ICJ , ICC နဲ့ အာဂျင်တီးနား (၂)

နိုင်ငံတကာရာဇဝတ်မှုတရားရုံး ( International Criminal Court -ICC)

နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ဆိုတာက ၁၉ ၉ ၀ ပြည့်လွန်နှစ်မျ ယူဂိုဆလပ်ဗီးယားနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ် ဖြတ်မှုတွေကို အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။ ယူဂိုဆလပ်ဗီးယားနိုင်ငံ နဲ့ ရဝမ်ဒါ နိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး သီးခြားနိုင်ငံတကာရာဇဝတ်မှုတရား ရုံးတွေဖွဲ့စည်းပြီးစစ်ဆေးခဲ့ရတယ်။ အဲဒီကနေ နိုင်ငံတကာရာဇဝတ်မှုတရားရုံးတစ်ခုကို အမြဲတမ်း ဖွဲ့စည်းထားရင်မကောင်းဘူးလားဆိုတဲ့အယူအဆပေါ်ပေါက်လာခဲ့တယ်။

ဒီလိုနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက တရားရုံးဖွဲ့စည်းနိုင်ဖို့နဲ့ပတ်သက် တဲ့ လေ့လာ ရေးကော်မတီတစ်ခုကို ၁၉ ၉ ၅ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တယ်။ အဲဒီကော်မတီ အစီရင် ခံစာကို အခြေခံပြီး ၁၉ ၉ ၆-၁၉ ၉ ၈ အတွင်းမှာ ကုလသမဂ္ဂဌာနချုပ်မှာ အစည်းအဝေး ခြောက် ကြိမ်လုပ်ခဲ့တယ်။ ၁၉ ၉ ၈ ခုနှစ် ဇွန်လကျတော့ အီတလီနိုင်ငံ ရောမမြို့မှာ သဘောတူညီချက် မူကြမ်းကို အတည်ပြုနိုင်ဖို့ နောက်ဆုံးအစည်းအဝေးလုပ်တယ်။ ဒ့ါကြောင့် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးနဲ့ပတ်သက်တဲ့ သဘောတူညီချက်ကို “ ရောမသဘောတူညီချက်” လို့ခေါ်တာဖြစ်ပါ တယ်။

၁၉ ၉ ၈ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ ရောမသဘောတူညီချက်ကို အထွေထွေညီလာခံမှာ မဲခွဲ ဆုံးဖြတ်တယ်။ နိုင်ငံ ၁၂၀ ကထောက်ခံတယ်။ ၂၁ နိုင်ငံက မဲမပေးဘူး။ ၇ နိုင်ငံက ကန့်ကွက် တယ်။ ကန့်ကွက်တဲ့ ခုနှစ်နိုင်ငံက အမေရိကန်၊ တရုတ်၊ အီရတ်၊ အစ္စရေး၊ လစ်ဗျား၊ ကာတာ နဲ့ ယီမင်နိုင်ငံတွေဖြစ်တယ်။

ရောမသဘောတူညီချက် အသက်ဝင်ဖို့အတွက် အနည်းဆုံးကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၆၀ က လက်မှတ်ထိုးအတည်ပြုဖို့လိုတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ အဲဒီအရေအတွက် ပြည့် သွားတဲ့အတွက် နိုင်ငံတကာရာဇဝတ်မှုတရားရုံးကို စတင်ဖွဲ့စည်းခဲ့တယ်။

၂၀၁၉ ခုနှစ် မေလအထိ ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ နိုင်ငံ ၁၂၂ ရှိတယ်။ ၃၁ နိုင်ငံက လက်မှတ်တော့ထိုးထားတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ ဥပဒေနဲ့ အညီ အတည်ပြုတာမရှိသေးဘူး။ ဒါ့ကြောင့် စာချုပ်ဝင်နိုင်ငံမဖြစ်သေးဘူး။ အဲဒီအထဲက ရုရှားနဲ့ အမေရိကန်လည်းပါတယ်။ လက်မှတ်မထိုးသေးတာ ၄၁ နိုင်ငံရှိတယ်။ အဲဒီထဲမှာ တရုတ် ၊ အိန္ဒိယနဲ့ မြန်မာတို့လည်း ပါတယ်။

ICC မှာ တရားသူကြီး ၁၈ ယောက်ရှိတယ်။ တရားသူကြီးတွေကို ရောမသဘောတူညီချက် အဖွဲ့ ဝင်နိုင်ငံတွေက ရွေးချယ်တယ်။ တရားသူကြီးအားလုံးဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံသားတွေဖြစ် ရမယ်။ ဒါပေမယ့် တစ်နိုင်ငံထဲက တရားသူကြီးနှစ်ယောက် ခန့်လို့မရဘူး။ တရားသူကြီးတွေ ရဲ့ သက်တမ်းက ကိုးနှစ်၊ နောက်တစ်ကြိမ်ပြန်အရွေးခံခွင့်မရှိဘူး။

ICC က ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များကို စစ်ဆေးအရေးယူတာဖြစ်ပါတယ်။ ဒါဟာ ICJ နဲ့ အဓိက ကွာခြားတဲ့အချက်ပါပဲ။ ICC မှာ စစ်ဆေးနိုင်တဲ့ အမှုအမျိုးအစားတွေက

၁။ လူမျိုးတုံးသတ်ဖြတ်မှု။ ဒါက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်းမှာပါတဲ့ ပြစ်မှုတွေ ဖြစ် ပါတယ်။
၂။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောပြစ်မှုများ crimes against humanity။ ရောမသဘော တူညီချက်မှာ ဒီပြစ်မှုမြောက်တဲ့ ရာဇဝတ်မှု ၁၅ မျိုးကို ဖော်ပြထားတယ်။
၃။ စစ်ရာဇဝတ်မှုများ၊ ဒါကတော့ နိုင်ငံတကာစစ်ပွဲတွေ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနဲ့ ပတ်သက်တဲ့ ဂျီနီဗာကွန်ဗင်းရှင်းတွေကို ဖောက်ဖျက်တဲ့ ပြစ်မှုတွေပါ။
၄။ ကျူးကျော်ရန်စမှုများ crime of aggression။ ဒီပြစ်မှုကတော့ ၂၀၁၀ ပြည့်နှစ်မှာ ထပ်မံ ဖြည့်စွက်ထားတာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံက အခြားအချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုကို လက်နက်အားကိုးနဲ့ ကျူးကျော်တိုက်ခိုက်တဲ့ ပြစ်မှုဖြစ်ပါတယ်။ အမေရိကန်အစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ၂၀၁၈ ဇူလိုင် ၁၇ ရက်နေ့စပြီး အသက်ဝင်တယ်။

ICC က စီရင်ပိုင်ခွင့်ရှိတဲ့အမှု နှစ်မျိုးရှိတယ်-

၁။ စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ၊ ဒါမှမဟုတ် စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့နယ်မြေထဲမှ ကျူးလွန်တဲ့ ပြစ်မှု။
၂။ လုံခြုံရေးကောင်စီက လွှဲပေးတဲ့ပြစ်မှု။

စာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ ဆူဒန်နိုင်ငံ ဒါဖိုးဒေသမှာဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးအရေးယူတာဟာ လုံခြုံရေးကောင်စီက တာဝန်ပေးတဲ့အတွက်ဖြစ်ပါတယ်။ စာချုပ် အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ဘူးသီးတောင်-မောင်တော ဒေသမှာဖြစ်ပွားခဲ့မှုတွေနဲ့ ပတ် သက်ပြီး စုံစစ်စစ်ဆေးမှုတွေလုပ်ဖို့ပြင်ဆင်နေတာကတော့ လုံခြုံရေးကောင်စီရဲ့ တာဝန်ပေးချက် အရမဟုတ်ဘူး။ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရ်ှမှာရောက်နေတဲ့ ဒုက္ခသည်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် တာဝန်ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ဆိုပြီး လုပ်ဆောင်နေတာ ဖြစ် ပါတယ်။

ပုဂ္ဂိုလ် ဒါမှမဟုတ် ပုဂ္ဂိုလ်များဟာ ICC နဲ့သက်ဆိုင်တဲ့ ပြစ်မှုတွေကိုကျူးလွန်တယ်လို့ သတင်း ရတဲ့အခါ

၁။ ICC ရဲ့ စုံစမ်းစစ်ဆေးရေးမှုတွေက ရရှိတဲ့အချက်အလက်တွေကို ပဏာမစိစစ်မှုလုပ်တယ်။
၂။ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့အတွက် ခိုင်လုံတယ်လို့ ယူဆရင် စုံစမ်းစစ်ဆေးမှုတွေ လုပ် တယ်။ သက်သေခံအထောက်အထားတွေ စုဆောင်းတယ်။ ICC ရဲ့စီရင်ပိုင်ခွင့်ရှိမရှိ စိစစ်တယ်။
၃။ အဲဒီအထောက်အထားတွေကို မူတည်ပြီး သံသယရှိသူကို တရားရှေ့မှောက်ကိုလာဖို့ ဆင့်ခေါ် တယ်။ မလာရင် ဖမ်းဝရမ်းထုတ်တယ်။
၄။ သံသယရှိသူ ရောက်လာရင် ဒါမှမဟုတ် ဖမ်းမိရင် စွဲချက်တင်သင့် ၊မတင်သင့် ပဏာမ ကြားနာမှုလုပ်တယ်။
၅။ စွဲချက်တင်သင့်တယ်လို့ ဆုံးဖြတ်ရင် တရားစွဲတယ်။ အပြစ်ရှိမရှိ ဆုံးဖြတ်တယ်။ ပြစ်ဒဏ် ချမှတ်တယ်။
၆။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ရင် အယူခံဝင်နိုင်တယ်။
၇။ အယူခံရှုံးရင် တရားရုံးရဲ့ ပြစ်ဒဏ်အတည်ဖြစ်တယ်။ တရားခံကို ဘယ်ထောင်မှာ အကျဉ်းကျခံ ရမယ်ဆိုတာဆုံးဖြတ်တယ်။

ICC မှာ အခုအချိန်ထိ စီရင်ပြီး နဲ့ စုံစမ်းစစ်ဆေးဆဲ အမှု ၂၇ မှုရှိခဲ့တယ်။ သံသယရှိသူ ၃၄ ဦးကို ဖမ်း ဝရမ်းထုတ်ခဲ့တယ်။ ၁၆ ဦးက မိမိဆန္ဒအလျောက်၊ ဒါမှမဟုတ် အဖမ်းခံရပြီး တရားရုံးရှေ့မှောက် ကိုရောက်ခဲ့တယ်။ ၁၅ ဦးကတော့ တိမ်းရှောင်နေဆဲဖြစ်တယ်။ သုံးဦးကတော့ ကွယ်လွန်သွား တဲ့ အတွက် ဝရမ်းကို ပြန်ရုပ်သိမ်းခဲ့တယ်။ စစ်ဆေးပြီးတဲ့ အမှုတွေထဲမှာ ၉ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး လေးဦးကို အပြစ်မရှိကြောင်းဆုံးဖြတ်ပြီးတရားသေပြန်လွှတ်ပေးခဲ့တယ်။

ICC မှာ ပဏာမ စိစစ်မှုတွေလုပ်နေတဲ့ နိုင်ငံ ကိုးနိင်ငံ ရှိတယ်။ စုံစမ်းစစ်ဆေးမှုလုပ်နေတဲ့ နိုင်ငံ က မြန်မာနိုင်ငံအပါအဝင် ၁၂ နိုင်ငံရှိတယ်။

ICC ရဲ့ ပြဿနာတစ်ခုက သံသယရှိသူတွေကို ဖမ်းဆီးရမိဖို့အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုလိုအပ်နေတာပဲ။ တိမ်းရှောင်နေတဲ့ဆိုတဲ့ ပုဂ္ဂိုလ်တိုင်းက ပုန်းအောင်းနေတာ မဟုတ်ပါဘူး။ ဥပမာ ဆူဒန်သမ္မတဟောင်း ဘာရှီးယား ဆိုရင် ၁၉ ၈၉ ဇွန် – ၂၀၁၉ ဧပြီ အထိ သမ္မတတာဝန်ကိုယူခဲ့တယ်။ သူ့ကို ၂၀၀၉ ခုထဲက ဖမ်းဝရမ်း ထုတ်ထားခဲ့ပေမယ့် သမ္မတ တာဝန်ကို ဆက်ထမ်းဆောင်နေခဲ့သလို သူ့ကို ဖမ်းဆီးမှုမလုပ်ဘူးလို့ ယုံကြည်တဲ့ နိုင်ငံ တွေဆီကို ခရီးသွားနေခဲ့တာပဲ။ အခုတော့ စစ်တပ်ကအာဏာသိမ်းပြီး သူ့ကို ထိန်းသိမ်း ထားတယ်။ တရားရုံးကို လွှဲ၊ မလွဲှ ဆိုတာတော့ မဆုံးဖြတ်သေးဘူး။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ကတော့ ICC စုံစမ်းစစ်ဆေးရေးမှူးတွေက ၂၀၁၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ တရားဝင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခွင့်တောင်းခံခဲ့တယ်။ အဲဒီတောင်းခံမှုကို တရား သူကြီး သုံးဦးပါ အဖွဲ့က စိစစ်ပြီး ၂၀၁၉ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ICC နဲ့သက်ဆိုင်တဲ့ ပြစ်မှု တွေကို ကျူးလွန်မှုရှိမရှိ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ရောမသဘောတူညီချက် အဖွဲ့ဝင်မဟုတ်တဲ့အတွက် အမှုတွဲအမည်ကို Bangladesh/ Myanmar လို့ သတ်မှတ်ထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: