Tag Archives: yehtutphoto
လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် (ရွှေဆံတော်စေတီ)
အာနန္ဒာဘုရား အနောက်ဘက် မုခ်ကနေ တောင်ဘက်ကို သွားတဲ့ မြေလမ်းအတိုင်းလိုက်သွားရင် ရွှေဆံတော်စေတီကို ရောက်တယ်။ အခုနောက်ပိုင်းကာလတွေမှာ ရွှေဆံတော်စေတီကို နေဝင် ဆည်းဆာရှုခင်း ကြည့်လို့ကောင်းတဲ့နေရာအဖြစ်ပဲလူသိများပါတယ်။ ( အခုတော့ ဘုရားပေါ် တက်ခွင့်ပိတ်လိုက်ပါပြီ။) တကယ်တော့ ရွှေဆံတော်စေတီက အနော်ရထားမင်းကောင်းမှုဖြစ်ပြီး မြင်နေကြ ဂူဘုရားတွေ နဲ့ မတူတဲ့ ရွှေဆံတော်စေတီပုံစံဟာ ပုဂံခေတ် နဲ့ ပုဂံခေတ် နောက်ပိုင်း စေတီ တွေတည်တဲ့အခါ စံနမူနာပုံ ဖြစ်လာခဲ့တယ်လို့ ဆရာကြီး ဦးဗိုကေရဲ့ ပုဂံသုတေသနလမ်းညွှန်စာအုပ်မှာ ဖော်ပြထား ပါတယ်။ ရွှေဆံတော်စေတီရဲ့ အနောက်ဘက်မှာ ရှိတဲ့ အုတ်တိုက်ရှည်ကြီးထဲမှာ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွား တော်ကြီးရှိတယ်။ ဒီရုပ်ပွားတော်ကြီးက ပေခြောက်ဆယ်ရှည်ပြီး ပုဂံဒေသမှာတွေ့ရတဲ့ လျောင်း တော်မူရုပ်ပွားတော်တွေထဲမှာ ရှေးအကျဆုံးနဲ့ အချိုးအစား အကျဆုံးလို့ ဆိုပါတယ်။ ရုပ်ပွားတော်ကြီးကို ဖူးမြော်တဲ့အခါContinue reading “လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် (ရွှေဆံတော်စေတီ)”
ဘဝကမ်းခြေ (၃)
မော်တင်စွန်း နဲ့ ဟိုင်းကြီးကျွန်းက ရုန်းကန်လှုပ်ရှား အမျိုးသမီးများ
ဘဝကမ်းခြေ
မော်တင်စွန်း ဘုရားကနေ အနောက်ဘက်ကမ်းခြေအတိုင်း သွားရင် ဇီးချိုင်ရွာရှိတယ်။ အရှေ့ဘက်ကို သွားရင် ကံချိုင်ရွာရှိတယ်။ အဲဒီရွာတွေကို သွားရင် ကမ်းခြေအလှအပကို မြင် ရသ လို ရေလုပ်ငန်းလုပ်နေတဲ့ ဒေသခံသူတွေရဲ့ ဘဝကိုလည်း မြင်ရပါတယ်။ အထူးသဖြင့် ကံချိုင်ရွာ ကနေ ကမ်းခြေဘက်ကို ဆင်းလိုက်ရင် ကျား (၁ ) ၊ ကျား (၂ ) ၊ ကျား (၃) လို့ခေါ်တဲ့ ငါးလှေ ဆိုက်တဲ့နေရာတွေမှာ ငါးဒိုင်တွေ ငါးဖမ်းလှေတွေအများကြီးတွေ့နိုင်ပါတယ်။ ငါးပိ၊ ငါးခြောက် ဝယ် မယ်ဆိုရင် ဘုရားပွဲဈေးမှာ ဝယ်တာထက် ကံချိုင်ရွာမှာ သွားဝယ်တာက ပိုကောင်းတယ်။ ဆိုင်ကယ်နဲ့ဆိုရင် မိနစ်နှစ်ဆယ်လောက်ပဲသွားရတယ်။
ဆည်းဆာ မော်တင်စွန်း
( လင်းခန့်ရဲ့ မေတ္တာကဗျာမှ )
အရုဏ်ဦး မော်တင်စွန်း
( ရန်လင်းအောင် ၏ မော်တင်စွန်း နေ့စွဲတစ်ချို့ ကဗျာ ကောက်နှုတ်ချက်)
ဆိုင်ကယ်စီးပြီး ခရီးနှင်
စက်ဘီးတစ်စီးနဲ့ အိမ်တိုင်ရာရောက် ပစ္စည်းပို့တဲ့ လူငယ်လေးတွေကို ကိုယ်ချင်းစာ မိတယ်။ ဒါတောင် ကိုယ်က ဆိုင်ကယ်နောက်ကထိုင်စီးရတာပါ။ ၂၆ ဖေဖော်ဝါရီ ၂၀၂၃
သံလွင်ဆည်းဆာ
ဘားအံရောက် ဧည့်သည့်အတော်များများက ဘားအံနေဝင်ဆည်းဆာကို ကြာအင်းတောင်ပေါ် က နေ ဓာတ်ပုံရိုက်တာများပါတယ်။ ဒါပေမယ့် သံလွင်မြစ်ကမ်း သောင်ပြင်ကနေ ရိုက်ရင်လည်း မတူ ကွဲပြားခြားနားတဲ့ နေဝင်ဆည်းဆာအလှကို မြင်ရပါတယ်။
“ခရီးနိုင်ငံရေး” ( နေဝင်းမြင့်၊ ဥဒယကျေးရွာစာပေ၊ ၂၀၁၃ နိုဝင်ဘာ)စာအုပ် မှာ ဆရာနေဝင်းမြင့် က ဆရာမြသန်းတင့်ရဲ့ ခရီးသွားခြင်း နဲ့ ပတ်သက်တဲ့ အယူအဆကို အခုလို ရေးပြခဲ့တယ်- “ နိုင်ငံရေးအစစ်ဟာ ခရီးတွေသွားမှ မြင်ရတယ်၊ ကြားရတယ်၊ ခရီးသွားရင်း တွေ့ရ ကြုံရသူတွေ ကို ကြည့်ရင် သူတို့မှာ ဘယ်လို ဖုံးကွယ်ထားမှုမှ မပါဘူး။ ဘယ်လို ပယောဂမှမပါဘူး။ သည်လို မပါတဲ့ အတွက် သူတို့ဆီက အမှန်တရားကို ရှင်းရှင်းလင်းလင်းရနိုင်တယ်။ xxx ခရီးတွေ သွား ရမယ်၊ ခရီးတွေသွားမှ ဖြစ်ပျက်နေတာကို သိမှာပေါ့။ ဒါနိုင်ငံရေးပဲ။” ဝန်ထမ်းဘဝနဲ့ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်စဉ်ကာလမှာ ဘယ်လောက်ပဲ အောက်ခြေ အထိ ဆင်းတယ်ပြောပြော၊ လွတ်လွတ်လပ်လပ်သွားတယ်ဆိုဆို လက်ရှိ ရာထူးContinue reading
စစ်ကိုင်း
ညနေဆည်းဆာက လှတယ် ဘဝတွေက ခါးတယ်။