ဗိုင်းရပ်စ် နဲ့ စင်္ကာပူ စီးပွားရေး (၂)

စင်္ကာပူအစိုးရက မတ် ၂၆ ရက်နေ့ (မနေ့က) ဗိုင်းရပ်စ်ရောဂါ ကြောင့် ထိခိုက်နေ တဲ့ စီးပွားရေးကဏ္ဍကို အထောက်အကူပြုဖို့အတွက်နောက်ထပ် အရေးပေါ် ဘတ် ဂျက်တစ်ခုကို လွှတ်တော်မှာတင်သွင်းအတည်ပြုခဲ့ပါတယ်။ ဒီဘတ်ဂျက်က စင်္ကာပူဒေါ်လာ ၄၈.၄ ဘီလျံ လျာထားသုံးစွဲမှာဖြစ်ပြီး ရောဂါ စတင် ဖြစ်ပွားချိန်မှာ အတည်ပြုခဲ့တဲ့ စင်္ကာပူဒေါ်လာ ၆.၄ ဘီလျံ နဲ့ပေါင်းလိုက်ရင် အရေး ပေ ါ် ဘတ်ဂျက် ၅၄.၈ ဘီလျံရှိသွားပြီဖြစ်ပါတယ်။ ဒါဟာ စင်္ကာပူနိုင်ငံ ဂျီဒီပီရဲ့ ၁၁ % ဖြစ်ပြီး ၂၀၂၀ မူလ ဘတ်ဂျက် ၁၀၆ ဘီလျံရဲ့ ၅၀% ထပ်တိုးသုံးတာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ် နဲ့ ရင် ဆိုင်ရချိန်မှာ စင်္ကာပူနိုင်ငံက အရေးပေါ်Continue reading “ဗိုင်းရပ်စ် နဲ့ စင်္ကာပူ စီးပွားရေး (၂)”

ဗိုင်းရပ်စ် နဲ့ စင်္ကာပူ စီးပွားရေး

နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းဇယားများအရ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၀ ပထမ သုံး လ ကာလ မှာ ၂.၂ % ကျုံ့သွားခဲ့ပြီး ၂၀၂၀ မှာ စင်္ကာပူစီးပွားရေးဟာ တိုးတက် မှု ရှိမှာမဟုတ်ဘဲ ၁% ကနေ ၄% အထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားတယ်။စင်္ကာပူ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍရေးဝန်ကြီးလည်းဖြစ်တဲ့ Heng Swee Keat က ဒီအခြေအနေဟာ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ်ထက် ဆိုးတယ်။ ဒါဟာ စင်္ကာပူ နိုင်ငံ နဲ့ ပြည်သူတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုပဲလို့ ပြောခဲ့တယ်။လက်ရှိအခြေအနေမှာ စင်္ကာပူအစိုးရက စီးပွားရေး နလံထူဖို့အတွက် စင်္ကာပူဒေ ါ်လာ ၆ ဘီလျံကျော် အရေးပေါ်ဘတ်ဂျက်ကို ပြဋ္ဌာန်းပြီး ပြီ။ အဲဒီ ၆Continue reading “ဗိုင်းရပ်စ် နဲ့ စင်္ကာပူ စီးပွားရေး”

စင်္ကာပူနိုင်ငံ ယာယီတားမြစ်ချက်များ

စင်္ကာပူနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အစောဆုံးနိုင်ငံထဲမှာ ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပထမဆုံး ပိုးကူးစက်သူကို စစ်ဆေးတွေ့ရှိခဲ့တယ်။ ဒီနေ့အထိ ကူးစက်သူ ၅၅၈ ဦး ရှိတယ်။ သေဆုံးသူ နှစ်ဦးရှိတယ်။ မနေ့က ရောဂါပိုးရှိသူ ၄၉ ဦးစစ်ဆေးတွေ့ရှိခဲ့တယ်။ အဲဒီ အထဲက ၃၂ ယောက်က ပြည်ပက ပြန်ရောက်လာသူတွေဖြစ်တယ်။ ပြည်ပက ပြန်ရောက်လာသူတွေထဲမှာ ရောဂါပိုး တွေ့ရှိမှုမြင့်တက်လာပြီးတဲ့နောက် စင်္ကာပူ အစိုးရက ဒီနေ့ည ၁၁ နာရီ ၅၉ မိနစ်က စပြီး ဧပြီလ ၃၀ ရက်နေ့ အထိ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်း ကန့် သတ်ချက်အသစ်တွေကို အခုလို ထုတ်ပြန်ခဲ့ပါတယ် – ၁။ ကျောင်း နဲ့ အလုပ်နေရာတွေContinue reading “စင်္ကာပူနိုင်ငံ ယာယီတားမြစ်ချက်များ”

ဗိုင်းရပ်စ် ကာကွယ်ရေး စင်္ကာပူ သင်ခန်းစာ

စင်္ကာပူနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အစောဆုံးနိုင်ငံထဲမှာ ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပထမဆုံး ပိုးကူးစက်သူကို စစ်ဆေးတွေ့ရှိခဲ့တယ်။ မနေ့ကအထိ ကူးစက်သူ ၄၅၅ ဦး ရှိပြီး နှစ်ဦး သေဆုံးခဲ့တယ်။ ပထမဆုံးရောဂါပိုးရှိသူကို စတင်တွေ့ရှိတဲ့အချိန်ကစပြီး စင်္ကာပူအစိုးရဟာ ရောဂါ ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ခဲ့တယ်။ အခြားနိုင်ငံတွေလို တစ်နိုင်ငံလုံး၊ တစ်မြို့လုံးကို လူဝင်/ လူထွက် နဲ့သွားလာမှု အားလုံးထိန်းချုပ်ပစ်လိုက်တာမျိုးမဟုတ်ဘဲ ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီး ဖို့ကြိုးစားခဲ့တယ်။ အောင်မြင်မှုလည်းရှိတယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုလည်းခံရတယ်။ ဒါပေမယ့် အခု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ကနေပြီး စင်္ကာပူနိုင်ငံအတွက်လည်း သင်ခန်းစာ တွေ ရခဲ့တယ်။ အဲဒီသင်ခန်းစာတွေအကြောင်းကို ဒီနေ့ထုတ် စထရိတ်တိုင်မ်း သတင်းစာမှာ “Hard truths about Singapore madeContinue reading “ဗိုင်းရပ်စ် ကာကွယ်ရေး စင်္ကာပူ သင်ခန်းစာ”

ဗီယက်နမ်နဲ့ စင်္ကာပူ

ဗီယက်နမ် သမ္မတ နဲ့ ဝန်ကြီးချုပ်ကတော့ စင်္ကာပူကိုကျော်မယ်၊ ဘယ်သို့ ဘယ်ဝါ ပြောခဲ့တာ မတွေ့ရဘူး။ ဒါပေမယ့် စင်္ကာပူနိုင်ငံ DBS ဘဏ်ကတော့ လက်ရှိ ဖွံ့ဖြိုးမှုအတိုင်းသွားမယ်ဆိုရင် နောက်ဆယ်နှစ်မှာ ဗီယက်နမ်ရဲ့ ဂျီဒီပီက စင်္ကာပူကိုကျော်သွားမယ်လို့ခန့်မှန်းထားတယ် ။ မြန်မာနိုင်ငံကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စင်္ကာပူကို နှစ်နှစ်ဆယ်မှာကျော်မယ်လို့ စင်္ကာပူနိုင်ငံပရိသတ်ရှေ့မှာ ပြောခဲ့တယ်။ ဒါပေမယ့် ဘယ်ကဏ္ဍမှာကျော်မယ်ဆိုတာကိုတော့ တိတိကျကျ ပြောတာ မရှိဘူး။စင်္ကာပူနိုင်ငံက အဖွဲ့အစည်းတွေကလည်း စင်္ကာပူကို ကျော်တက်မယ်ဆိုတဲ့ စကားအပေါ် အလေးထား သုံးသပ်တာလည်း မတွေ့မိသေးဘူး။ ( တွေ့ရင် ၊ ရှိရင်လည်း ပြောကြပါဦး) In a report published by Singapore-based DBS Bank on Tuesday, seniorContinue reading “ဗီယက်နမ်နဲ့ စင်္ကာပူ”