စင်္ကာပူနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အစောဆုံးနိုင်ငံထဲမှာ ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပထမဆုံး ပိုးကူးစက်သူကို စစ်ဆေးတွေ့ရှိခဲ့တယ်။ ဒီနေ့အထိ ကူးစက်သူ ၅၅၈ ဦး ရှိတယ်။ သေဆုံးသူ နှစ်ဦးရှိတယ်။ မနေ့က ရောဂါပိုးရှိသူ ၄၉ ဦးစစ်ဆေးတွေ့ရှိခဲ့တယ်။ အဲဒီ အထဲက ၃၂ ယောက်က ပြည်ပက ပြန်ရောက်လာသူတွေဖြစ်တယ်။
ပြည်ပက ပြန်ရောက်လာသူတွေထဲမှာ ရောဂါပိုး တွေ့ရှိမှုမြင့်တက်လာပြီးတဲ့နောက် စင်္ကာပူ အစိုးရက ဒီနေ့ည ၁၁ နာရီ ၅၉ မိနစ်က စပြီး ဧပြီလ ၃၀ ရက်နေ့ အထိ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်း ကန့် သတ်ချက်အသစ်တွေကို အခုလို ထုတ်ပြန်ခဲ့ပါတယ် –
၁။ ကျောင်း နဲ့ အလုပ်နေရာတွေ ပြင်ပမှာ လူ ၁၀ ဦးထက်ပိုပြီး စုဝေးခွင့်မပြုဘူး။ ( အရင်က အခမ်းအနားတွေကို လူ ၂၅၀ အထိ ခွင့်ပြုခဲ့တယ်။ ) ဒီကန့်သတ်ချက်မှာ ပုဂ္ဂလိက မွေးနေ့၊ မင်္ဂ လာဆောင်နဲ့ နာရေးတွေပါ အကျုံးဝင်တယ်။
၂။ နိုက်ကလပ်၊ ဒစ်စကို ကပွဲရုံ၊ ကာရာအိုကေ ခန်းမ၊ ရုပ်ရှင်နဲ့ ပြဇာတ်ရုံတွေကို လုံး၀ ပိတ် လိုက်ပြီ။
၃။ ကျောင်းတွေကို ဆက်ဖွင့်ထားပေမယ့် ကျောင်းပေါင်းစုံက ကျောင်းသားတွေ ရောတက်ရတဲ့ ကျူရှင်တွေ၊ သီးခြားသင်တန်းတွေကို ပိတ်လိုက်ပြီ။
၄။ ဘာသာရေးအခမ်းအနားတွေ၊ ဝတ်ပြုဆုတောင်းမှုတွေကို ပိတ်လိုက်ပြီ။ ဒါပေမယ့် လူဆယ် ဦးထက်မပိုတဲ့ ပုဂ္ဂလိက အခမ်းအနား၊ ဝတ်ပြုဆုတောင်းမှု နဲ့ မလုပ်မဖြစ်လုပ်ရတဲ့ အခမ်း အနား ကိုတော့ ခွင့်ပြုမယ်။
၅။ ပြတိုက်တွေမှာ အုပ်စုလိုက်လှည့်လည်ပြသတဲ့အစီအစဉ်တွေ၊ အရောင်းမြှင့်တင်ရေးပွဲတွေ ပိတ်လိုက်ပြီ။
၆။ ဆူပါမားကက်တွေ ပြတိုက်တွေ ပြခန်းတွေ ဆက်ဖွင့်ခွင့်ပြုတယ်။ ဒါပေမယ့် လူတွေ စုပြုံ မနေ အောင် ကန့်သတ်ချက်တွေသတ်မှတ်ထားတယ်။ အဲဒါကို မလိုက်နာနိုင်ရင် အဲဒီ ဆိုင်/ ပြခန်း/ ပြတိုက်ကို ပိတ်မယ်။
၇။ အားကစားခန်းမတွေ ၊ ယောဂ သင်တန်းတွေကို မပိတ်ဘူး။ ဒါပေမယ့် ဆူပါ မားကက် တွေ၊ ပြတိုက်/ပြခန်းတွေအတွက် သတ်မှတ်ချက်တွေအတိုင်းပဲ လိုက်နာ ရမယ်။
၈။ အသက်ကြီးသူတွေ၊ အခြားရောဂါအခံရှိသူတွေ လူစုလူဝေးနေရာတွေကို ရှောင် ရမယ်။ အသက်အရွယ်ကြီးသူတွေနဲ့ပတ်သက်တဲ့ ပွဲတွေ မလုပ်ရတော့ဘူး။
၉။ စားသောက်ဆိုင်တွေမှာ စားပွဲတစ်လုံး နဲ့ တစ်လုံး ကြားထားရမယ့် အကွာအဝေးကို သတ်မှတ် ပေးထားတယ်။ စားပွဲတစ်လုံးမှာ လူတစ်ယောက်နဲ့ တစ်ယောက် သုံးပေကွာ ထိုင် ရမယ်။
စင်္ကာပူနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေက ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးကို စီးပွားရေး၊ ပညာရေး၊ လူမှုရေး ကဏ္ဍတွေ အားလုံး ရပ် ဆိုင်းသွားတာမျိုးမဖြစ်စေဘဲ လုပ်ဆောင်နေတာဖြစ်တဲ့ အတွက် လေ့လာသင့်တဲ့ အချက်တွေပါပဲ။
ကိုးကား ။
COVID-19 temporary measures: Gatherings outside of school and work limited to 10 people, entertainment venues to close
စီအင်န်အေ သတင်း မတ် ၂၄ စင်္ကာပူစံတော်ချိန် ည ၇ နာရီ ၂၈ မိနစ်