မီဒီယာဆက်ဆံရေး တစေ့တစောင်း

၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ကြားမှာ ကျွန်တော့် ဖေ့စ်ဘွတ်စာမျက်နှာကနေ နိုင်ငံရေးသမားတွေ ၊ အစိုးရတာဝန်ရှိသူတွေ နဲ့ သတင်း မီဒီယာများအကြား ဆက်ဆံရေးဆိုင်ရာ ဆောင်းပါး ၃၃ ပုဒ် ရေးခဲ့တယ်။ ဆောင်းပါး အများစုက ကျွန်တော့်အတွေ့အကြုံနဲ့ နိုင်ငံတကာဖြစ်စဉ်တွေကို အခြေခံပြီး ရေးခဲ့တာပါ။ အခြားသူများရဲ့ ပြောကြားချက် ကို ထောက်ပြဝေဖန်သုံးသပ်ရေးသားခဲ့ တာက ငါးပုဒ် ရှိတယ်။ အခုဆောင်းပါးကတော့ ရေးခဲ့သမ ျှ ဆောင်းပါးတွေထဲက ကောင်းနိုးရာရာ သိသင့် သိထိုက် တယ်လို့ ယူဆတဲ့ အချက်အလက်တွေကို အခြေခံပြီး ရေးထားတာပါ။ အစိုးရ နဲ့သတင်း မီဒီယာ ဒီမိုကရေစီ စနစ်ကို ပြောရင် အစိုးရပိုင်မဟုတ်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ ဆိုတာ တွဲပါ လာမှာပဲ။ ဒါ့ကြောင့်Continue reading “မီဒီယာဆက်ဆံရေး တစေ့တစောင်း”

ဗိုင်းရပ်စ် နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ

ကိုရိုနာ ဗိုင်းရပ်စ် တစ်ကမ္ဘာလုံးနီးပါးကို ပျံ့နှံ့သွားချိန်မှတော့ နိုင်ငံတိုင်းက ပြည်သူတွေ ကြားမှာ မေးခွန်းနှစ်ခုပေါ်လာတယ်။ ပထမတစ်ခုက “ ဒီကပ်ရောဂါဘေးကြီးဘယ်တော့ပြီးမှာလဲ” နောက်မေးခွန်းတစ်ခု “ တရုတ်မှာ စဖြစ်နေတာသိနေတာပဲ။ ဘာ့ကြောင့် ကြိုတင်ပြင်ဆင်မှုတွေ မလုပ် ခဲ့တာလဲ ” ပထမမေးခွန်းအတွက်တော့ အဖြေမရှိသေးဘူး။ ဒုတိယမေးခွန်းကတော့ ရောဂါ ကူးစက်ခံနေရတဲ့ နိုင်ငံတိုင်းက ခေါင်းဆောင်တွေ အသည်းအသန်ဖြေရှင်းနေရတယ်။ အထူးသဖြင့် ကျန်းမာရေး ကဏ္ဍလိုအပ်ချက်တွေအတွက် လုံလောက်အောင်ကြိုတင်ပြင်ဆင်မထားခဲ့တဲ့ အချက်က ဖြေရှင်းဖို့ အခက်ဆုံးဖြစ်နေတယ်။ ဒီလိုအချိန်မှာ ၂၀၂၀ ဖေဖော်ဝါရီနဲ့မတ်လ တွေအတွင်းမှာ ဗိုင်းရပ်စ်ရောဂါ ကူးစက်နဲ့မှု နဲ့ပတ်သက်ပြီး ပေါ့ပေါ့တန်တန် ပြောခဲ့တဲ့စကားတွေ၊ ပေါ့ပေါ့တန်တန် သဘောထားလုပ်ဆောင်ခ ဲ့ တဲ့ အပြုအမှုတွေဟာ နိုင်ငံ့ခေါင်းဆောင်တွေအတွက် အရှက်ကွဲဖို့ဖြစ်လာခဲ့တယ်။ အဲဒီလို ဖြစ်ခဲ့သူတွေထဲမှာ ထင်ရှားတဲ့ခေါင်းဆောင်တွေကတော့ ၁။Continue reading “ဗိုင်းရပ်စ် နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ”

ဗိုင်းရပ်စ် နဲ့ ပြောရေးဆိုခွင့်

၂၀၁၃ ခုနှစ် သြဂုတ်လ နေပြည်တော်မှာ အမေရိကန်နိုင်ငံက မီဒီယာကျွမ်းကျင်သူ မာဂရိတ် ဆူလီဗန် ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်ရေးတာဝန်ယူမယ့် အရာရှိကြီး တွေကို သင်တန်းပို့ချတယ်။ သူက အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန စတဲ့ အရေးကြီးတဲ့ဌာနတွေမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ဖူးတယ်။ ကိုယ် တိုင်ကလည်း စာနယ်ဇင်းသမားဖြစ်တဲ့အပြင် သတင်းနဲ့စာနယ်ဇင်းအတတ်ပညာ မဟာဘွဲ့ကို ရ ထားတဲ့သူဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန်ယူတဲ့အခါ လိုက်နာရမယ့် အချက်သုံးချက် ကို ပြောပြခဲ့တယ်- ၁။ သည်းခံ ၊ သည်းခံ ၊ သည်းခံ ပြောရေးဆိုခွင့်ရှိသူဆိုတာ အစိုးရ ၊ မီဒီယာ နဲ့ ပြည်သူ သုံးပွင့်ဆိုင်ကြားမှာ နေရတယ်။ လိုအပ်ချက်က တစ်ယောက်တစ်မျိုး မတူဘူး။ အဲဒါကိုလည်း သည်းခံ။Continue reading “ဗိုင်းရပ်စ် နဲ့ ပြောရေးဆိုခွင့်”