၁။ တရုတ်နိုင်ငံမှာ မနေ့က ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၄ ဦးတွေ့ခဲ့တယ်။ ဒါပေမယ့် ပြည်တွင်း က ကူးစက်သူတစ်ယောက်မှမပါဘူး။ အားလုံး ပြည်ပကရောက်လာသူတွေဖြစ်ပါတယ်။ ဒါဟာ ဗိုင်းရပ်စ် ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး ပထမဆုံးအကြိမ် ပြည်တွင်းက ရောဂါကူးစက်သူ မတွေ့တဲ့နေ့ဖြစ်ပါတယ်။
၂။ တောင်ကိုရီးယားနိုင်ငံမှာတော့ ပြိးခဲ့တဲ့လေးရက်အတွင်း ရောဂါကူးစက်ခံရသူအရေအတွက် လျော့ကျခဲ့ရာကနေ မနေ့ ( မတ် ၁၈ ) ရက်တစ်ရက်တည်းမှာ ၁၅၂ ဦး ရောဂါ ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲက ၉ ၇ ဦးက Daegu မြို့က ဖြစ်ပါ တယ်။ ဒါ့အပြင် ဒီတစ်ပတ်ထဲမှာ ရောဂါကူးစက်ခံကြောင်းတွေ့ရသူတွေထဲက ၇၄ ဦးဟာ Daegu မြို့မှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်မှုပေးတဲ့ ဂေဟာက ဖြစ်တယ်လို့ဆိုပါတယ်။
၃။ မလေးရှားဝန်ကြီးချုပ်ကတော့ လိုအပ်လို့ရှိရင် လက်ရှိ ခရီးသွားလာမှုကန့်သတ်ချက်တွေကို သက်တမ်းထပ်တိုးမယ်လို့ ပြောလိုက်ပါတယ်။ လက်ရှိကန့်သတ်ချက်တွေက မတ်လ ၃၁ ရက် နေ့ အထိ ဖြစ်ပါတယ်။ မလေးရှားကျန်းမာရေးဌာန ညွှန်ချုပ်ကတော့ လက်ရှိ ခရီးသွားလာမှု ကန့် သတ်ချက်တွေကို မလိုက်နာရင် မလေးရှားနိုင်ငံဟာ ကိုရိုနာ ဆူနာမီ နဲ့ တွေ့ကြုံလိမ့်မယ်လို့ သတိပေးခဲ့တယ်။ မလေးရှားနိုင်ငံက အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အပြင်း ထန်ဆုံးနိုင်ငံဖြစ်ပြီး လောလောဆယ် ရောဂါကူးစက်ခံရသူ ၇၉ ၀ ဦး နဲ့ သေဆုံးသူ နှစ်ဦး ရှိပါတယ်။
၄။ ထိုင်းနိုင်ငံမှာ မနေ့က ရောဂါကူးစက်ခံရသူ ၃၅ ဦးထပ်တွေ့တဲ့အတွက် ရောဂါ ကူးစက်သူ ၂၁၂ ဦးရှိသွားပါပြီ။ လက်ရှိဆေးရုံတင်ထားရသူ ၁၆၉ ဦးရှိပြီး ၄၂ ဦးကိုတော့ဆေးရုံကဆင်း ပေးလိုက်ပါတယ်။ သေဆုံးသူတစ်ယောက်ရှိပါတယ်။
၅။ စင်္ကာပူမှာတော့ တစ်ပတ်ကြာပိတ်ထားတဲ့ကျောင်းတွေကို လာမယ့် တနင်္လာနေ့မှာ ပြန်ဖွင့်မယ်လို့ကြေညာခဲ့ပြီး ရောဂါကာကွယ်ရေးအတွက်လုပ်ဆောင်ရမယ့်အချက်တွေ ကိုလည်း သတ်မှတ်ပေးခဲ့ပါတယ်။
၆။ စင်္ကာပူ DBS ဘဏ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်္ကာပူစီးပွားရေးဟာ ဝ.၅% ကျုံ့ ( Shrinking ) သွား မယ်လို့ခန့်မှန်းခဲ့ပါတယ်။ စင်္ကာပူအစိုးရကတော့ စီးပွားရေး နလံထဖို့အတွက် စင်္ကာပူ ဒေါ်လာ ၄ ဘီလျံသုံးဖို့လျာထားပါတယ်။ ဒါ့အပြင် ဒုတိယ အသုတ်အဖြစ် နောက်ထပ် ၁၄ ဘီလျံကနေ ၁၆ ဘီလျံအထိ သုံးဖို့ ကြေညာလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။