အခု ဖေ့စ်ဘွတ်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့ အခမ်းအနား မှာ ဖခင်ဖြစ်သူကို ကန်တော့ခွင့်မရဘူးဆိုပြီး ဗီဒီယိုဖိုင်တစ်ခုကို ကိုးကားပြီးပြောနေ ကြတယ်။ ( ပုံ ၁ ၊ ၂ နှင့် ၃) လွန်လွန် ကဲကဲဇတ်နာအောင် ပြောတတ်သူတွေကတော့ “ အမကြီး ကန်တော့ဖို့ အစီအစဉ်မရပါဘူး။ အခုပဲ ပန်းခွေချပြီး ပြန်ရပါမယ်” လို့ အစောင့်က အနားကပ်ပြောတယ် လို့တောင် ရေးကြသေးတယ်။ ရင်ပြင်ပေါ်မှာ နှစ်ယောက်တည်း ကပ်ပြော တဲ့စကားကို ဘယ်လိုကြားသလဲဆိုတာ စဉ်းစားစရာပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပန်းခွေချတာမဟုတ်ပါဘူး။ ပန်းခြင်း တင်တာပါ။ အဲဒီဗီဒီယိုက ၂၀၁၆ အာဇာနည်နေ့ မတိုင်ခင်မှာလည်း ထွက်လာဖူးတယ်။ အဲဒီအချိန်တည်းက ဒေါ်အောင်ဆန်းစုကြည်ကို သူနဲ့အတူပါလာတဲ့ တပ်မတော်ထောက်လှမ်းရေးက ဗိုလ်မှူး သန်းContinue reading “ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်မှူးချုပ်သန်းထွန်း”
Tag Archives: DASSK
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း
ဇွန်လ ၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းအစိုးရမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို မြေ နှင့် အဆောက်အဦ တစ်လ ၁၅ သိန်းကျပ်ဖြင့် ဌားရမ်းထားမှု ကို ပြန်လည်စီစစ်ပေးဖို့ အခုလို ဆွေးနွေးခဲ့ပါတယ်။ “ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနဲ့ အဆောက်အဦးဌားရမ်းခတဲ့ တစ်နှစ်ကို ၁၈ သန်းလျာထားတယ်။ အခုနှစ်မှ စတင်တွေ့ရ တာပါ။ ၁၈ သန်းဆိုတော့ ဘယ်လိုအဆောက် အဦးလဲ၊ ဘယ်လိုမြေနေရာအကျယ်အဝန်းလဲ တစ်လမှ ၁၅ သိန်းပဲ ရပါတယ်” ( ပုံ ၁) ဦးကျော်ဇေယျ ဆွေးနွေးထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေ နဲ့ အဆောက်အဦ ငှားရမ်းတယ်ဆိုတာ တက္ကသိုလ်ရိပ်သာလမ်း ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အိမ် နားက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဆိုင်းဘုတ်တင်ထားတဲ့ အိမ်နဲ့Continue reading “ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း”
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း
ဒီနေ့ မတ် ၂၄ ည ၆ နာရီအချိန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကCOVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း ပြောခဲ့တယ်။ အဲဒီမိန့်ခွန်းမှာပါတဲ့ အဓိက အချက်တွေကတော့ ၁။ ရောဂါ ကူးစက်သူနှစ်ဦးတွေ့ပေမယ့် မကြောက်ပါနဲ့၊ ခေါင်းအေးအေးထားပြီး သတိကြီးကြီးနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားအစိုးရ ဌာနတွေက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာ ပါ။ ၂။ ရောဂါရသူတွေထဲက ၄.၄% ပဲ သေဆုံးတယ်။ သေဆုံးသူတွေဟာ ရောဂါအခံရှိသူ၊ ကိုယ်ခံ အားနည်းသူနဲ့ ကုသမှုခံရာမှာနောက်ကျသူတွေဖြစ်တယ်။ ဒ့ါကြောင့် ရောဂါဖြစ်နိုင်ချေများသူ တွေ ဂရုစိုက်ပါ။ ဆေးကုသမှုစောစောခံရဖို့ ပိုအရေးကြီးတယ်။ ကျန်းမာရေးဌာနကို စောစော သတင်း ပို့ပါ။ ၃။ တီးတိန်က လူတွေ အစိုးရိမ်လွန်ပြီးContinue reading “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း”
မြန်မာ့စီးပွားရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း
နိုဝင်လဘာလ ၂ ရက်နေ့က အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီမိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေပြမိန့်ခွန်းလို့ ဆိုနိုင်တဲ့အတွက် နိုင်ငံသား အားလုံး၊ မဲဆန္ဒရှင်အားလုံး အလေးထားလေ့လာသင့်တဲ့ မိန့်ခွန်းလို့ မြင်ပါတယ်- ဒ့ါကြောင့် အဲဒီမိန့်ခွန်းထဲက နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်ပြီး အားတက်စရာအချက် အလက်တွေလို့ မြင်မိတဲ့ အချက်အလက်တစ်ချို့ကို မ ျှဝေလိုက်ပါတယ်။ ၁။ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက နှစ်စဉ် ၆ % ကနေ ၇% ရှိတယ်။ ဒီနှုန်းဟာ အာရှဒေသမှာ အမြန်ဆုံးတိုးတက်မှုနှုန်းထားလည်းဖြစ်ပါတယ်။ ( အာဆီယံဆယ်နိုင်ငံ ထဲမှာ ပြောတာမဟုတ်ပါဘူး။ အာရှဒေသလို့ပြောတဲ့အတွက် တရုတ် နိုင်ငံပါ ပါဝင်ပါတယ်။ ) ပုံ ၁ ၂။ မြန်မာ ၄.၀ ဟာ ပြည်သူတွေအနေနဲ့Continue reading “မြန်မာ့စီးပွားရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း”