အောင်နိုင်ခြင်း

“ ဗိုလ်စွဲဖို့က အရေးကြီးဆုံးပဲ။ ဒုတိယနေရာက ပန်းဝင်တဲ့သူကို သူ့ဇနီး နဲ့ သူ့ခွေး ကလွဲလို့ ဘယ်သူကမှ အမှတ်တရရှိနေမှာမဟုတ်ဘူး ” အင်္ဂလိပ် ပြိုင်ကားမောင်းသမား Damon Hill ၁၉ ၉ ၄ ခုနှစ်က ပြောခဲ့သောစကားဖြစ်သည်။ သူ့စကားက ၊ တစ်စက္ကန့် ရဲ့ ဆယ်ပုံတစ်ပုံက အရှုံး အနိုင်ကို ဆုံးဖြတ်ပေးသော ကားပြိုင်ပွဲများရဲ့ သဘာဝကိုသာမက ပြိုင်ဆိုင်မှုတွေပြင်းထန်လှသော ၂၀ ရာစု လူမှုအသိုင်းအဝန်းရဲ့ အခြေအနေ ကို ပါထင်ဟပ်စေသည့်အတွက် ဆန်းဒေးတိုင်းမ် သတင်းစာက တစ်နှစ်အတွက် မှတ်မှတ် သား သား စကားများကဏ္ဍတွင် ထည့်သွင်းဖော်ပြခဲ့သည်။ တကယ်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အားလုံးမှာ ပြိုင်ဆိုင်မှုပြင်းထန် လှသော ခေတ်ကြီးမှာ ကျွန်တော်တို့Continue reading “အောင်နိုင်ခြင်း”

အားနဲ့ မာန်နဲ့ ပိုက်ကျော်ခြင်း

နာမည်ကျော်တွေ ချိန်းပွဲဆိုတော့ Live လွှင့်တဲ့သူနဲ့၊ ကွင်းပတ်လည် အားပေးသူအပြည့်နဲ့။ အားကစားလှုပ်ရှားမှုတွေကို ဓာတ်ပုံရိုက်တာ ပထမဆုံးအတွေ့အကြုံဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အားကစားသမားတွေရဲ့ အားမန်နဲ့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကိုတော့ ခံစားနိုင်မယ် လို့ မေ ျှာ်လင့်ပါတယ်။