ဖေဖော်ဝါရီ ၁၃ ရက်ပြည်ထောင်စုလွှတ် တော်အစည်အဝေးမှာ ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာအပေါ် ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်အစီရင်ခံ စာနှင့် စပ်လျဉ်းပြီး ဆွေးနွေးတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေက
၁။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အရာရှိများကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာ သင်တန်း (MPA) များပေးရာ တွင် လမ်းဘေးကျောင်းသာသာ ရှိသည့် တက္ကသိုလ်တွင် တက်စေ ပြီး မာစတာဘွဲ့များချီးမြှင့်ခြင်း သည် ရှက်စရာအလွန်ကောင်း သည့် ကိစ္စဖြစ်တယ်။
၂။ နိုင်ငံကတော့ သန်း ၂၀၀ နီးပါး ရေစုန်မျောသွားပြီးဖြစ်ပါတယ်။ နောက်ဒါမျိုး မလုပ်တော့ပါဘူးဆို ပြီး ဝန်ချတောင်းပန်ရုံနဲ့ ပိုက်ဆံ ပြန်မရသလို ဂုဏ်သိက္ခာလည်း ပြန်ရလာမှာ မဟုတ်ပါဘူး။ ဒီ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို ကျွန်တော်အ ပါအဝင် ပြည်သူများက စောင့် ကြပ်နေမှာဖြစ်တယ်
လို့ ဝေဖန်ထောက်ပြခဲ့ကြတယ်။ ပုံ ၁ နှင့် ၂
တကယ်တော့ ၂၀၁၈ ဒီဇင်ဘာလ နဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွေအတွင်းမှာ ကိုနေယံဦး #NayYanOo က
ပြည်ထောင်စုရာထူးဝန်အဖွဲ့ Union Civil Service Board Myanmar အကြောင်း ဆောင်းပါး သုံးပုဒ်ရေးခဲ့တယ် ။ ပုံ (၃)
အဲဒီဆောင်းပါးသုံးစောင်မှာ
- အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်က Akamai University၊ မလေးရှားက EDS Business School တို့ က အစိုးရဝန်ထမ်းတွေကို သင်တန်းနဲ့မာစတာဘွဲ့တွေပေးနေကြောင်း၊
- ထိုတက္ကသိုလ်နှစ်ခုသည် စစ်မှန်တဲ့ပညာရေးအဖွဲ့အစည်းတွေမဟုတ်ဘဲ၊ စီးပွားရှာသက်သက် သင်တန်းကျောင်းတွေသာ ဖြစ်ကြောင်း၊
- ထိုတက္ကသိုလ်အမည်ခံကျောင်းများနဲ့ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ သူ၏တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းတို့ ဆက်နွှယ်မှုရှိခဲ့ကြောင်း၊
- ဥက္ကဋ္ဌဦးဝင်းသိမ်းသည် မိမိကိုယ်ကို ဒေါက်တာဟု အမည်တပ်ခေါ်သော်လည်း သူ့တွင် PhD ဘွဲ့ အမှန်တကယ်ရှိ၊ မရှိ မသိရပါကြောင်း ဖော်ပြခဲ့တယ်။
အဲဒီကိစ္စရဲ့နောက်ကွယ်မှာ မရိုးသားမှုတွေ၊ ကိုယ်ကျိုးစီးပွားပါဝင်ပတ်သက်မှုတွေရှိနိုင်တယ်လို့ ယူဆတဲ့အတွက် ကိုနေယံဦးက သမ္မတရုံးကို တိုင်ကြားခဲ့တယ်။ ( အဲဒီတိုင်စာမှာ ကျွန်တော် လည်း ပါဝင်လက်မှတ်ထိုးခဲ့တယ်။ ) သမ္မတရုံးက စုံစမ်းစစ်ဆေးနေတယ်လို့ပြောတာက လွဲပြီး အရေးယူတာမရှိတဲ့အတွက် ကိုနေယံဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်တယ်။ ကော် မရှင်က အဲဒီတိုင်စာနဲ့ပတ်သက်ပြီး
၁။ ပထမအကြိမ်သင်တန်းဖွင့်တာက ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်ဖြစ်ပြီး ရန်ပုံငွေသုံးစွဲမှုကို စာရင်း စစ်ဆေးပြီးပြီ။
၂။ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဖွင့်တဲ့သင်တန်းကို ရပ်ဆိုင်းပြီး ပေးချေထားတဲ့ငွေ တွေ ကို နိုင်ငံတော်ဘဏ္ဍာပြန်သွင်းပြီးပြီ။
၃။ ဒါ့ကြောင့်တိုင်စာအပေါ်အရေးယူနိုင်ခြင်းမရှိဘူး လို့ပြန်ကြားခဲ့တယ်။ ပုံ ၄ နှင့် ၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည် ကလည်း Frontier မဂ္ဂဇင်း နဲ့ တွေ့ဆုံဖြေကြားမှုမှာ ပေးပြီးသားငွေတွေပြန်ရပြီဖြစ်တဲ့အတွက် အရေးယူလို့မရဘူးလို့ ပြောခဲ့တယ်။ ပုံ ၆
ရာထူးဝန်အဖွဲ့နဲ့ပတ်သက်ပြီး ကိုနေယံဦးရဲ့ ရေးသားချက်၊ တိုင်ကြားချက်တွေအပေါ် သမ္မတရုံးက လည်း အရေးမယူ၊ ရာထူးဝန်အဖွဲ့ကလည်း အရေးမယူတဲ့အခါ အင်န်အယ်လ်ဒီပါတီကိုထောက်ခံ သူတွေက တမင်သက်သက်ဖွတယ်လို့ ဝေဖန်ခဲ့ကြတယ်။ တိုက်ခိုက်ခဲ့ကြတယ်။
အခုတော့ ၂၀၁၈ ခုနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံစာမှာ ဒီငွေသုံးစွဲမှုကိုထောက်ပြထားခဲ့ ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အခုလို ငွေ သန်း ၁၉ ၀ လောက် ဖြုန်းတီးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ခံမှုရှိဖို့ပြောနေပါပြီ။
တာဝန်ယူမှု၊ တာဝန်ခံမှုအကြောင်း ပါးစပ်ဖျားကမချတဲ့သူတွေ၊ ငါးကြီးကြီးကြော်မယ်ဆိုတဲ့ သူတွေ ၊ ရာထူးဝန်အဖွဲ့ကိစ္စကို တမင်သက်သက်ဖွတာပါလို့ ပြောခဲ့သူတွေ အခု ဘာဆက်ပြောဦးမလဲ
အလွန်စိတ်ပျက်စရာကောင်းတဲ့ ချစားမှုတွေပါပဲ … ။
LikeLike
No words sir “အခုတော့ ၂၀၁၈ ခုနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံစာမှာ ဒီငွေသုံးစွဲမှုကိုထောက်ပြထားခဲ့ ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အခုလို ငွေ သန်း ၁၉ ၀ လောက် ဖြုန်းတီးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ခံမှုရှိဖို့ပြောနေပါပြီ။
တာဝန်ယူမှု၊ တာဝန်ခံမှုအကြောင်း ပါးစပ်ဖျားကမချတဲ့သူတွေ၊ ငါးကြီးကြီးကြော်မယ်ဆိုတဲ့ သူတွေ ၊ ရာထူးဝန်အဖွဲ့ကိစ္စကို တမင်သက်သက်ဖွတာပါလို့ ပြောခဲ့သူတွေ “
LikeLike