ဒီနေ့ မတ် ၂၄ ည ၆ နာရီအချိန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း ပြောခဲ့တယ်။
အဲဒီမိန့်ခွန်းမှာပါတဲ့ အဓိက အချက်တွေကတော့
၁။ ရောဂါ ကူးစက်သူနှစ်ဦးတွေ့ပေမယ့် မကြောက်ပါနဲ့၊ ခေါင်းအေးအေးထားပြီး သတိကြီးကြီးနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားအစိုးရ ဌာနတွေက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာ ပါ။
၂။ ရောဂါရသူတွေထဲက ၄.၄% ပဲ သေဆုံးတယ်။ သေဆုံးသူတွေဟာ ရောဂါအခံရှိသူ၊ ကိုယ်ခံ အားနည်းသူနဲ့ ကုသမှုခံရာမှာနောက်ကျသူတွေဖြစ်တယ်။ ဒ့ါကြောင့် ရောဂါဖြစ်နိုင်ချေများသူ တွေ ဂရုစိုက်ပါ။ ဆေးကုသမှုစောစောခံရဖို့ ပိုအရေးကြီးတယ်။ ကျန်းမာရေးဌာနကို စောစော သတင်း ပို့ပါ။
၃။ တီးတိန်က လူတွေ အစိုးရိမ်လွန်ပြီး ထွက်မသွားပါနဲ့။ ကိုယ့်စိုးရိမ်စိတ်ကြောင့် အများကိုပျံ့နှံ့ ကူးစက်တာမျိုးမဖြစ်ပါစေနဲ့။
၄။ ထိုင်းက ပြန်လာသူတွေကို အသွားအလာကန့်သတ်ခြင်း ပြုလုပ်နေတဲ့ကိစ္စမှာ အားလုံး ပူးပေါင်းပါဝင်ကြပါ။
၅။ ရိက္ခာပြတ်နိုင်တဲ့အလားအလာမရှိဘူး။ လူအုပ်ထဲ သွားတိုးဝယ်တာက ရောဂါ ကူးမယ့် အလား အလာပိုများတယ်။
၆။ ပြည်သူအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ၊ ဈေးတွေ၊ ဈေးဝယ်စင်တာတွေ ပိတ်ဖို့ အစီအစဉ်မရှိဘူး။
၇။ လုပ်ငန်းတွေ၊ စက်ရုံတွေ ၊ အလုပ်ရုံတွေ ပိတ်မယ်။ မြို့အဝင်အထွက် ပိတ်မယ်ဆိုတဲ့ ကောလာ ဟလတွေကြောင့် မလန့်ပါနဲ့။
၈။ အဂတိတရားလေးပါး ထဲက ဆန္ဒက တွန်းပို့လို့ လူစုလူဝေးဖြစ်ခြင်း၊ ရိက္ခာဆေးဝါး စုဆောင်း ခြင်း၊ ကျန်းမာရေးညွှန်ကြားချက်ကိုမလိုက်နာခြင်းတွေကို ရှောင်ပါ။
၉ ။ ဒေါသ တွန်းပို့လို့ လူအများထိတ်လန့်စေမယ့် မမှန်သတင်းပျံ့ပွားစေခြင်းကို ရှောင်ပါ။
၁၀။ ဘယာ အကြောက်တရားလွန်ကဲပြီး ရိက္ခာစုဆောင်းခြင်း၊ ရောဂါလက္ခဏာ ဖုံးကွယ်ထားခြင်း ကိုရှောင်ပါ။
၁၁။ မောဟ အစိုးရထုတ်ပြန်ချက်တွေကို မလေ့လာဘဲ မလုပ်သင့်တာလုပ်ခြင်း၊ လုပ်သင့်တာ မလုပ်ခြင်းကို ရှောင်ပါ။
၁၂။ ကိုယ်ချင်းခွာနေရပေမယ့် နှလုံးသားနီးကပ်မှုနဲ့ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်မယ်။