အိုင်စီဂျေ အလွန်

မနေ့ ( ၂၀၂၀ ဇန်နဝါရီ ၂၃ ) ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီမံ ဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ လေ ျှာက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ာ တရားရုံး ( ICJ) က ဆုံးဖြတ်ချက်ချခဲ့တယ်။တရားရုံးဆုံးဖြတ်ချက် ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ပေးဖို့ လေ ျှာက်ထားတဲ့အခါမှာ မြန်မာ နိုင်ငံဘက်က လိုက်နာဆောင်ရွက်ပေးဖို့ အစီအစဉ်ခြောက်ခု ကို တောင်းဆိုခဲ့တယ်။ အဲဒီအထဲမှာ အမှတ်စဉ် ၁ နဲ့ ၂ က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလ ို့ ယူဆနိုင်တဲ့ အပြုအမှုတွေ မလုပ်ဖို့ ဆိုတဲ့အချက်နဲ့ဆိုင်တယ်။ အမှတ်စဉ် ၃ သက်သေခံအထောက်အထားတွေ ဖျက်ဆီးခြင်းမပြုဖို့ နဲ့ဆိုင်တယ်။ အမှတ်စဉ် ၄ က နှစ်နိုင်ငံလုံးက အခြေအနေပိုဆိုးသွားစေမယ့်ကိစ္စတွေမလုပ်ဖို့Continue reading “အိုင်စီဂျေ အလွန်”

၂၀၂၀ မြန်မာ နဲ့ ကမ္ဘာ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာအပါအဝင် လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေမှုအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၃၄ မဲ၊ ကန့်ကွက်မဲ ၉ မဲ ၊ မဲမပေး တဲ့ နိုင်ငံ ၂၈ နိုင်ငံ နဲ့ အတည်ပြုခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေအပေါ် အများကြီးရိုက်ခတ်နိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ပြည်တွင်းနိုင်ငံရေးအကဲခတ်တွေနဲ့ မီဒီယာ အများစုကတော့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိတဲ့ အတွက် အရေးမကြီးတဲ့ သဘော ပြောကြတယ်။ အဲဒီလိုပြောတဲ့အထဲမှာ အာဏာရ အင်န်အယ်လ်ဒီအစိုးရ နဲ့ ပါတီအသိုင်းအဝန်းက လူတွေပါ ပါနေ တာကတော့ အတော်အံ့သြဖို့ကောင်းတယ်။ ၁၉Continue reading “၂၀၂၀ မြန်မာ နဲ့ ကမ္ဘာ”