၁၃ စက္ကန့် ၁၃ စက္ကန့်ဆိုတာ ဘာမှ မကြာဘူး။ အဲဒီအချိန်ဟာ လူတစ်ယောက်ကို အကဲဖြတ်ဖို့အတွက် လုံလောက်တယ် လို့ ပြောရင် လက်ခံဖို့ခက်တယ်။ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့တဲ့ သာဓကတွေလည်း ရှိတယ်။ အမေရိကန်သမ္မတ ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တို့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့တယ်။ ဒီထိပ်သီး ဆွေးနွေးပွဲ ဟာ မြောက်ကိုရီးယား နိုင်ငံ စတင်ထူထောင်တဲ့ ၁၉ ၄၈ ခုနှစ်က စပြီး နှစ်နိုင်ငံ ခေါင်းဆောင် တွေ ကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြစ်တဲ့ အပြင် မြောက်ကိုရီးယားနိုင်ငံရဲ့ အနုမြူ ဗုံး နဲ့ တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှုတွေကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်မားနေတဲ့ အချိန်ဖြစ်တဲ့ အတွက်Continue reading “၁၃ စက္ကန့်”