မနေ့ ( ဒီဇင်ဘာ ၁၂ ) ရက်နေ့က ဂမ်ဘီယာ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးက အပြီးသတ် လေ ျှာက်လဲချက်ပေးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ က ဂမ်ဘီယာအတွက် အရေးကြီး တဲ့ နေ့ဖြစ်ပါတယ်။ ပထမအကြိမ်လေ ျှာက်လဲချက်ပေးတဲ့အချိန်မှာ မြန်မာက ဒုတိယပေးရတဲ့ အတွက် ရှေ့က ဂမ်ဘီယာလေ ျှာက်ထားချက်အပေါ်မူတည်ပြီး ပြင်ဆင်ချေပနိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဂမ်ဘီယာအနေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာ လေ ျှာက် ထားချက်အပေါ် ထိထိရောက်ရောက်ချေပနိုင်ဖို့ လိုအပ်လာပါတယ်။ လက်တွေ့မှာလည်း ဂမ်ဘီယာဘက်က ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချခဲ့တာတွေ့ရပါတယ်။ ဂမ်ဘီယာ ဂမ်ဘီယာရဲ့လေ ျှာက်လဲချက်ကို MR.Reichler က ဦးဆောင်ခဲ့ပါတယ်။ ဂမ်ဘီယာရဲ့ လေContinue reading “ဂမ်ဘီယာ – မြန်မာ (၄)”
Tag Archives: ICJ
ဂမ်ဘီယာ- မြန်မာ (၃)
ပြီးခဲ့တဲ့ နှစ်ရက်မှာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံဘက်က လေ ျှာက်လဲချက်တွေပေးခဲ့တယ်။ သူ့ဘက် ကိုယ့်ဘက် အားပေးသူတွေကလည်း ဘောလုံးပွဲအားပေးသလို အားပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံ က လေ ျှာက်လဲချက်ပေးတာအကောင်းဆုံးလို့ ထင်တယ်။ တစ်ဘက်ရဲ့ လေ ျှာက်လဲချက်ကို အမှုန့်ချေပစ်လိုက်နိုင်ပြီလို့ ယုံကြည်ကြတယ်။ မီဒီယာတွေ ကလည်း သူတို့သတင်းဌာနရဲ့ အယ်ဒီတာမူဝါဒတွေအရ အမြင်အမျိုးမျိုးကို ရေးကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့အမှုကို အဆုံးအဖြတ်ပေးမှာကတော့ နိုင်ငံတကာတရားရုံးက တရားသူကြီးတွေပါပဲ။ တရားသူကြီးတွေဟာ သက်သေခံအထောက်အထားတွေရယ်၊ ဆက်စပ်နေတဲ့အကြောင်းအရာ တွေအပေါ်မှာ ပုဂ္ဂလိခံစားချက်မပါဘဲ တရားမ ျှတစွာဆုံးဖြတ်ပေးဖို့တာဝန်ရှိတယ်။ ဒါပေမယ့် တရားသူကြီးတွေဟာလည်း လူ့အသိုင်းအဝန်းထဲမှာနေထိုင်နေတဲ့ လူသားတွေပဲ၊ ဖန်ပေါင်း ချောင် ထဲမှာနေတာမဟုတ်ဘူး။ ဒီတော့ သူဖြတ်သန်းခဲ့ဘ၀ နဲ့ အတွေ့အကြုံတွေက သူ့ရဲ့ စဉ်းစားပုံ အပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ အကျိုးသက်ရောက်မှာသေချာပါတယ်။Continue reading “ဂမ်ဘီယာ- မြန်မာ (၃)”
ဂမ်ဘီယာ – မြန်မာ (၂)
ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက် မြန်မာနိုင်ငံရဲ့ လေ ျှာက်လဲချက်ပေးတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စု ကြည်က ဦးဆောင်ပြီးလေ ျှာက်လဲချက်ပေး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ Mr. William Schabas, Mr. Christopher Staker နဲ့ Ms Phoebe Okowa တို့က အောက်ပါအတိုင်း ကဏ္ဍအလိုက် လေ ျှာက်လဲခဲ့ပါတယ်။၁။ မြန်မာနိုင်ငံကိုယ်စားလှယ်ရဲ့ အဖွင့်လေ ျှာက်လဲချက်။၂။ မြန်မာနိုင်ငံအစိုးရနဲ့တပ်မတော်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိကြောင်း။၃။ ဂမ်ဘီယာနိုင်ငံရဲ့ လေ ျှာက်ထားချက်ကို လက်ခံစဉ်းစားရန်မသင့်ကြောင်း။၄။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေများဟာ ကြားဖြတ်တားဆီးအမိန့် ထုတ်ပြန်ဖို့ မလို အပ်ကြောင်း။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းက ၂၇ မိနစ်ကျော်ကြာပါတယ်။ အဓိက ပြောကြားသွားတဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်-၁။ ၁၉Continue reading “ဂမ်ဘီယာ – မြန်မာ (၂)”
ဂမ်ဘီယာ – မြန်မာ (၁)
ဒီဇင်ဘာ ၁၀ နဲ့ ၁၁ ရက်နေ့တွေမှာ နိုင်ငံတကာတရားရုံးက ဂမ်ဘီယာ – မြန်မာ အမှုကို ကြားနာ ခဲ့တယ်။ နိုင်ငံတကာတရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တိုင်ကြားထား သူ ဂမ်ဘီယာက လေ ျှာက်လဲချက်ပေးတယ်။ မြန်မာက ဒီဇင်ဘာ ၁၁ ရက်နေ့ (ဒီနေ့)မှာ လေ ျှာက်လဲ ချက်ပေးရမယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဒုတိယအကျော့ လေ ျှာက်ထားမှုလုပ်ရမယ်။ အဲဒီ မှာ တော့ တစ်ရက်ထဲနဲ့အပြတ်ဖြတ်မှာဖြစ်ပါတယ်။ ဒီသုံးရက်လေ ျှာက်လဲချက်တွေက ဂမ်ဘီယာ နိုင်ငံကတောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံအပေါ် ကြားဖြတ်တားဆီးမိန့် ( “Provisional Measures” ) ထုတ်ပေးဖို့အတွက် လေ ျှာက်ထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုContinue reading “ဂမ်ဘီယာ – မြန်မာ (၁)”
ICJ , ICC နဲ့ အာဂျင်တီးနား (၁)
နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲတယ်ဆိုတဲ့သတင်းကြားထဲက အဲဒီ အကြောင်းဆောင်းပါးရေးဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် ဆဲဗင်းဒေးရုပ်သံအစီအစဉ်မှာ အဲဒီ ကိစ္စ ပါဝင်ဆွေး နွေးမယ်လို့ ကတိပေးထားတဲ့အတွက် ရုပ်သံအစီအစဉ်ပြီးမှ ICJ ကိစ္စကို ဆောင်းပါး ရေးမယ်လို့ ဆုံဖြတ်ခဲ့တယ်။ ဒီနေ့ညနေမှာတော့ ဆဲဗင်းဒေးရုပ်သံအစီအစဉ် ထုတ်လွှင့်ပြီးသွား ပြီ ဖြစ်တဲ့အတွက် ဆောင်းပါးကို မ ျှဝေလိုက်ပါတယ်။ နိုင်ငံတကာ တရားရုံး ( International Court of Justice , ICJ) နိုင်ငံတကာတရားရုံး ICJ ဆိုတာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး ၁၉ ၄၅ ခုနှစ် ဇွန်လ မှ စတင်ဖွဲ့စည်းတယ်။ ၁၉ ၄၆ ခုနှစ် ဇွန်လမှာ လုပ်ငန်းစတင်တယ်။ ဒီတရားရုံးမှာContinue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၁)”