ဂမ်ဘီယာ- မြန်မာ (၃)

ပြီးခဲ့တဲ့ နှစ်ရက်မှာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံဘက်က လေ ျှာက်လဲချက်တွေပေးခဲ့တယ်။ သူ့ဘက် ကိုယ့်ဘက် အားပေးသူတွေကလည်း ဘောလုံးပွဲအားပေးသလို အားပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံ က လေ ျှာက်လဲချက်ပေးတာအကောင်းဆုံးလို့ ထင်တယ်။ တစ်ဘက်ရဲ့ လေ ျှာက်လဲချက်ကို အမှုန့်ချေပစ်လိုက်နိုင်ပြီလို့ ယုံကြည်ကြတယ်။ မီဒီယာတွေ ကလည်း သူတို့သတင်းဌာနရဲ့ အယ်ဒီတာမူဝါဒတွေအရ အမြင်အမျိုးမျိုးကို ရေးကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့အမှုကို အဆုံးအဖြတ်ပေးမှာကတော့ နိုင်ငံတကာတရားရုံးက တရားသူကြီးတွေပါပဲ။ တရားသူကြီးတွေဟာ သက်သေခံအထောက်အထားတွေရယ်၊ ဆက်စပ်နေတဲ့အကြောင်းအရာ တွေအပေါ်မှာ ပုဂ္ဂလိခံစားချက်မပါဘဲ တရားမ ျှတစွာဆုံးဖြတ်ပေးဖို့တာဝန်ရှိတယ်။ ဒါပေမယ့် တရားသူကြီးတွေဟာလည်း လူ့အသိုင်းအဝန်းထဲမှာနေထိုင်နေတဲ့ လူသားတွေပဲ၊ ဖန်ပေါင်း ချောင် ထဲမှာနေတာမဟုတ်ဘူး။ ဒီတော့ သူဖြတ်သန်းခဲ့ဘ၀ နဲ့ အတွေ့အကြုံတွေက သူ့ရဲ့ စဉ်းစားပုံ အပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ အကျိုးသက်ရောက်မှာသေချာပါတယ်။Continue reading “ဂမ်ဘီယာ- မြန်မာ (၃)”