ဒီနေ့ နေ့လယ် ၁၂ နာရီ လမ်းမတော်မြို့နယ် ၁၀ လမ်းထိပ် နားမှာ တစ်ပိဿာ ၄၇၅၀ ကျပ် ဈေးနဲ့ စားအုန်းဆီရောင်းချပေး နေတဲ့ မြင်ကွင်း၊ အမှန်တကယ်စားသုံးသူလည်းပါတယ်၊ ရှစ်ထောင်နဲ့ ပြန်ကောက်တဲ့သူရှိတယ်ဆိုပြီး တန်းစီသူ လည်း ပါတယ်။ အခုလိုရောင်းချပေးတာကတော့ ရေတို ကုစားနည်းပဲ ဖြစ်မှာပါ။ ကြိုက်တဲ့ အချိန် ၊ ကြိုက်တဲ့နေရာမှာ အများလက်လှမ်းမီတဲ့ ဈေး နှုန်း နဲ့ ဝယ်နိုင်မှ အမှန်တကယ် ကုန်ဈေးနှူန်း ကျပြီလို့ ပြောနိုင်မှာပါ။ တစ်ချိန်က အစစအရာရာ ရှားပါးတဲ့အတွက် သိမ်ကြီးဈေးအောက်က အစိုးရကုန်တိုက်တွေ၊ သမဝါယမ ဆိုင်တွေမှာ တစ်ခုခု ရောင်းပေးပြီးဆိုတာနဲ့ အပြေးအလွှား တန်းစီကြ၊ အမြတ်တင် ရောင်းကြ ဆိုတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ပြီး “တန်းစီတိုးစား” ဆိုတဲ့စကားလုံးကလည်း ခေတ်စားခဲ့ တယ်။ အဲဒီကာလကContinue reading “တန်းစီသူများ”
Tag Archives: Yangon
ရန်ကုန်မြို့ထဲ သွားလာရင်း အမှတ်မထင်တွေ့လို့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးပါ။ ရယ်စရာ ပြုံးစရာ လို့ ဆိုနိုင်ပေမဲ့ သေသေချာချာ တွေးကြည့်ရင် အရာရာတိုင်းကို ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင် နည်းလမ်းရှာ ဖြေရှင်းနေရတဲ့ လူထုရဲ့ ဘဝကို မြင်နိုင်ပါတယ်။ ဘယ်အစိုးရမှ လူထုရဲ့ ပြဿနာအားလုံးကို မဖြေရှင်းပေးနိုင်ပါဘူး။ ဒါပေမဲ့ လူထု ခံစားနေရ တာ တွေကို စာနာ နားလည်မှု၊ လူထုအသံနားထောင်မှု၊ လူထုအတွက် ဘယ်အရာ တွေ အရေးကြီးဆုံး လဲ ဆိုတာ စဥ်းစားဆုံးဖြတ် ရွေးချယ်ပေးနိုင်မှုတွေမှာတော့ ကွာခြားကြပါတယ်။
ဒယ်နီလေး
ကားထဲကို ဝင်ထိုင်လိုက်တာနဲ့ ကားဆရာက နောက်ကြည့်မှန်ကနေ လှမ်းကြည့်ရင်း “ဦးရဲထွဋ် ပါလား” လို့ လှမ်းပြောတယ်။ ဟုတ်ပါ့ဗျာ လို့ ပြန်ဖြေရင်း စကားပြောဖော်ကောင်းတော့ ရပြီပေါ့လို့ တွေးလိုက်တယ်။ ကားဆရာက လူကိုယ် ခပ်ဖိုင့်ဖိုင့်၊ မျက်မှန်နဲ့၊ ဘိုကေ ကို သပ်သပ်ရပ်ရပ်ညှပ်ထားတယ်။ ကားက Grab ကားဆိုတော့ အတွင်းပိုင်းလည်း သန့်ရှင်း၊ လေအေး ပေးစက်လည်း ဖွင့်ထားတာပေါ့။ အခုလို ဝေးဝေးစီးရတဲ့နေရာကို သွားရင် Grab တို့၊ ကီလို တက္ကစီ တို့က ဈေးဆစ်ဖို့လည်းမလို၊ လေအေးပေးစက်လည်း ဖွင့်ပေးတဲ့အတွက် အတော်အဆင်ပြေ တယ်။ မြို့တွင်း ခရီးနီးရင်တော့ လက်တား စီးတာက ပိုအဆင်ပြေတယ်။ ဈေးပိုသက်သာတယ်။ ကားဆရာက ရန်ကုန်သားမဟုတ်ဘူး။ ရန်ကုန်- ပြည်ကားလမ်းပေါ် မြို့လေးတစ်မြို့က နေContinue reading “ဒယ်နီလေး”
ပန်းဆိုးတန်း ပင်စင် ( မြို့ပြ၊ သက်ပြည့်) ထုတ်၊ ဆင်ခေါင်းပဲ နဲ့ စမူဆာသုပ်စား၊ စာအုပ်အဟောင်းတန်း မွှေ နှောက် ဝယ်ယူ၊ Book Tree ဆိုင်မှာ ခဏနား၊ ဆိုင်ကတိုက်တဲ့ လက်ဖက်ရည်သောက်၊ စာအုပ်အသစ် ဝယ်။ စာအုပ် နဲ့ ဥစ္စာက ကက်ကင်း ကျ တဲ့ အတွက် စာအုပ် များများ ဝယ်ရင် အိပ်ကပ်ပိန်သွားကြောင်း ရှာဖွေတွေ့ရှိ။
ပန်းခြံ နဲ့ ကင်မရာ
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အရုဏ်တက်ချိန် ရွှေတိဂုံစေတီတော်မြင်ကွင်းကို ဓာတ်ပုံ ရိုက် ကူးပူဇော်နိုင်ဖို့ ပြည်သူ့ရင်ပြင်ကို သွားခဲ့တယ်။ ပြည်သူ့ရင်ပြင်ဘက်ကနေ ရိုက်ပြီးတဲ့အခါ နောက် ထပ်ရှုထောင့်တစ်ခုက ရိုက်ချင်တဲ့အတွက် ဦးဥတ္တမ ပန်းခြံ ( ကန်တော်မင်/ ကန်တော်မင်္ဂလာ ပန်းခြံ ) ကို သွားတယ်။ အဓိကကတော့ ပန်းခြံရေကန်ကနေ ဘုရားကို မြင်ရတဲ့ ရှုခင်းကို ဓာတ်ပုံ ရိုက်ချင်တာပါ။ ပန်းခြံထဲရောက်ပြီး ဓာတ်ပုံရိုက်ဖို့နေရာရွေးတဲ့အခါ ရေကန်စပ်မှာ “ ဤပန်းခြံအတွင်း၌ ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ကူးမည်ဆိုပါက ဌာနဆိုင်ရာ ခွင့်ပြုချက်ယူပြီးမှသာလ ျှင် ရိုက်ကူးခွင့်ပြုပါသည်။ ” ဆို တဲ့ ဆိုင်းဘုတ်နဲ့ တည့်တည့်တိုးတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်တယ်ဆိုတာ စီးပွားရေးအရ မင်္ဂလာContinue reading “ပန်းခြံ နဲ့ ကင်မရာ”
တွံတေး အတွေး
မန္တလေးက ပြန်လာပြီးတော့ ခရီးထွက်ချင်တဲ့ အရှိန်က မကုန်သေးဘူး။ ဒါနဲ့ ပြီးခဲ့တဲ့ နိုဝင် ဘာလ တစ်ခုသော တနင်္ဂနွေမှာ တွံတေးမြို့ကို ခရီးဆက်ခဲ့တယ်။ ပထမတော့ ကားနဲ့ သွားဖို့ပါ။ ဒါပေမဲ့ Yangon Water Bus က စနေ ၊ တနင်္ဂနွေ ခရီးစဉ် ပြန်ပြေးဆွဲနေပြီိလို့ သိရတဲ့အတွက် စုံစမ်း ခဲ့ တယ်။ ပရိုမိုးရှင်းရှိတယ်၊ လူတစ်ယောက် တစ်သောင်းရှစ်ထောင် ဆိုတဲ့ အတွက် Yangon Water Bus ကို ဖုန်းဆက်ပြီး စာရင်းပေးတယ်။ တနင်္ဂနွေ နေ့ မနက် ရှစ်နာရီခွဲထွက်မယ်ဆိုတော့ လမ်းသစ်ဆိပ်ခံတံတားနေရာကို ရှစ်နာရီ အရောက် သွားတယ်။ လက်မှတ်အရောင်းဌာနက ဆိပ်ခံတံတားထိပ်မှာပဲရှိတယ်။ YWB သင်္ဘောက နှစ်ထပ် ၊Continue reading “တွံတေး အတွေး”
ထီးထမ်း လမ်းလေ ျှာက် ပန်းဆိုးတန်း
အောက်တိုဘာ ၃ ရက်၊ တနလာၤနေ့မနက်ခင်း ။ “ဟေ့ ဒီနေ့ ပင်စင်သွားထုတ်မယ်” ဆိုပြီး အိမ်မှာ ကြေညာလိုက်တယ်။ အိမ်ကလူတွေက တော့ ဒါဟာ ဘဏ်ကို အကြောင်းပြပြီး မြို့ထဲမှာ ကိုးကုန်း ကိုးကျင်း သွားတော့မယ်ဆိုတာ သဘော ပေါက်ပြီး သားဆိုတော့ ထူးထူးထွေထွေ မပြောတော့ဘူး။ နေ့လယ်စာ အိမ်မှာ စားမှာလား လို့ ပဲ မေးတယ်။ ကျွန်တော်ကတော့ အဆင်ပြေသလိုပဲ ၊ ထမင်းစားစောင့်မနေနဲ့လို့မှာခဲ့တယ်။ မြို့ထဲသွားမယ်ဆိုမှ မိုးတဖြောက်ဖြောက်ရွာနေလို့ ခဏ စောင့်ပြီး ကိုးနာရီခွဲလောက်မှ အိမ်က ထွက်တယ်။ လိုရမယ်ရ ခေါက်ထီးလေးယူလာတယ်။ ပန်းဆိုးတန်းဟာ အင်မတန် ကားရပ်ရ ခက်တဲ့ နေရာဆိုတော့ တက္ကစီ နဲ့ ပဲ သွား တယ်။ ပင်စင်Continue reading “ထီးထမ်း လမ်းလေ ျှာက် ပန်းဆိုးတန်း”
ပလောင် မဟာမြတ်မုနိဘုရားကြီး
ပလောင် မဟာမြတ်မုနိ ဘုရားကြီး မရည်ရွယ်ဘဲ နဲ့ ဖူးခဲ့ရတဲ့ ဘုရားဖြစ်ပါတယ်။ ငါးထပ်ကြီး ဆွေတော် မျိုးတော် သင်္ချိုင်း ကို သွားတော့ ကားရပ်တဲ့နေရာဘေးမှာ “ပလောင် မဟာမြတ် မုနိ ဘုရားကြီး ” ဆိုတဲ့ မုခ်ဦးကို တွေ့ရတယ်။ ဒါ့ကြောင့် ငါးထပ်ကြီး ကုန်းတော်ပေါ်က ပြန်ဆင်း လာတော့ ပလောင် မဟာမြတ်မုနိဘုရားကုန်းတော်ပေါ်တက်ခဲ့တယ်။ ပလောင်မဟာမြတ်မုနိဘုရားကြီးက ဒေါပုံ ရွှေနံသာစာသင်တိုက်ထဲမှာရှိပါတယ်။ စောင်းတန်း အတိုင်းတက်သွားရင် ဓမ္မာရုံပုံစံ အဆောက်အဦတစ်ခုနဲ့ နှစ်ထပ်ကျောင်းတိုက်တစ်ခု တွေ့ မယ်။ အဲဒါက ရွှေနံသာ အလယ်ကျောင်းတိုက်လို့ပြောတယ်။ ပလောင်မဟာမြတ်မုနိဘုရားကြီး ရဲ့ ဂန္ဓကုဋိတိုက်က ဓမ္မာရုံပုံစံ အဆောက်အဦရဲ့ နောက်မှာ ရှိတယ်။ တံခါးပိတ်ထားတယ်။ ကျောင်းတိုက်ကို သွားမေးတောာ့ ဦးဇင်းတစ်ပါး သော့လိုက်ဖွင့်ပေးတယ်။ ဦးဇင်းကContinue reading “ပလောင် မဟာမြတ်မုနိဘုရားကြီး”
တုံးမောင်းသံ
ဝဲပျံစာသင်တိုက် ဝင်းထဲကို ရောက်ရင် ထူးထူးခြားခြား မြင်ရတာက ကုန်းထိပ်က သာသနာ့ ဝေပုလ္လကျောင်း နဲ့ ရတနာသိင်္ဃကျောင်း ကြားမှာရှိတဲ့ တုံးမောင်းကြီးပဲ။ ပေါ်တော်မူ ဘုရား တန် ဆောင်းနဲ့ မျက်စောင်းထိုးမှာရှိတယ်။ မြန်မာအဘိဓာန်မှာတော့ တုံးမောင်း၊ အုန်းမောင်း၊ ကလတက် လို့ သုံးမျိုး ဖော်ပြထားတယ်။ တုံးမောင်း ဆိုတာ တစ်ချိန်ကတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေမှာ မရှိမဖြစ် ပစ္စည်း ပေါ့။ နာရီ ဆိုတာ ရှားပါးပစ္စည်းဖြစ်တဲ့အချိန်က ကျေးလက်ဒေသတွေမှာ တုံးမောင်းခေါက်သံ နဲ့ပဲ အလုပ် လုပ်ရတာကိုး။ ၁၉ ၈၀၊ ၁၉ ၉ ၀ ကာလ ကျွန်တော်တို့ ကျေးလက်ဒေသတွေမှာ တာဝန်ကျတဲ့အချိန်မှာလည်း တုံးမောင်းခေါက်သံ နဲ့ပဲ အိပ်ယာထခဲ့ရတာပါ။ ဒါပေမယ့် ရန်ကုန်မြို့တော်ကြီးမှာ တုံးမောင်းသံကြားရမယ်လို့Continue reading “တုံးမောင်းသံ”
ပေါ်တော်မူ ဘုရား ( ငါးထပ်ကြီး)
ငါးထပ်ကြီး ဆွေတော်မျိုးတော် သင်္ချိုင်းတော်ကို လေ့လာပြီး ရတနာဦးသွင် စောင်းတန်း အတိုင်း ဆက်တက်လာတော့ ငါးထပ်ကြီး ကုန်းတော်ပေါ်က ဝဲပျံစာသင်တိုက်ဝင်းကို ရောက်တယ်။ ဝဲပျံ စာသင်တိုက်ထဲမှာ ဆုတောင်းပြည့် ပေါ်တော်မူဘုရားရှိတယ်။ ပထမတစ်ခါ ငါးထပ်ကြီးဘုရားဖူးပြီး ဆွေတော်မျိုးတော် သင်္ချိုင်းတော်ကို သွားဖို့အတွက် လမ်းမေး တဲ့အခါ ဘုရားတာဝန်ကျဝန်ထမ်းတစ်ယောက်က လမ်းညွှန်ရင်းနဲ့ လမ်းမှာ ပေါ်တော်မူဘုရား ဆိုတာတွေ့လိမ့်မယ်၊ အဲဒါလည်း ဝင်ဖူးသွားပါဆိုပြီး တိုက်တွန်းခဲ့တယ်။ ဒီတစ်ခေါက် ဆွေတော်မျိုးတော် သင်္ချိုင်းတော်ရောက်တော့လည်း အဲဒီမှာ နေထိုင်သူ တစ်ယောက် က ပြာသာဒ်ကျောင်းကို လမ်းညွှန်ရင်း စောင်းတန်းအတိုင်းဆက်တက်သွားရင် ပေါ်တော်မူ ဘုရား ကိုတွေ့လိမ့်မယ်၊ ဖူးဖြစ်အောင် ဖူး ပါဆိုပြီး တိုက်တွန်းတယ်။ ဒါ့ကြောင့် ပြာသာဒ်ကျောင်းက အပြန် ပေါ်တော်မူဘုရားကို ဝင်ဖူးပါတယ်။ ပေါ်တော်မူ ဘုရားကContinue reading “ပေါ်တော်မူ ဘုရား ( ငါးထပ်ကြီး)”