရေးအတွက် စက်ဘီး ကျန်းမာရေးအတွက် စက်ဘီး
၀မ်းရေးခက်ခက် (၁)
ကြယ်နီရဲ့ ကိုဒေါင်းစိန် ကို တောင်သမန်မှာ မြင်ခဲ့ရ။
တောင်သမန်
နေ့သစ်မှာ ခွန်အားသစ်ပေးတဲ့ တောင်သမန် “ မန္တလေးဟာ ဂရိဒဏ္ဍာရီထဲမှာပါတဲ့ ဖီးနစ်ငှက်နဲ့ တူတယ်။”( မြသန်းတင့်၊ ဖီးနစ်ငှက် မန္တလေး)
ကင်းဝန်မင်းကြီးကျောင်းတိုက်
ကင်းဝန်မင်းကြီးဆိုတာက ကုန်းဘောင်ခေတ်မြန်မာ့သမိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတိုင်း သိတဲ့ ပုဂ္ဂိုလ် ကြီးပါ။ သူ့ကို လေးစားသူတွေက ခေတ်ရှေ့ပြေးနိုင်ငံရေးသမားလို့ ယူဆကြပေမယ့် သူ့ကို မနှစ် သက်တဲ့သူတွေကတော့ ကင်းဝန်မင်းကြီးကြောင့် သီပေါမင်း ပါတော်မူပြီး သူ့ကျွန်ဘဝရောက် ရတာလို့ စွပ်စွဲကြတယ်။ ကင်းဝန်မင်းကြီးကို ၁၁၈၃ ခုနှစ်တပို့တွဲလဆန်း ၁၂ ရက် (၁၈၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်) စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် မင်းတိုင်ပင်ရွာမှာမွေးတယ်။ စာပေကျမ်းဂန်ဗဟုသုတကြွယ်ဝလို့ အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်း မင်းသား ကအိမ်တော်မှာ ခေါ်ယူ ထားခဲ့တယ်။ မင်းတုန်းမင်း နန်းတက်တော့ လွှတ်တော် စာရေးတော်ကြီး အဖြစ်တာဝန်ပေးတယ်။နောက်ပိုင်း အရေးကြီးတဲ့ ရာထူးတွေအဆင့်ဆင့်ထမ်းဆောင်ခဲ့ရပြီး တဲ့နောက် ၁၂၂၈ ခုနှစ်မှာ မင်းကြီး မဟာ စည်သူ ဘွဲ့နဲ့Continue reading “ကင်းဝန်မင်းကြီးကျောင်းတိုက်”
ယောမင်းကြီးကျောင်းတိုက်
ကျွန်တော်ရဲ့ မန္တလေးခရီးစဉ်က မန္တလေးမှာရှိတဲ့ ရှေးဗိသုကာလက်ရာ ဘုန်းတော်ကြီးကျောင်းတွေ နဲ့ အခြားသင့်တော်တဲ့နေရာတွေကို ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်တဲ့ခရီးစဉ်ဖြစ်ပြီး မန္တလေးရောက်တာ နဲ့ ဦးစားပေး သွားဖို့ရည်ရွယ်ခဲ့တာက ယောမင်းကြီးကျောင်းတိုက် ဖြစ်ပါတယ်။ တကယ်တော့ ယောမင်းကြီးကျောင်းတိုက်ထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ကျောင်း ဒါယကာ ယောမင်းကြီး ဦးဘိုးလှိုင်အကြောင်းဖြစ်ပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင်ကို ယော အတွင်းဝန်၊ ရွှေပြည်ဝန်၊ ဝက်မစွတ်မြို့စား ၊ မကွေးမြို့စားဝန်ရှင်တော်မင်း ကြီး စသည်ဖြင့် လည်း ခေါ်ကြပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင် အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်းမင်းတရားကြီးက မင်းလှ စည်သူဘွဲ့ပေးပြီး ယောမြို့ကို စားစေတယ်၊ ဦးဘိုးလှိုင်ရဲ့ အရည်အချင်းကို နှစ်သက်လို့ သားတော်တို့နဲ့မခြား ချီးမြှောက်ခဲ့တယ်လို့ ဆိုတယ်။ ယောမင်းကြီးဦးဘိုးလှိုင်ဟာ ဉာဏ် ပညာ ထက်မြက်၊ ဗဟုသုတကြွယ်ဝ၊Continue reading “ယောမင်းကြီးကျောင်းတိုက်”