၀တၳဳတိုုဆရာ

ဆရာ ဖေမြင့် ဟာ ကျွန်တော် လေးစားရတဲ့ စာရေးဆရာပါ။ လူအများ စုက သူ့ကို ဘာသာပြန် ဆရာ၊ တက်ကျမ်းဆရာလို့ ပဲသိပြီး တကယ်တော်တဲ့ ဝတ္ထုတိုဆရာ ဆိုတာကို မေ့နေကြ တယ်။ ကျွန်တော် ပြန်ကြားရေး ဒုဝန်ကြီး၊ ဝန်ကြီးတာဝန်ယူရတော့ စာနယ်ဇင်း လွတ်လပ် ခွင့်၊ သတင်းမီဒီယာကောင်စီ ဥပဒေ၊ ပုံနှိပ် ဥပဒေ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေ တွေနဲ့ပတ်သက်ပြီး ဆရာဖေမြင့် နဲ့ အစည်းအဝေးခန်းထဲမှာ ၊ မီဒီယာ တွေပေါ်မှာ အကြိမ် ပေါင်းများစွာ အပြန်အလှန် ဝေဖန်၊ ငြင်းခုန် ခဲ့ကြရတယ်။ ဒါပေမယ့် တစ်ခြားအချိန်မှာတွေ့ရင်တော့ စာပေနဲ့ပတ်သက်ပြီးရင်းရင်းနှီးနှီးပြောဖြစ်တယ်။ ပုဂ္ဂိုလ် ရေး ခင်မင်ရင်းနှီးမှုရှိသလို အပြန်အလှန်လေးစားမှုလည်း ရှိတယ်။ သူ ပြန်ကြားရေးဝန်ကြီးဖြစ်သွားတော့Continue reading “၀တၳဳတိုုဆရာ”

နီးနီး ဝေးဝေး ပညာရေး

မြင်းဒိုက်ကနေ ဆင်တောင်ကို ရထားသံလမ်းအတိုင်း သွားတော့ လမ်းမှာ ကျောင်းသူလေး တစ်ယောက်နဲ့တွေ့တယ်။ ဆယ်တန်းကျောင်းသူလေး။ ဆက်သွားတော့ နောက်ထပ် ကျောင်းသားသုံးယောက်၊ ကျောင်းသူတစ်ယောက်တွေ့တယ်။ ပထမတွေ့တဲ့ကျောင်းသူလေးနဲ့ တစ်ရွာတည်းပဲ။ ဆယ်တန်းနှစ် ယောက်ပါတယ်။ ကျန်တာက ရှစ် တန်း၊ ကိုးတန်းတွေ။ သူတို့ရွာကနေ မြင်းဒိုက် အထက်တန်း ကျောင်းကို နေ့စဉ်လမ်းလေ ျှာက်ပြီးလာရတယ်။ အသွားတစ်နာရီ၊ အပြန်တစ်နာရီ ကြာတယ်။ သူတို့ရွာမှာ အဲဒီလို ကျောင်းတက်နေတာ ရှစ်ယောက်ရှိတယ်တဲ့။ နီးနီးလေးရှိတဲ့ကျောင်းကို တက်သင့် မတက်သင့် အငြင်းပွားနေချိန်မှာ ၊ သူတို့လေးတွေကတော့ ဘယ်လောက်ဝေးဝေး ရောက်အောင်သွားပြီး ပညာဆည်းပူးနေဆဲပဲ။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှု တွေနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ရေးခဲ့ဖူးတယ်- xxx လူထု က အရှုံးကို လက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ လို့ မြင်သွားနိုင်တယ်။ အဲဒါဆိုရင် မဲ ရှုံး သလို နိုင်ငံရေးသိက္ခာလည်း ရှုံးလိမ့်မယ်။ဂုဏ်သိက္ခာရှိစွာ အောင်ပွဲခံတာ ရော၊ အရှုံးကို တည်တည်ငြိမ်ငြိမ်လက်ခံတာရောဟာ နိုင်ငံရေး ပါတီတစ်ခုရဲ့ ရင့်ကျက်မှုကို မှတ်ကျောက်တင်တာဖြစ်တဲ့အတွက် တုန့်ပြန်မှုတိုင်းက အချိန်အဆ မှန်ကန်ဖို့လိုပါတယ်။xxx ( ပုံ ၁ ) xxx ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုဝန်ကြီးတာဝန်က အနားယူပြီးချိန်က စလို့ ရဲထွဋ် ဟာ ရဲထွဋ်Continue reading

ဧပြီလ ၈ ရက်နေ့စင်္ကာပူအခြေစိုက် CNA သတင်းဌာနရဲ့ တပ်မတော်နှင့် မြန်မာ့နိုင်ငံရေးအစီအစဉ်မှာ ကျွန်တော့်အမြင်သဘောထားကို ပါဝင်ဆွေးနွေးခဲ့ပါတယ်။

သော့တူ

လွန်ခဲ့တဲ့ ငါးနှစ် ၂၀၁၆ ဇူလိုင်လမှာခေတ် ဘယ်လိုပြောင်းပြောင်း အာဏာနဲ့လုပ်ပိုင်ခွင့်ရှိသူတွေ အနားကို ရအောင်၊ ရောက်အောင် ဝင်နိုင်သူတွေအကြောင်း “ သော့တူ” ဓာတ်ပုံအက်ဆေးလေးနဲ့ သွယ်ဝိုက် သတိပေးခဲ့ဖူးတယ်။ စိုးရိမ်တဲ့အတိုင်း တံခါး မရှိ၊ ဓါးမရှိ Master Key တစ်ချောင်းနဲ့ ဝင်ထွက်နေတာမြင်ရတော့ ၂၀၁၈ နိုဝင်ဘာလ မှာ “ သံချပ်ကာ ” ဆိုတဲ့ အက်ဆေးတစ်ပုဒ်ရေးပြီး အဆုံးသတ်မှာ “ ဘယ်လောက် ထူထဲ တဲ့ သံချပ်ကာ ချပ်ဝတ်တန်ဆာ ဖြစ်ပါစေ အားနည်းတဲ့ ဆက်ကြောင်း တစ်ခုတော့ ရှိသည်သာ” လို့ အလိုလိုက် အကြိုက်ဆောင်ပြီး ကျုံးသွင်းတတ်သူတွေ အကြောင်း သတိ ပေးခဲ့တယ်။ အခုတော့ ဘာပြောရမှန်း မသိတော့ပါဘူး။

အရှက်တကွဲ အကျိုးနည်း

မြန်မာနိုင်ငံ ဗြိတိသ ျှ ကိုလိုနီဘဝရောက်ရတဲ့ နောက်ခံအကြောင်းအရာတွေအကြောင်းရေးထား တဲ့ ဘာသာပြန် စာအုပ်တစ်အုပ်ကို ကြိုတင်ဖတ်ရှုလေ့လာခွင့်ရခဲ့တယ်။ စာအုပ်အမည်က “ အရှက်တကွဲ အကျိုးနည်း” ဖြစ်ပါတယ်။ ဘာသာပြန်သူက “ သက်ဆွေ” ( ဗိုလ်ချုပ်ကြီးသူရသက်ဆွေ ၊ ကာကွယ်ရေးဦးစီးချုပ်ရေ (ငြိမ်း) ) ဖြစ်ပါတယ်။ မူရင်း စာအုပ်က “ “British Humiliation of Burma” by “ Terence R. BlackBurn” ပါ။ ဒီစာအုပ်ကို Myanmar Heritage စာအုပ်တိုက်ပဲ ဖေဖော်ဝါရီ လဆန်းမှာ ဖြန့်ချိ မယ်လို့သိရတယ်။ မူရင်းစာရေးသူက ဗြိတိသ ျှ တပ်မတော်အရာရှိတစ်ယောက်ပါ။ မြန်မာပြည်မှာ တာဝန်ထမ်းဆောင် ဖူး သူတော့မဟုတ်ဘူး။ ဒီစာအုပ်ကို ရေးဖြစ်တဲ့အကြောင်းကလည်းContinue reading “အရှက်တကွဲ အကျိုးနည်း”

၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ

ကျွန်တော့်ရဲ့ “ ၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ” ဆောင်းပါးပေါင်းချုပ် စာအုပ် ကို Myanmar Heritage စာအုပ်တိုက်က ဖေဖော်ဝါရီ လဆန်းမှာ ထုတ်ေ၀ ဖြန့်ချိပါ့မယ်။ ဒီစာအုပ်က ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ နဲ့ ရွေးကောက်ပွဲ လွန်ကာလတွေ မှာ ရေးခဲ့တဲ့ဆောင်းပါးများ၊ ဖြေကြားခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်စုစည်းထားတာဖြစ် ပါတယ်။ ၂၀၁၆ အလွှဲအပြောင်း ဆောင်းပါးက ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အာဏာရပါတီ နဲ့ ရွေးကောက် ပွဲ အနိုင်ရ အတိုက်အခံပါတီကြား တာဝန်လွှဲပြောင်းမှုအတွက် ဆောင်ရွက်ခဲ့ပုံများ နဲ့ ကန့်လန့် ကာ နောက်ကွယ်က အဖြစ်အပျက်များအကြောင်းဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကအဲဒီ တာဝန်လွှဲပြောင်းမှု အခမ်းအနားကို နိုင်ငံရေးContinue reading “၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ”

နိုင်ငံရေး ကကြီး ခခွေး

ရုပ်သံသတင်း၊ သတင်းစာ နဲ့ ဂျာနယ်တွေမှာပါတဲ့ နိုင်ငံရေးသတင်းတွေကို တွေ့တိုင်း နိုင်ငံရေး ဝေါဟာရတွေအကြောင်းမေးလေ့ရှိတဲ့ ၈ တန်းကလေးတစ်ယောက်အတွက် နိုင်ငံရေးအဘိဓာန် စာအုပ်လိုက်ရှာတဲ့အခါ “ နိုင်ငံရေး ကကြီး ခခွေး” ( မင်းရွှေမောင် ၊ Myanmar Heritage စာအုပ်တိုက်၊ စက်တင်ဘာ ၂၀၂၀ ) ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဒီစာအုပ်က ဘာသာပြန်စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်က “Politics for Beginners” ဆိုတဲ့စာအုပ်ဖြစ် ပါတယ်။ စာမျက်နှာ ၁၂၈ မျက်နှာရှိတဲ့ ဒီစာအုပ်မှာ အစိုးရအမျိုးမျိုး၊ နိုင်ငံရေးစနစ်များ၊ ရွေးချယ်တင်မြှောက် ပွဲများနှင့် ဆန္ဒမဲပေးခြင်း၊ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးဝါဒစနစ်များ၊ အရေးပါသော မေးခွန်း များဆိုတဲ့ အခန်းခြောက်ခန်းပါပြီး ရုပ်ပုံများနဲ့ လိုတိုရှင်း ရေးသားထားတယ်။ မူရင်းစာအုပ်ရေးသားသူများက လစ်ဘရယ်ဒီမိုကရေစီContinue reading “နိုင်ငံရေး ကကြီး ခခွေး”

ရွေးကောက်ပွဲအပေါ် တပ်မတော်သဘောထား

တပ်မတော် က ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ တောင်းဆိုချက်ဟာ တပ်မတာ်သဘောထားမပါဝင်ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပြီးသားဖြစ်တယ်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲနေ့မှာ ပြည်သူ့ဆန္ဒနဲ့ အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာဖြစ်ပြီး ငြင်းပယ်လို့မရတဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ တာဖြစ်ပါတယ်။ သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာဖတ်နိုင်ပါတယ်

တပ်မတော်သတင်းထုတ်ပြန်ချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ULA/ AA အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်တဲ့ ကြေညာချက် အပေါ် တပ်မတော်ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသတင်းထုတ်ပြန်ချက်မှာ တပ်မတော်အနေနဲ့လည်း လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရေးကို အလေးထားတဲ့ အတွက် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။