မနေ့ ( ၂၀၂၀ ဇန်နဝါရီ ၂၃ ) ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီမံ ဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ လေ ျှာက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ာ တရားရုံး ( ICJ) က ဆုံးဖြတ်ချက်ချခဲ့တယ်။တရားရုံးဆုံးဖြတ်ချက် ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ပေးဖို့ လေ ျှာက်ထားတဲ့အခါမှာ မြန်မာ နိုင်ငံဘက်က လိုက်နာဆောင်ရွက်ပေးဖို့ အစီအစဉ်ခြောက်ခု ကို တောင်းဆိုခဲ့တယ်။ အဲဒီအထဲမှာ အမှတ်စဉ် ၁ နဲ့ ၂ က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလ ို့ ယူဆနိုင်တဲ့ အပြုအမှုတွေ မလုပ်ဖို့ ဆိုတဲ့အချက်နဲ့ဆိုင်တယ်။ အမှတ်စဉ် ၃ သက်သေခံအထောက်အထားတွေ ဖျက်ဆီးခြင်းမပြုဖို့ နဲ့ဆိုင်တယ်။ အမှတ်စဉ် ၄ က နှစ်နိုင်ငံလုံးက အခြေအနေပိုဆိုးသွားစေမယ့်ကိစ္စတွေမလုပ်ဖို့Continue reading “အိုင်စီဂျေ အလွန်”
Tag Archives: Rakhine
၂၀၂၀ မြန်မာ နဲ့ ကမ္ဘာ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာအပါအဝင် လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေမှုအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၃၄ မဲ၊ ကန့်ကွက်မဲ ၉ မဲ ၊ မဲမပေး တဲ့ နိုင်ငံ ၂၈ နိုင်ငံ နဲ့ အတည်ပြုခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေအပေါ် အများကြီးရိုက်ခတ်နိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ပြည်တွင်းနိုင်ငံရေးအကဲခတ်တွေနဲ့ မီဒီယာ အများစုကတော့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိတဲ့ အတွက် အရေးမကြီးတဲ့ သဘော ပြောကြတယ်။ အဲဒီလိုပြောတဲ့အထဲမှာ အာဏာရ အင်န်အယ်လ်ဒီအစိုးရ နဲ့ ပါတီအသိုင်းအဝန်းက လူတွေပါ ပါနေ တာကတော့ အတော်အံ့သြဖို့ကောင်းတယ်။ ၁၉Continue reading “၂၀၂၀ မြန်မာ နဲ့ ကမ္ဘာ”
ဂမ်ဘီယာ – မြန်မာ (၄)
မနေ့ ( ဒီဇင်ဘာ ၁၂ ) ရက်နေ့က ဂမ်ဘီယာ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးက အပြီးသတ် လေ ျှာက်လဲချက်ပေးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ က ဂမ်ဘီယာအတွက် အရေးကြီး တဲ့ နေ့ဖြစ်ပါတယ်။ ပထမအကြိမ်လေ ျှာက်လဲချက်ပေးတဲ့အချိန်မှာ မြန်မာက ဒုတိယပေးရတဲ့ အတွက် ရှေ့က ဂမ်ဘီယာလေ ျှာက်ထားချက်အပေါ်မူတည်ပြီး ပြင်ဆင်ချေပနိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဂမ်ဘီယာအနေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာ လေ ျှာက် ထားချက်အပေါ် ထိထိရောက်ရောက်ချေပနိုင်ဖို့ လိုအပ်လာပါတယ်။ လက်တွေ့မှာလည်း ဂမ်ဘီယာဘက်က ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချခဲ့တာတွေ့ရပါတယ်။ ဂမ်ဘီယာ ဂမ်ဘီယာရဲ့လေ ျှာက်လဲချက်ကို MR.Reichler က ဦးဆောင်ခဲ့ပါတယ်။ ဂမ်ဘီယာရဲ့ လေContinue reading “ဂမ်ဘီယာ – မြန်မာ (၄)”
ဂမ်ဘီယာ – မြန်မာ (၂)
ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက် မြန်မာနိုင်ငံရဲ့ လေ ျှာက်လဲချက်ပေးတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စု ကြည်က ဦးဆောင်ပြီးလေ ျှာက်လဲချက်ပေး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ Mr. William Schabas, Mr. Christopher Staker နဲ့ Ms Phoebe Okowa တို့က အောက်ပါအတိုင်း ကဏ္ဍအလိုက် လေ ျှာက်လဲခဲ့ပါတယ်။၁။ မြန်မာနိုင်ငံကိုယ်စားလှယ်ရဲ့ အဖွင့်လေ ျှာက်လဲချက်။၂။ မြန်မာနိုင်ငံအစိုးရနဲ့တပ်မတော်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိကြောင်း။၃။ ဂမ်ဘီယာနိုင်ငံရဲ့ လေ ျှာက်ထားချက်ကို လက်ခံစဉ်းစားရန်မသင့်ကြောင်း။၄။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေများဟာ ကြားဖြတ်တားဆီးအမိန့် ထုတ်ပြန်ဖို့ မလို အပ်ကြောင်း။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းက ၂၇ မိနစ်ကျော်ကြာပါတယ်။ အဓိက ပြောကြားသွားတဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်-၁။ ၁၉Continue reading “ဂမ်ဘီယာ – မြန်မာ (၂)”
ဂမ်ဘီယာ – မြန်မာ (၁)
ဒီဇင်ဘာ ၁၀ နဲ့ ၁၁ ရက်နေ့တွေမှာ နိုင်ငံတကာတရားရုံးက ဂမ်ဘီယာ – မြန်မာ အမှုကို ကြားနာ ခဲ့တယ်။ နိုင်ငံတကာတရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တိုင်ကြားထား သူ ဂမ်ဘီယာက လေ ျှာက်လဲချက်ပေးတယ်။ မြန်မာက ဒီဇင်ဘာ ၁၁ ရက်နေ့ (ဒီနေ့)မှာ လေ ျှာက်လဲ ချက်ပေးရမယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဒုတိယအကျော့ လေ ျှာက်ထားမှုလုပ်ရမယ်။ အဲဒီ မှာ တော့ တစ်ရက်ထဲနဲ့အပြတ်ဖြတ်မှာဖြစ်ပါတယ်။ ဒီသုံးရက်လေ ျှာက်လဲချက်တွေက ဂမ်ဘီယာ နိုင်ငံကတောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံအပေါ် ကြားဖြတ်တားဆီးမိန့် ( “Provisional Measures” ) ထုတ်ပေးဖို့အတွက် လေ ျှာက်ထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုContinue reading “ဂမ်ဘီယာ – မြန်မာ (၁)”
ICJ , ICC နဲ့ အာဂျင်တီးနား (၃)
အာဂျင်တီးနား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုတရားရုံးတစ်ခုမှာ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေ ကအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနိုင်ဖို့ လေ ျှာက်ထား ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဦးထင် ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကိုလည်း အမှုတွဲအဖြစ် တင်သွင်းထားတယ်လို့ သတင်းတွေမှာ ပါတယ်။ ဒီတရားစွဲဆိုမှုကိုဦးဆောင်တဲ့သူကတော့ မြန်မာရိုဟင်ဂျာအဖွဲ့ ( ယူနိုက်တက်ကင်းဒမ်း) Burmese Rohingya Organization UK (BROUK) ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။ ။ ဒီအဖွဲ့ ရဲ့ ရှေ့နေ အဖြစ်ဆောင်ရွက်ပေးတာကအရင်မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တား နား ပါ ။ ကင်တာနားဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် အဖြစ် ၂၀၀၈Continue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၃)”
ICJ , ICC နဲ့ အာဂျင်တီးနား (၂)
နိုင်ငံတကာရာဇဝတ်မှုတရားရုံး ( International Criminal Court -ICC) နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ဆိုတာက ၁၉ ၉ ၀ ပြည့်လွန်နှစ်မျ ယူဂိုဆလပ်ဗီးယားနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ် ဖြတ်မှုတွေကို အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။ ယူဂိုဆလပ်ဗီးယားနိုင်ငံ နဲ့ ရဝမ်ဒါ နိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး သီးခြားနိုင်ငံတကာရာဇဝတ်မှုတရား ရုံးတွေဖွဲ့စည်းပြီးစစ်ဆေးခဲ့ရတယ်။ အဲဒီကနေ နိုင်ငံတကာရာဇဝတ်မှုတရားရုံးတစ်ခုကို အမြဲတမ်း ဖွဲ့စည်းထားရင်မကောင်းဘူးလားဆိုတဲ့အယူအဆပေါ်ပေါက်လာခဲ့တယ်။ ဒီလိုနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက တရားရုံးဖွဲ့စည်းနိုင်ဖို့နဲ့ပတ်သက် တဲ့ လေ့လာ ရေးကော်မတီတစ်ခုကို ၁၉ ၉ ၅ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တယ်။ အဲဒီကော်မတီ အစီရင် ခံစာကို အခြေခံပြီး ၁၉ ၉ ၆-၁၉ ၉ ၈ အတွင်းမှာ ကုလသမဂ္ဂဌာနချုပ်မှာContinue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၂)”
ICJ , ICC နဲ့ အာဂျင်တီးနား (၁)
နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲတယ်ဆိုတဲ့သတင်းကြားထဲက အဲဒီ အကြောင်းဆောင်းပါးရေးဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် ဆဲဗင်းဒေးရုပ်သံအစီအစဉ်မှာ အဲဒီ ကိစ္စ ပါဝင်ဆွေး နွေးမယ်လို့ ကတိပေးထားတဲ့အတွက် ရုပ်သံအစီအစဉ်ပြီးမှ ICJ ကိစ္စကို ဆောင်းပါး ရေးမယ်လို့ ဆုံဖြတ်ခဲ့တယ်။ ဒီနေ့ညနေမှာတော့ ဆဲဗင်းဒေးရုပ်သံအစီအစဉ် ထုတ်လွှင့်ပြီးသွား ပြီ ဖြစ်တဲ့အတွက် ဆောင်းပါးကို မ ျှဝေလိုက်ပါတယ်။ နိုင်ငံတကာ တရားရုံး ( International Court of Justice , ICJ) နိုင်ငံတကာတရားရုံး ICJ ဆိုတာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး ၁၉ ၄၅ ခုနှစ် ဇွန်လ မှ စတင်ဖွဲ့စည်းတယ်။ ၁၉ ၄၆ ခုနှစ် ဇွန်လမှာ လုပ်ငန်းစတင်တယ်။ ဒီတရားရုံးမှာContinue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၁)”
အင်န်အယ်လ်ဒီပါတီ ရဲ့ ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို AA အဖွဲ့က ဖမ်းဆီးသွားတာနဲ့ပတ်သက်တဲ့ အင်န်အယ်လ်ဒီပါတီရဲ့ ထုတ်ပြန်ချက်အပေါ် SNDP ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ( ၂၀၁၁-၂၀၁၆) ဦးရဲထွန်းက ၁။ အရင်ဖြစ်စဉ်တွေမှာ ကြေညာချက်မထုတ်ခဲ့ဘူး။ ကိုယ့်လူရင်းထိလာမှ ပြောတဲ့သဘော ဖြစ် တယ်။ မှန်ကန်တဲ့ သဘောထားမဟုတ်ဘူး။ ၂။ သမ္မတ ဦးသိန်းစိန်လက်ထက် လိုင်ဇာမှာရှိတဲ့ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးမှန်တော့ချက်ခြင်းကြေညာချက်ထုတ်တယ်။ ( အဲဒီသေဆုံးသူတွေထဲမှာ AA သင် တန်းသားတွေပါတယ်။ ) အဲဒီဘက်က ရပ်တည်တဲ့သဘောထားကို ပြခဲ့တယ်။ ဒါဟာ မလုပ် သင့် တဲ့ကိစ္စပဲ လို့ ပြောတဲ့အကြောင်း ဧရာဝတီသတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ပုံ ၁ နဲ့ ၂ ကျွန်တော်တို့ကContinue reading
တိုးတိုးလေး ပြောလိုက်တယ်
AA အဖွဲ့က ချင်းတိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းထားတယ်ဆိုတဲ့အကြောင်း တရားဝင်ထုတ်ပြောထားတယ်။ ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေကလည်း အာဏာရပါတီဖြစ်တဲ့ အင်န်အယ်လ်ဒီ ပါတီကို အကူအညီတောင်းတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ AA အဖွဲ့ကို တောင်းဆိုတယ်။ ပုံ ၁ ၊၂ နဲ့ ၃ ဒါပေမယ့် ၁၉ ၈၈ ခုနှစ်ကနေ ဒီနေ့အထိ တပ်မတော်လို အဖွဲ့အစည်းကိုတောင် လွှတ်တော်ထဲမှာ၊ မီဒီယာတွေပေါ်မှာ ၊ သတင်းထုတ်ပြန်ချက်တွေမှာ အမည် ဖော်ပြပြီး ဝေဖန်ထောက်ပြရဲတဲ့ အာဏာရပါတီဟာ ချင်းတိုင်းရင်း သား ကိုယ်စားလှယ်ဖမ်းဆီးထားမှုနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ AA အဖွဲ့ အမည်ကိုတောင် ရည်ညွှန်းရေးသားထားတာမတွေ့ရဘူး။ ပုံ ၄ မဝံ့မရဲ နဲ့ တိုးတိုးလေးပြောလိုက်တဲ့ ဒီကြေညာချက်ဟာ AA အဖွဲ့ရဲ့ အမျက်တော်ရှခြင်းကနေContinue reading “တိုးတိုးလေး ပြောလိုက်တယ်”